Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
∆
မြူငိုးငွေ့အဖြစ် ပျောက်ကွယ်သွား အခုချိန် နင်ဘယ်မှာ ရှိမလဲ နောက်ဆုံးလမ်းခွဲ အားလုံးပြီးဆုံးရင် နာကျင်မှာ သိတယ်
ဘယ်လို ဖြေသိမ့်ရမလဲ ပြောပါကွယ် ကိုယ်တွေ အတိတ်ကလည်း နှမြောစရာပဲ
တည်မြဲခြင်း မရှိတဲ့ လောကထဲ မတည်မြဲတဲ့ အချစ်တွေ ပေါပါတယ်
အဲ့ဒီအချစ် အချစ်ကြောင့်နဲ့ ငါနာကျင်ဖူးပါတယ် မင်းက အငွေ့ပျံတာမဟုတ် အသစ်တွေ့လို့ သာရင် ကူးတာပဲ
ဇာတ်ပို့အဖြစ် ပါဝင်ဖူးပါရဲ့ မင်းသမီးက ဆန်ကာတင်ဆု ရတယ် ငါ့မှာ ဘယ်လောက်ထိ ချစ်ခဲ့တောင် အရာထင်ဖူးမှာလဲ
ခင်ဗျားကို သိပ်ချစ်တာတဲ့ အဲ့စကားနဲ့ လာအင်ထုတာ အမြဲ မှတ်မိပါသေးတယ် သူ့အပြုံးတွေ ခဏတာ ငါမြင်ဖူးပါတယ်
ကိုယ့်မှာ အဆင်မပြေပါဘူး ရှေ့ဆက်ပြီး မညာချင်ဘူး ငါလဲ နေ့စဉ် မင်းအကြောင်းတွေ တွေးရင်း ဘဝဟာ ကြာရင် ရူးမှာပဲ
မင်းငါ့အတွက် အရေးပါ အရာရောက် သူ့အတွက် ကျွန်တော် ကလေးသာသာလောက်
အချစ်ကြောင့်နဲ့ တစ်နေ့တာဟာ ပျောက်ခဲ့ ဘဝတစ်ခုကို ဆေးကာလာဖောက်
ကိုယ်မြတ်နိုးတဲ့ အရာတွေဆိုရင် ထပ်ပြီး ဝေးမှာ ငါကြောက် အစကတည်းက သံယောဇဉ်တွေ မဖြစ်အောင် မင်းနဲ့ မတွေ့တာသာ ကောင်းတယ်
သတိရခြင်း အငွေ့ကမ္ဘာမှာ ပျောက်ကွယ်ပြီး ငါ့ရဲ့ အတွေးမှာ လာဆောင့် ပေးဆပ်ခြင်းနဲ့ အဝေးကနေ မင်းလဲ ငေးပါကွာ ဟျောင့်တဲ့
သူငယ်ချင်းတွေ ပြောနေပြီ တစ်နေ့နေ့မှာ ဒီကောင် မေ့မှာသာ စောင့်ကြည့်တဲ့ ဟျောင့် မေ့ဖို့ ချစ်တာမှ မဟုတ်တာ အချစ်ကြီးတာလည်း မွေးရာပါကြောင့်
∆
ငါ့ရဲ့အနားနား နင်မပျော်နိုင်ရင် သွားပါ ဒီဘဝထဲ နောက်ထပ် ဝေးရမလား သေချာတဲ့ အဆုံးအဖြတ် ပေးပါဟာ
ငါ့ကို အရင်တုန်းက ပေးတဲ့ ကတိတွေဆို လွယ်လွယ်ယုံစား ကုန်လွန်လို့သွားတဲ့ အတွေးညများ ကြာရင်တော့ တဖြည်းဖြည်း မေ့မှာပါ
∆
အခိုးအငွေ့လို အဝေးကို လေများထဲ ပြေးတဲ့ နေ့စဉ်ရက်ဆက် တိမ်တွေလိုပဲ ဝေဝါးတဲ့ အတွေး
သူမရှိရင် တစ်ရက်ကို တစ်နှစ်ထင် ရှည်လျားတဲ့ နေ့တွေ မင်းခြွေချခဲ့သေးတဲ့ ကမ္ဘာမှာ သေသွားလည်း အေးတယ်
∆
အတူလက်တွဲ ရှေ့လျောက် ဆက်ရန်မတွေး အရောင်မှိန်လို့ သွားတဲ့ သက်တံ့လေး ကာလာမဲ့ ငါ့ရဲ့ မနက်ဖြန်တွေ အနာဟောင်းတွေပါ ထပ်ဆွပေး
ငါဘယ်လောက် ချစ်ချစ် လက်မခံသေး လေတွေ တိုက်လို့ပဲ ခက်ထန်ပါစေ ဒီရင်ထဲ အလွမ်းရဲ့ ဓာတ်ခံလေးဟာ နင့်အကြောင်းတွေသာ ထပ်ပြီးတွေး