Songs ↓
Thanzin
Song Library

Song detail

တစ်ခါကသင်္ဃန်းကျွန်းညများ

Key G Published

Controls

Display, spacing, and layout

Reset to default

Columns

1 cols

Select 1 to 4 columns for reading.

Original key

Re-anchor the chords to the key you actually play in.

Capo

0
- 0 +

Lower the shapes without changing the pitch.

Transpose

Key: G
-+0 +

Shift chords up or down.

Accidentals

Write chords with sharps or flats.

Display

Choose overlay or lyric view.

Line spacing

0px

Adjust lyric and chord line height.

Label width

4.0x

Widen the section-label column.

Key - G
Intro
(G B7 Em CM7)4
Round:
G B7 Em CM7
Rap

Yangon မြို့မှာ Club တွေ Bar တွေ မပေါများခင်က

မြင်မြင်သမျှ လက်ဖက်ရည် ဆိုင်လေးတွေဟာ လောက တခွင်စာ

အဲမှာ အထင်ကရ သီချင်းတွေ အုပ်စုဖွဲ့ သောတဆင်ကြ

ငါတို့ကို ဘယ်သူမှ လာခွဲလို့ မရပါ ကျောသားရင်သား

ရပ်ကွက် အချင်းချင်းလည်း မတည့် တွေ့တာနဲ့ သတ်ပုတ်တာကများ

ငါတို့ရဲ့ မွဲပြာပုဆိုးတွေဟာ တဖြည်းဖြည်း ချက်ပြုတ်လာရာမှ..

အပတ်တစ်ကုတ် ရှာကာထားတဲ မုန့်ဖိုးဆိုတာ လက်တစ်ဆုတ်စာ ပမာဏ

တွတ်ပီ စာအုပ်တွေနဲ့ Rap တစ်ပုဒ် ဟာ နတ်သုဒ္ဒါ အာဟာရ..

မျက်စောင်းလေး တစ်ချက် ထိုးရင်တောင်မှ နာကျင်လောက်တဲ့အရွယ်

ရည်းစားတော့ မျက်နှာ အပျက်မခံဘူး မိဘအပေါ် တာဝန်ဘယ်လောက်မဲ့မဲ့

သူငယ်ချင်း အပေါင်းအသင်း အရောင်းအရင်း တစ်ဒါဇင်လောက်နဲ့တွဲ

ရာဇဝင် မကောင်းတဲ့ ဂျစ်ပစီ မိုးတိမ်လေးတွေ စာသင်ကျောင်းနဲ့ မတည့်

လမ်းမီးတိုင်တွေနဲ့ စာအုပ်ဆိုင်တွေသာ ခင်တွယ်ခဲ့တာ

သင်္ဃန်းကျွန်း တဝိုက် ပတ်ပတ်လည်ဟာ ငါတို့ ကျင်လည်တဲ့နေရာ

ဆိုဖီရဲ့ကမ္ဘာ လေလွင့်သူထဲက ဇာတ်ကောင်ရဲ့ အထာ

ဘဝမှာ ပါစကယ် ခူးသွယ်တို့ လိုလဲ မစင်ကြယ်ခဲရွာ ငါတို့မှာ

Cho

အိမ်မက်များဟာ ငါပုဆိုးစလိုပဲ လမ်းမပေါ် နွမ်းလျှကာ ဖွာလန်ကြဲ လက်ဖက်ရည်ဆိုင်က သီချင်းတွေ

စလွယ်သိုင်းရင်းလေ အိမ်စောင့်နတ်နဲ့လဲ မတည့်

ကတ်ဆတ် တစ်လုံးကို ပုံခုံးဖက် ပေါင်းသင်းခဲ့တယ်

ရင်ခုန်သံကို စာရွက် အလွတ်တွေထဲထည့်

ကမ္ဘာမှာ ဘာနဲ့ လဲနိုင်မလဲကွယ်..

