Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
I know,Don't tell me,I know u
They don't know u
I know,Don't tell me,I know u
They don't know u
ဘဝတခုရဲ့နောက်ကွယ်ကနေ ကြိုးကိုင်သူလေးရယ် ကြိုးဆွဲရာကတဲ့ လူတယောက်ရယ်
မင်းနှုတ်ခမ်းက စကားက ငါ့အတွက် အမိန့်တစ်ခုလိုပဲ ပယ်ချဖို့ ငါ့မှာ ခွန်အားတွေမရှိ
လူတစ်ယောက်ကို သတ်ရမလား ငါကြိုးစင်တက်ရမလား
နင်လိုချင်တာ အကုန် ဖြည့်ဆည်းပေးဖို့
ဟိုးအမြင့် ဆွဲခေါ်ကာ ရိုက်ချလိုက်ပါဦး ချိုမြန်တဲ့ ဝေဒနာတွေ ငါခံစားချင်လို့
ရှုံးပြီးမှတော့ နောက်ထပ်မရှုံးချင် ကျေးဇူးပြုလို့ ငါ့ကို မချန်ထားနဲ့ဦး
နင်စေလိုရာဟာ မဖြေသာပေမယ့် မင်းအသုံးတော်ပြုဖို့ နောက်ထပ် ပေးစပ်ချင်လို့
ဘဝ ချစ်သူ ငါ့လည်ပင်းမှာ ဆင်မြန်းတဲ့ကြိုး
ဘဝ အဆုတ်တွေ မည်းနေတာ သိနေတယ် အပေါက်တွေ ရှိနေလည်းပဲ မင်းကို မီးတွေညှိနေဆဲ
မင်းနဲ့မတွေ့ခင်က အချစ်ဆိုတာ ဘာမှ အရေးမကြီးသလိုပဲ ရည်းစားဟောင်းတွေနဲ့ နှိပ်စက်ခဲ့သမျှ
မင်းနဲ့တွေ့တော့မှ အချစ်ဆိုတာ အနာတရမှန်း သိနေလည်း အပြစ်ကို ငါရှာမရ ဝဋ်ဆိုတာ ဒါလား
အစားထိုးဖို့ အသစ်ဆိုတာ အထာမကျလို့ ဖြစ်သလိုနေ ဖြစ်သလိုစား ဘဝပျက်တော့မှာလား
ခံစားတယ်ဆိုတာ ဒါလား. . Huh? မင်းတို့အတွက် မျက်ရည်ဆိုတာ ငါ့အတွက်တော့ ပါမွှား yo!
ရောဂါကျွမ်းနေခဲ့တာ အစကတော့ မသိသာပါလား ချစ်နေတဲ့စိတ်နဲ့ရှော်ပေးပြီး ငါ့ဘက်က ဂွိလာတာ များခဲ့လို့
ကြိုးဆွဲရာကဖို့ အကွက်တွေ ချပြတော့ အထိနာကာ သွားမှတော့ သိလိုက်တယ် အသဲတွေခွဲတဲ့ လှပသော နိယာမများ
ဆန့်ကျင်ဖက် လုပ်ရပ်တွေကို အချစ်စစ်နဲ့ ရောရတာ ခက်တယ် ပြောကြတာ ပေးဆပ်နိုင်တဲ့ အဆင့်ကသာ လောကမှာ မြတ်တယ်
ဒေါသပါထွက်တယ် မင်းက ဖောက်ပြန်ပြီး ရှုပ်ချင်လို့ ဆောင့်ကန်ပြီး ထုတ်ရင်တောင် ချစ်နေမယ်လို့ ဖွင့်ဟကာ ပြောပြလာတတ်တယ်
ဒဏ်ရာတွေကို လိုချင်နေသူ မင်းကိုမြှောက်ပင့်လို့ နေခဲ့တာ
ငါ့ရဲ့အပြစ်တွေ
မင်းက $ကျင့်ယုတ်နေလည်းပဲ အခုထိချစ်နေဆဲပဲ
မင်းကို တပ်မက်လို့ စွန့်လွှတ်ဖို့ခက်တယ် သေအောင်သာ သတ်လိုက်ပါတော့ကွာ
ဒဏ်ရာတွေက နက်နေတယ် ကျက်သရေမဲ့တဲ့ ရက်တွေထဲမှာ
