Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
အချစ်တစ်ခုအတွက် အိမ်မက်တွေဖန်ဆင်း... ရင်း
တိုးတိုးတိတ်တိတ် အခန်းလေးထဲမှာ
မင်းပြောသမျှ စကားတို့ကို ယုံတယ်..တယ်
ဘယ်သူတွေ ကြားသွေးထိုးလည်းဂရုမစိုက်
တို့တွေ ကမ္ဘာအဆုံး အတူသွားမယ် ဟိုး...
အမြဲ လက်တွေတွဲကာ ထားမယ်နော် သက်ဆုံးတိုင် မဖြုတ်ကြေး
တစ်နေ့မှာ တို့နှစ်ဦး ပေါင်းဖို့ရည်စူး
သက္ကရာဇ်တို့ ပြောင်းကာသွားပါစေ
ငါချစ်မယ် နင်တစ်ယောက်တည်း ယုံပါ
ဟေး.. ယုံပါ ဟေး.. ယုံပါ ဟေး..
ငါချစ်မယ် နင်တစ်ယောက်တည်း ယုံပါ ..
စိုးရိမ်စိတ်တို့များ သက်ပြင်းတွေချ
ငါရဲ့အနားမှာမခွဲ နင်နေပေးပါ
အကြောက်ဆုံးအရာက မင်းနဲ့ ဝေးရာမှာ မနေချင် တစ်သက်လုံး
ကလေးလေး လူဆိုးလေး ခွင့်လွှတ်ပေးပါနော်
သဘောထားကြီးတဲ့ ငါရဲ့ချစ်သူ..ဟူး..
တို့တွေ ကမ္ဘာအဆုံး အတူသွားမယ် ဟိုး...
အမြဲ လက်တွေတွဲကာ ထားမယ်နော် သက်ဆုံးတိုင် မဖြုတ်ကြေး
တစ်နေ့မှာ တို့နှစ်ဦး ပေါင်းဖို့ရည်စူး
သက္ကရာဇ်တို့ ပြောင်းကာသွားပါစေ
ငါချစ်မယ် နင်တစ်ယောက်တည်း ယုံပါ
ဟေး.. ယုံပါ ဟေး.. ယုံပါ ဟေး..
ငါချစ်မယ် နင်တစ်ယောက်တည်း ယုံပါ ..
မင်းရဲ့အနားမှာဝဲ လိပ်ပြာငယ်များစွာရှိ
နောက်ကွယ်က သတင်းအချို့
အရှုပ်အရှင်းလည်း ကြားပါသည်
ငါ့အတွက်က ဘာမှမလို နင်တစ်ယောက်ပဲ
အနားမှာရှိ ရင် ကျေနပ်ပါပြီ အနှောက်အယှက်ဖြစ်ရင် အားနာမိ
အရှေ့မှာ Ex တွေ ဘယ်လောက်ပဲရှိခဲ့
နားလည်ပေးပါတယ် ငါရည်ရွယ်ထားတဲ့
ချစ်သူနင့်ကို တစ်ဘဝစာအတွက် တွေးကာရယ်
စိတ်ကူးထားတာများလို့ စာရွက်မှာငါချကာရေး
ဒီသီချင်းက နင့်အတွက် အပျင်းပြေ ၄ မိနစ်စာ အရသာပေး
အမှတ် တရပဲ အတူသွားခဲ့တဲ့ ဖူးခက်
မင်းရဲ့လက်ကို တွဲကာထားလို့ ဘယ်သူ့အကြည့်မှ မမှုခဲ့
ရူးတယ် ရူးတယ် အဲ့လောက်ထိကို ရူးတယ်
သေချာတာက မင်းဟာ ငါ့အတွက် တစ်သက်မှာ တစ်ဦးပဲ
ရန်တွေဖြစ်လို့ ပြဿနာတွေတက်တဲ့အခါ
စိတ်တွေဆိုးပြီး ငါ့ရဲဖုန်း နင်မဆက်တဲ့အခါ
မနေနိုင်တဲ့ ငါကယောကျားတန်မဲ့ မရှက်ခဲ့ပါ
ငါလည်းလူပဲ နှလုံးသားရှိတာအသက်မမဲ့ပါ
တို့တွေ ကမ္ဘာအဆုံး အတူသွားမယ် ဟိုး...
အမြဲ လက်တွေတွဲကာ ထားမယ်နော် သက်ဆုံးတိုင် မဖြုတ်ကြေး
တစ်နေ့မှာ တို့နှစ်ဦး ပေါင်းဖို့ရည်စူး
သက္ကရာဇ်တို့ ပြောင်းကာသွားပါစေ
ငါချစ်မယ် နင်တစ်ယောက်တည်း ယုံပါ
ဟေး.. ယုံပါ ဟေး.. ယုံပါ ဟေး..
ငါချစ်မယ် နင်တစ်ယောက်တည်း ယုံပါ ..