Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
လေပြေတွေ ရောက်လို့ မလာခင် မုန်တိုင်းတွေ ကျော်ဖြတ်ရဦးမယ်
အမှောင်ယံတွေ ကြီးစိုးပြီးသွားရင် နေရောင်တွေ ပြန်လင်းလက်သွားမယ်
အကာကွယ်တွေ မရှိတဲ့ဘ၀မှာ ကျည်ဆံတွေ ဘယ်လိုချင်မလဲ
နောင်တစ်ချိန် အနာဂတ်တို့ အတွက် ကောင်းစားဖို့ရာ
ဒီလူတွေ လုပ်ရက် လေခြင်း
အကြောက်တရားတွေနဲ့ ရှင်သန်ခဲ့ကြတဲ့
တစ်ချိန်က မျိုးဆက်များနဲ့ ငါတို့တွေရဲ့ တိုက်ပွဲ
မျှော်လင့်နေတဲ့ ရွှေရောင်နေ့ရက်များဆီ လှမ်းလို့သွားဖို့
နွေဦးငယ်ရဲ့ အောင်ပွဲ
ဒူးမထောက် လက်မမြှောက်ကြေး စတေးခဲ့တဲ့ လူတွေ အများကြီး
အနာဂတ်ကို မေ့ပြီး လက်ရှိ ငြိမ်းချမ်းဖို့ အတွက်ပဲ ပူနေကြပြီ
သူတို့ရဲ့ တစ်ကိုယ်စာ အကြောက်တရားတွေကို ဖျောက်ပစ်သော အနေနဲ့
ကျည်ဆံကြားက လူငယ်တွေကို အရိပ်ထဲကနေ စောက်ပစ်ပြောနေဆဲ
တစ်ချို့ မိသားစု့တွေလူမစုံတော့ဘူး အိမ်မက်တွေ အတောင်ကျိုးနေခဲ့
ရှေ့တန်းက တံတိုင်းလို ကာထားတဲ့ သူ့မှာလဲ နှောင်ကြိုးတွေနဲ့
ငါတို့တွေ ပန်းတိုင်တစ်ခုထဲမို့ ဦးတည်ချက် သွေဖယ်မသွား
ပန်းလေးတွေ မဝေ တော့ပဲ ဒီနွေဦးကတော့ ကြယ်တွေ ကြွေတယ်ဗျာ
တိုင်းပြည်ရဲ့ နေရာ အနှံ့ ဖြစ်ပျက်နေတဲ့ အကြောင်းရေးကာစပ်
ရှေ့ဆက်မယ့် အနာဂတ်တွေ စစ်ဖိနပ်တွေရဲ့အောက် သွေးပါပျက်
မတရားမှု့တွေကို တော်လှန်ဖို့ အသက်တွေနဲ့ လောင်းကြေးပါထပ်လို့
ဒီမိုကရေစီ ရဖို့ ငါတို့ သေနတ်တွေရဲ့ ပြောင်းရှေ့မှာရပ်
လူသားချင်းစာနာမှု့တွေ ဘယ်မှာလဲဖြေ
မင်းတို့ရဲ့ လူမဆန်တဲ့ လုပ်ရက်တွေကို ဆယ်ကမ္ဘာလဲ မကြေ
စစ်မှန်တဲ့ ဒီမိုကရေစီ အနည် မပါတဲ့ရေကို ရဖို့
ကယ်ရာမဲ့ နွေမှာ ကြယ်ဟာ အမြဲကြွေ
ဟေးးးး ငါတို့ ပန်းတိုင်ကို မြင်ရဖို့ လမ်းပြပေးတဲ့ ကြယ်
ငါတို့ အိမ်မက်တွေ တည်ဆောက်ဖို့ စတေးပေးခဲ့တဲ့ ကြယ်
အိမ်ပြန်ဖို့ မသေချာတဲ့ လမ်းမတွေ ပေါ်ကို နင်းခဲ့တယ်
ငါတို့ အားလုံးအတွက် အသက်တွေရင်းခဲ့တယ်
အမှန်တရား အတွက် စစ်ခင်းရဲတဲ့
သူရဲကောင်း သို့မဟုတ် နေရောင်ခြည်ထက် ပိုလင်းတဲ့ ကြယ်
ကြယ်လေးများ ကြွေလွင့်ချိန် ခဏ သင်တို့ လိပ်ပြာ လုံရဲ့လား
ကြယ်လေးများ ကြွေလွင့်ချိန် ခဏ.....