Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
𝄞
သန်းခေါင်ယံ လမ်းများထက် ငါတယောက်တည်း ယောင်ချာချာနဲ့ ဖြစ်ခဲ့ရတယ် ညပေါင်းမနည်း
ပြန်တွေးမိတိုင်း ငါ့ရဲ့ဘဝမှာ ကောင်းတာမှန်သမျှ ဒုနဲ့ဒေးလိုပဲ
အလင်းပျောက်နေဆဲ ပန်းတိုင်မရှိ ငါ့ရဲ့ဘဝဟာ အမှောင်ဖုန်းအတိ
ဘာတွေသုံးပြီး ဆုတောင်းရမှန်း မသိအောင် ငါအတ္တကြီးနေသည်
ထိုလိုလူတယောက် အတွက်နဲ့များ နင့်ရဲ့ဘဝကို စတေးပြီး ဘာလို့ ရွေးချယ်လဲ
ချစ်တယ်တဲ့ . . .အလင်းပေးခဲ့တယ် . . . နင့်နှုတ်ခမ်းဖျားက စကားတိုင်း ငါ့အတွက် နွေးထွေးလွန်းစေလည်း
𝄞
အပြုအမူ အရိုင်းအစိုင်းတွေ နင့်အပေါ် ငါသုံးနှုန်းလည်း ပြုံးပြုံးပဲ သူပြန်ပြောတယ် ငါ့ကိုအဆုံးရှုံး မခံနိုင်လို့တဲ့
ဘယ်လိုလုပ်မလဲ ဒီမိန်းခလေးမှ မရရင် သေတော့မယ် လူသားတယောက် အဖြစ်နဲ့ မင်းရဲ့ဘေးနား ငါလေသက်ဆုံး ရှိချင်တယ်
ငါသိတဲ့အချစ်ရဲ့ အဓိပ္ပါယ် မင်းကြောင့်ပဲဖြစ်မယ် နင်စိတ်ဆိုးလဲ ချစ်တယ် မညိုငြင်ရက်နိုင်ပဲ . . .
ထားမသွားဖို့ တောင်းပန်ဦးမယ် မင်းကိုထပ်တလဲ အတွေးတွေယိုင်လဲ တက်တဲ့သူ တယောက်မို့ မင်းမချစ်ရင်တောင် ရူးသွားနိုင်တယ် ဟူး ဟူ ဟူ ဟူး ဟူး ငါရူးသွားနိုင်တယ်
ပေါ့ပျက်ပျက် လောကထဲ တောမသတ်တဲ့ မောဟတွေ ပေါလာလည်း စိတ်ကိုလျှော့ မဖြေသိမ့်မိရင် တဖြေးဖြေး မင်းရင်ထဲပဲမောလာမယ်
စိတ်မလောပါနဲ့ တောင်းပန်တယ် အတတ်နိုင်ဆုံး မင်းစိတ်လျှော့ထား အကြောင်းမပြန်ပဲ နှုတ်ဆိတ်တော်ဖျားက ကျုပ်အမှားလို့ အညှိုးအမိန့်တော် ပါးမလား
ဒါမှမဟုတ် နှုတ်ခမ်းငွေ့တော်ခါးကာ အငွေ့သက်တွေ စွန့်ကြဲကာကျ ကျုပ်မောင့်ရင် မငိုပဲ ဟာသပြောမယ် ဘယ်လိုလဲ သိပ်ချစ်ရတဲ့ ခင်ထားပျိုနှမ
မင်းနဲ့ယှဥ်ရွေးရင် အားလုံးရှေ့ မင်းမှမင်းပဲ ငါ့လမင်းမြေပေါ် မခဆင်းလဲ သက္ကချင်း အမြဲတမ်းအပေါ်ကို ငါငေးစဲ
မတော်လို့ ဝေးမယ့် နှစ်ဖက်မိဘ အသိုင်းအဝိုင်းကြားထဲ မင်းမျက်နှာကမ္ဘာနဲ့ ခိုင်းနှိုင်းပြီး သမိုင်းတွေထဲ ရာဇဝင် ရှားမှရှားလွန်းသည်
ဒုတ္ထလီပန်းတွေ ခင်းထား ကျုပ်မှာသည်မုချ မင်းမှသည် ဖြစ်လာမည့် ဒုက္ခရှင်းထားပြီ အန္တရာယ်လည်း တဖြေးဖြေး ဝေးသွားပြီ
တွေးလို့ ဆွေးရသည့် အချိန်တွေလည်း လွမ်းတယ် တသသ မောင်သီချင်းလေးဆိုပြီး သိပ်မယ်ကွာ ရင်ခွင်ထဲ တိုးဝှေ့အိပ်ပါ ခလေးမ
𝄞
မင်းအိပ်သွားမှ အနမ်းတွေခိုးပြီး ပေးအုံးမယ် မောင်သိပ်ချစ်တဲ့ နှုတ်ခမ်းလေး ဖူးပြီးနီလို့ရဲ
မျှော်လင့်မိတဲ့ အသက်ရာကျော် ကာလ မင်းလက်တွဲပြီး သက်ဆုံးထိ ရှိချင်တာ
ငါသိတဲ့အချစ်ရဲ့ အဓိပ္ပါယ် မင်းကြောင့်ပဲ ဖြစ်မယ် နင်စိတ်ဆိုးလဲချစ်တယ် မညိုငြင်ရက်နိုင်ပဲ . . .
ထားမသွားဖို့ တောင်းပန်ဦးမယ် မင်းကိုထပ်တလဲ အတွေးတွေယိုင်လဲ တက်တဲ့သူ တယောက်မို့ မင်းမချစ်ရင်တောင် ရူးသွားနိုင်တယ်
ငါပျိုးတဲ့ပန်းလေး တနေ့နေ့ ညိုးသွားမှာ စိုးတယ် တန်ဖိုးထားလို့ ချစ်တဲ့သူ ဘယ်သူပိုရှိနိုင်မလဲ
အမှားများတဲ့ လူ့လောကထဲ ငါ့ကိုမထားခဲ့ပါနဲ့ မင်းမရှိပဲ မနေတတ်တဲ့ကောင် ငါတကယ်ပဲ ရူးသွားနိုင်တယ် အိုး . . .