ခရီးတွေဆက်နေလည်း ငါ မင်းနဲ့ အကြာကြီး ကျေနပ်နေ နာကျည်းလေ မျက်ရည်ဝဲကာ feel တွေ တက်နေဆဲ
ရှုံးပြီးမှတော့ နောက်ထပ်မရှုံးချင် ကျေးဇူးပြုလို့ ငါ့ကို မချန်ထားနဲ့ဦး
နင်စေလိုရာဟာ မဖြေသာပေမယ့် မင်းအသုံးတော်ပြုဖို့ နောက်ထပ် ပေးစပ်ချင်လို့
ဘဝ ချစ်သူ ငါ့လည်ပင်းမှာ ဆင်မြန်းတဲ့ကြိုး
ဘဝ အဆုတ်တွေ မည်းနေတာ သိနေတယ် အပေါက်တွေ ရှိနေလည်းပဲ မင်းကို မီးတွေညှိနေဆဲ
မိုးတွေတဖွဲဖွဲ ကျလာတော့ ဆေးလိပ်ကို ရှိုက်လိုက် ရှိုက်လိုက်ပြီးပြီ တဖြည်းဖြည်း ရောဂါထလာတော့
စာနာနိုင်မဲ့လူက နဲနဲ ယုံကြည်နိူင်မှုမရှိ လူကအပြိုပြို အလဲလဲနဲ့
ဘယ်တော့မှ မေ့လို့ရနိုင်မှာလဲ တချက်ချက် ကြိုးစားလိုက်တော့ ငါအောင်မြင်ဖို့ခက် Yeah!
ဒဏ်ရာတွေကို မင်းက ထားခဲ့လျက် မင်းတတ်တာက အတင်းပြုစားတဲ့ အတတ်
ငါ့ကိုသတ်နေတဲ့ ကစားတဲ့အကွက် သိတယ် မသိချင်ယောင်ဆောင်နေခဲ့ ငါ့ရဲ့အားနည်းချက်
အဲ့ဒီ အားနည်းချက်ရဲ့ နောက်ကွယ်မှာ စိတ်ဖြေဖို့ သီချင်းတွေလည်း လျှောက်ကြွယ်ပြကာ မရေးချင်ဘူး
မင်းကို ကြောက်တဲ့ငါ တနေ့နေ့မှာ ရုတ်တရက်ကြီး ငါ့နားကပျောက်ကွယ်သွားမယ် လုံးဝ မတွေးချင်ဘူး Oh! Oh! No!
မင်းဒီလောက်ပူနေတာ အရူးပဲ ပါးစပ်တွေ ပိတ်လိုက်ဦး မင်းလို$ပိုတွေမပါဘူး တချို့တွေက ယို့ကျိုးတယ်
မင်းကိုငါ့လို တချို့တွေက ရှစ်ခိုးတယ် နေပါမလုပ်ဘူး သိပ်ချစ်လွန်းလို့
အရိုအသေပေးနေခဲ့တာ တန်ခိုးကြီးလွန်းလို့ ကိုးကွယ်နေတာမဟုတ်ဘူး. . သို့သော်.
အလိုတွေလိုက်တာ များလာသောအခါ ကိုးကွယ်မိသလို ဖြစ်တော့ မင်းကသြဇာအာဏာပြ
ရိုသေလိုက်နာမိနေတဲ့ငါ မျက်နှာလေးရဲ့ အမိန့်တော်အောက်မှာ ရောဂါအခါခါရ မင်းလိုတိုင်းမှာ အသုံးတော်ပြုဖို့ ချစ်သူနေရာ ဘွဲ့သာငါ့ကို ပေးထားခဲ့ပါကွာ
မင်းစိတ်နဲ့ ငါအသက်ရှင်ခဲ့တာ တွေးကြည့်လိုက်တယ် မင်းကိုချစ်ဖို့ မွေးဖွားခဲ့တာလား?
ရှုံးပြီးမှတော့ နောက်ထပ်မရှုံးချင် ကျေးဇူးပြုလို့ ငါ့ကို မချန်ထားနဲ့ဦး
နင်စေလိုရာဟာ မဖြေသာပေမယ့် မင်းအသုံးတော်ပြုဖို့ နောက်ထပ် ပေးစပ်ချင်လို့
ဘဝ ချစ်သူ ငါ့လည်ပင်းမှာ ဆင်မြန်းတဲ့ကြိုး
ဘဝ အဆုတ်တွေ မည်းနေတာ သိနေတယ် အပေါက်တွေ ရှိနေလည်းပဲ မင်းကို မီးတွေညှိနေဆဲ