Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
သံယောဇဉ်ဆိုတာက ပူလောင်ခြင်းတို့ရဲ့ လမ်းစ
တခြားရင်ခွင်ထဲက အရုပ်ကလေးကို ရူးအောင် ချစ်နေတဲ့အတွက်ငါ
ရှေ့မှာ အတားအဆီးတွေ ရှိတယ် ဆူးတောင် ဖြစ်နေလဲ တက်မှာ
အာရုံထဲက မထွက်တာက သူ့ကြောင့် ဝေးနေတဲ့ နှုတ်ခမ်းများ
သူ့ကြောင့် အခွင့်ရေး တက်လမ်းများလဲ ဆုံးရှုံးရတာတွေလဲ မနည်း
ဆုံးရှုံးရပါစေ အမြဲတမ်း ဒူးထောက် ချစ်နေမယ် တသက်စာ
လစ်ဟာနေတဲ့ အလွမ်းများနဲ့ အရူးကောင် ဖြစ်နေလည်း မရှက်ပါ
အပေါ်ယံတွေနဲ့ မနှိုင်းပါနဲ့ အခုတော့ မင်းကြွေတဲ့ ဘဲက
လက်မှာပတ် ထားတဲ့ဆူးလောက် မင်းကို တန်ဖိုးထားဖူးလား
ဒါတောင် ခေါင်းငုံ့ခံဖို့ သွားဖူးတာ အဲ့ဒီကောင်ကို စောက်ခွက်ရိုက်တော့ ငါ့အပေါ်ရန်ညိုးထား သူကမင်း
အဲ့ရန်ညိုး မမှားဘူးလား ကံဆိုးသွားသူက ဟုတ်တယ် တန်ဖိုးမှ မတူတာ
မင်းအကြောင်း အမြဲကိုတွေး သီချင်းတွေ ရေးပြီးတော့ မင်းအတွက်ပဲ သီချင်းတွေဆို
ကိုခန့်က သူ့ဘဲပါလို့ ပါးစပ်ကပြောမယ့် မင်းအဖြေကို စောင့်စားခဲ့ရင်း နောက်ထပ်သတင်းက ဟိုကောင်နဲ့ အဆင်မပြေလို့ ရင်တွေကျိုး နင်လေငိုတိုင်းငါ မျက်ရည် ကျခဲ့တာ မမြင်သေးလို့
နင်ငိုနေရင် ငါမနေနိုင်ဘူး အလင်းရောင်ရယ် နင်ဟာ ငါ့အတွက် မမှောင်နိုင်တဲ့ အလင်းရောင်ပဲ
နင်ငိုနေရင် ချော့ဖို့ အနားနားရှိမယ် ဘယ်သူမှ မရှိနိုင်လဲ
နင်ပျော်နေချိန် ငါမလိုအပ်လဲ ထားခဲ့နိုင်တယ် ဒဏ်ရာတွေကို ရင်မှာဝှက်ပီး သိမ်းထားပါတယ် နင်လာမယ်ဆို ကြိုနေမယ်လို့ စကားတွေနဲ့ အနီးဆုံး ရှိနေမယ်
ငါအဆွေးသီချင်းတွေ နားထောင်ပီးတော့ လွမ်းနေတာကို ဟိုကတည်းကို
ချစ်သူပေးသမျှ အရာတွေထဲက အနမ်းတွေက ချိုတယ်လို့
ပြောဖူးပါတယ် ငါသိချင်တာ နှုတ်ခမ်းတွေ ဘယ်လိုလဲကို လမ်းတွေက ပိုလွဲလို့ နင့်မျက်ရည်များ စိုရွဲဗို့
ငိုနေတဲ့ ပုံရိပ်တွေ အပြုံးတွေ အစား ဝင်ရပါစေ
ဟိုပေတေစရိုက်နဲ့ ကလေကချေကိုလည်း အမုန်းတွေ ထားခွင့်ရပါစေ
အချစ်ကို ကိုးကွယ်တဲ့သူအတွက် အရှုံးတွေ ခြားလို့သွားပါစေ
ကျပ်ရေးသမျှ သီချင်းများကလည်း အရုပ်ကလေးနားသို့ ကြားပါစေ
နင်ကြိုက်တဲ့ အဆိုတော်လောက် ဘယ်ကောင်းပါ့မလဲ လက်ခုပ်တီးပီး ရှိုးပွဲမှာ
အားပေးဖို့လဲ မတောင့်တရဲ ရောက်မလာလဲ ကိစ္စမရှိပါ အဆင်ပြေမှ မင်းလျှောက်လာခဲ့
ကဲ တို့ Rapကို နားလည်ဖို့ Microphone ကိုင် စောင့်ပါမယ် ဒါငါ့ခံစားချက်
နင့်အပေါ်မှာထားတဲ့ ငါ့ရဲ့ အမှန်တရားအတွက် ထားသွားရက်တယ်ဆိုလဲ ထားသွား တမ်းတလျက်
Rap သီချင်းတွေ Everဆိုတဲ့ Undergroundက Rapperအတွက် သူကလွဲပီး ကျန်တာမမက်
သူပေးလာတဲ့ ဒဏ်ရာ တစ်ချက်က ကုဖို့ဆေးမရှိ ကံကြမ္မာ တစ်ဖက်သို့ သံသရာဆက်
နင်ငိုနေရင် ငါမနေနိုင်ဘူး အလင်းရောင်ရယ် နင်ဟာ ငါ့အတွက် မမှောင်နိုင်တဲ့ အလင်းရောင်ပဲ
နင်ငိုနေရင် ချော့ဖို့ အနားနားရှိမယ် ဘယ်သူမှ မရှိနိုင်လဲ
နင်ပျော်နေချိန် ငါမလိုအပ်လဲ ထားခဲ့နိုင်တယ် ဒဏ်ရာတွေကို ရင်မှာဝှက်ပီး သိမ်းထားပါတယ် နင်လာမယ်ဆို ကြိုနေမယ်လို့ စကားတွေနဲ့ အနီးဆုံး ရှိနေမယ်
နင်မရှိရင် ဘဝကြီး ပျောက်ဆုံး အမှောင်တွေဖုံးပီး သေနိုင်လို့ငါ
ခံစားချက်အား အဟုတ်ဖေးမ၍ ကိုယ့်စိတ်ကို ဖြေနိုင်ဖို့ရာ
အမြဲတမ်းကို ကျုပ်ဘေးကနေ စောင့်ရှောက်ပဲ နင်နေနိုင်လို့လား
မျက်ရည်တွေ သုတ်ပေးပါရစေ နင်ငိုနေရင် မနေနိုင်လို့ပါ