Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
သူငယ်ချင်း အဆင့်ထက် နင်မပိုတော့ဘူးလား
နင်ငါ့ကို လိုရာအကုန် အသုံးချ
ငါ့အချစ်က အလကားတွေဖြစ်
မြိုသိပ်ကာ ထားရတဲ့ စကားတွေနှင့်
တစ်ဖက်သတ် နင်ပေးတဲ့ အဖြေဟာ ကွက်လပ်
တစ်ရက်တစ်ရက် မျှော်လင့်ချက်နဲ့သာ အသက်ဆက်
အဆက်ဖြတ် ခံစားချက်တွေ ငါရပ်တန့်ချင်
ဒီအိမ်မက်တွေ ဆက်မမက်တော့ဘူး ငါလက်တွေ့ပြင်
နင်တကယ် မသိဘူး ငါ့ရဲ့ အချစ်တွေကို
နင်လေ မြင်အောင် ငါချစ်ပြချင်လို့
အရောင်တွေ မပါတဲ့ ငါ့ရဲ့စိတ်တွေကို
နင်ဟာ တကယ်ဘဲ သိမ်းပိုက်သွားတာမို့
'၁၅၀၀' အချစ်တွေနဲ့ ဒီဘဝစာ
ပေးချေလိုက်ပါ ကောင်မလေးရယ် ဒီလူသားအား
'၁၅၀၀' အချစ်တွေနဲ့ ဒီဘဝစာ
ပေး....ချေလိုက်ပါ ဒီလူသားအား
ဘာတွေ ဆက်ပြောရမလဲ မသိအောင် မင်းလေးက ကြောင်စေတယ်
ကောက်ရိုးပုံ စောင့်တဲ့ ခွေးလို့ပြောရင် အတင်းပြေးလာ ဟောင်နေတယ်
အလင်းပေးပါ မှောင်နေတဲ့ ငါ့ကို သီချင်းလေးပါ လှောင်နေတယ်
ငါအမြင်ကတ်တာ အာဏာရှင်ပြီးရင် မင်းဘေးက ကောင်တွေပဲ
တချိန်မှာ နီးစပ်ခွင့်ရမယ် လိမ်ညာခရီး ဆက်ရင်း...
ဒါဟာ စည်းတစ်ဖက်ချင်း ခြားတယ် ငါ အသာအယာ စည်းဖျက်ရင်း...
တကယ် လိုချင်တာ မင်းမေတ္တာ အပိုထင်ကာ ငြင်းပစ်မလား
တစ်ခုခုဆိုရင် စိတ်ဆိုးလွယ်လည်း မငြိုငြင်ပါ အတင်းချစ်မှာ
မင်းစကား မင်းအပြုံး ကိုယ်အင်္ဂါ အဆင်းဝင့်ဝါ မင်းသာ မချစ်ရင် ခုဆိုနေတာ ငိုချင်စရာ သီချင်းဖြစ်မှာ
နင်တကယ် မသိဘူး ငါ့ရဲ့ အချစ်တွေကို
နင်လေ မြင်အောင် ငါချစ်ပြချင်လို့
အရောင်တွေ မပါတဲ့ ငါ့ရဲ့စိတ်တွေကို
နင်ဟာ တကယ်ဘဲ သိမ်းပိုက်သွားတာမို့
'၁၅၀၀' အချစ်တွေနဲ့ ဒီဘဝစာ
ပေးချေလိုက်ပါ ကောင်မလေးရယ် ဒီလူသားအား
'၁၅၀၀' အချစ်တွေနဲ့ ဒီဘဝစာ
ပေး....ချေလိုက်ပါ ဒီလူသားအား
မင်း မင်းကို ချစ်ခွင့်ပန်ဖို့ အတွက် ငါ့ကို အမေ မွေးလိုက်တာ
နောက်ပြီး ငါ့ကို မချစ်ဘဲ နောက်တစ်ယောက် တွဲရင် မြွေပွေးကိုက်မှာ
မင်းဘေးက မြေခွေးစရိုက် အထာတွေနဲ့ မအေဘေး တသိုက်စာ
ဘေးမှာလုံးဝ စိတ်မချတော့လို့ ငါ့ကို အဖြေပေးလိုက်ပါ
မဖြစ် မဖြစ်သင့်ကြောင်း ဝိုင်းပြောနေတဲ့ ဘေးလူ စကားကြောင့် ကြောငြာပိုဝင်မယ်
တော်ကြာ ငြိုငြင်မှာ စိုးလို့ ခုချိန်ထိကို စော်မရှာ တကိုယ်ပင်
ပျော်စရာ လိုချင်ရင် ငါဖန်တီးပေးမယ် မှော်ဆရာ လိုပင် သဖွယ်
ဘော်ဒါလို ခင်မယ်လို့ ပြောတိုင်း ငါ့မှာ အော်ကာ ငိုချင်တယ်
သိလား မင်းမကြိုက်တာ ငါ့မှာ နောက်တခါ မဖြစ်ဖို့
ဘဝမှာ တစ်ယောက်သာ ချစ်မလို့ ဆိုတာကို အစမှာ ပေါက်ကာ တစ်မလို့
အဆတစ်ရာ မြှောက်ကာ ချစ်မလို့ ဆိုတဲ့ ကောင်တွေက ခဏတာ ရောက်လာခြင်းမျိုး
အထန ကောက်ပါ မင်းကို စတာ နောက်တာ ချစ်လို့
ဘယ်ချိန်ထိ သူငယ်ချင်းလို့ ခေါ်အုံးမှာလဲလို့ မေးတော့ စကားတွေလွှဲပြီး မင်းဘက်က လျှော်ထုတ်တာ အမြဲ
သိသိရက်နဲ့ ဆိုတော့လဲ ခက်တယ် ဪဒုက္ခပဲ
မင်းကငါ့ကို အမြဲတမ်း ဦးနှောက်ခြောက်အောင် အတော်လုပ်တာဘဲ
ချစ်ပါတယ် ကြိုက်ပါတယ် အကြိမ်ကြိမ် ငါပြော အိပ်မရတဲ့ ညတွေများ ပိန်လိမ်လာရော
မျှော်လင့်ချက် ကြယ်ကလေးတွေ မှိန်တိမ်ကာ ဖျော့လဲ မင်းပြန်ချစ်လာ လောက်မှာပါ တချိန်ချိန်မှာပေါ့
နင်တကယ် မသိဘူး ငါ့ရဲ့ အချစ်တွေကို
နင်လေ မြင်အောင် ငါချစ်ပြချင်လို့
အရောင်တွေ မပါတဲ့ ငါ့ရဲ့စိတ်တွေကို
နင်ဟာ တကယ်ဘဲ သိမ်းပိုက်သွားတာမို့
'၁၅၀၀' အချစ်တွေနဲ့ ဒီဘဝစာ
ပေးချေလိုက်ပါ ကောင်မလေးရယ် ဒီလူသားအား
'၁၅၀၀' အချစ်တွေနဲ့ ဒီဘဝစာ
ပေး....ချေလိုက်ပါ ဒီလူသားအား