တစ်ခါက သင်္ဃန်းကျွန်း ညများရယ်

Rap

Yangon မြို့မှာ မြောက်ပြန်လေတွေ တိုက်ခတ်ခဲ့တုန်းက

Cyprus လမ်း နဲ့ ဦးခင်ဝမ်းကို ကြိုက်တတ်ခဲ့တုန်း အစ

ဥမကွဲ သိုက်မပျက် ဆောင်းညတွေဟာ မအိုက်စက်ခဲ့ လုံးဝ

ကောင်းကင်ပြာပြာကြီးနဲ့ ငါတို့ စွန်တွေဟာ အလိုက်ဖက်ခဲ့ဆုံး ကဗျာ

ကစားနည်းပေါင်း သောင်းခြောက်ထောင်နဲ့ ကတ္တရာ မဖြစ်သေးတဲ့ မြေသားတွေ

လို့ချင်တပ်မက် စိတ်တွေဟာ အခုလောက်ထိ ရှည်လျား ထွေပြားမနေ...

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံကို သတိ တကယ်ရတယ်

ရေဒီယို ကမာရွတ်ရဲ့ ထိလွယ်ရှလွယ်မှာ ရင်ခုန်သံ စည်းနဲ့ဝါး မတည့်

ဂစ်တာဝိုင်း အပေါ် လရောင်ဖြာကျတဲ့ အခါဆို

သီချင်းတွေ အော်ဟစ်ဆို ဘဝမှာ ဘာမှ ငဲ့စရာမလို

အဲဒီခေတ်ကာလရဲ့ အမှတ်အသားဟာ အဲ့လို ပလက်ဖောင်း ရှိုးတွေပဲ

နောက်တော့ ငါတို့ဟာ ဘုံဆိုင်တွေဆီကိုပဲ မျက်စောင်း ထိုးနေခဲ့ပြီ

နုပျိုခြင်းတွေကို သက္ကရာဇ်တွေဟာ ဝါးမြိုသွားကြ

နံရံက ရွက်စုတ် ပြက္ခဒိန်လေးဟာ အသားညိုမြမြ

ငါဂရုစိုက်တယ် သီချင်းတွေထဲမှာ ကာရံအထားအသိုက အစ

ဒါပေမယ့် ငါ့အစ်ကိုဟာ အမြဲ ငါ့အပေါ်မှာ အားမလို အားမရ

Rest in peace My Brother

ကားကြိုကားကြားက အဖေ ချွေးနဲစာနဲ့ ဝလင်ခဲ့တာ

ငါဟာ မတင်းတိမ်နိုင် ဘဝမှာ ဒီထက်ပို ရချင်တဲ့အခါ

ငယ်သူငယ်ချင်းတွေနဲ့ ဘောလုံးကွင်းလေးကို စတင်ခွဲခွာ.

တစ်ခါ သင်္ဃန်းကျွန်းညများ ဘယ်တော့မှ မမေ့နိုင်တော့ပါ ငါ့ရင်ထဲမှာ

Cho

အိမ်မက်များဟာ ငါပုဆိုးစလိုပဲ လမ်းမပေါ် နွမ်းလျှကာ ဖွာလန်ကြဲ လက်ဖက်ရည်ဆိုင်က သီချင်းတွေ

စလွယ်သိုင်းရင်းလေ အိမ်စောင့်နတ်နဲ့လဲ မတည့်

ကတ်ဆတ် တစ်လုံးကို ပုံခုံးဖက် ပေါင်းသင်းခဲ့တယ်

ရင်ခုန်သံကို စာရွက် အလွတ်တွေထဲထည့်

ကမ္ဘာမှာ ဘာနဲ့ လဲနိုင်မလဲကွယ်..

တစ်ခါက သင်္ဃန်းကျွန်း ညများရယ်

End

ကမ္ဘာမှာ ဘာနဲ့ လဲနိုင်မလဲကွယ်.. တစ်ခါက သင်္ဃန်းကျွန်း ညများရယ်

About this song
Writers
Unknown
Albums
Unknown
Release year
Unknown
Language
Level
Created by
a******9@gmail.com