Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
Round Chords
ရှေးစာဆိုတွေပြောတဲ့ မိန်းမတွေ အကြောင်း အခုဗျူဟာ ကြုံဖူးတဲ့ မိန်းမတွေ အကြောင်း နောက်လူတကာ ကြုံရမဲ့ မိန်းမတွေ အကြောင်း သစ္စာမဲ့တတ်တဲ့ မိန်းမတွေ အကြောင်း
မရှိမကောင်း ရှိမကောင်း မိန်းမတွေအကြောင်း မပေါင်းလဲခက်ပေါင်းလဲခက် မိန်းမတွေအကြောင်း
မာယာတွေ သဲကိုးဖြာ မိန်းမတွအကြောင်း မြစ်တစ်ခုလို ကောက်ကွေ့တဲ့ မိန်းမတွေအကြောင်း
စာအုပ်တွေ ဖတ်ကာထားတယ် လူကြီးတွေ ပြောတာကြားတယ် အကြိမ်များစွာ ချစ်ခဲ့ဖူးလည်း မိန်းမတွေအကြောင်း အခုထိ နားမလည်
ချစ်ဖူးသူ မိန်းမများရယ် ဘယ်တစ်ယောက်မှ သစ္စာမထားခဲ့ တစ်ယောက်ပီး တစ်ယောက် အသစ်ရှာသွားမြဲ နောက်ဆုံးတော့ အနှစ်သာရမဲ့
ကြိုက်ခဲ့ဖူးတဲ့ မိန်းမများစွာ ကိုယ်စွဲလမ်းဖူးခဲ့တဲ့ မိန်းမများစွာ ကိုယ့်အပြစ်တွေ အမျိုးမျိုး လက်ညိုးထိုးပီးတော့ ဒိုးဒိုးး
ပတ်သက်ဖူးတဲ့ မိန်းမများစွာ ကိုယ်မွှေးမွှေး ပေးဖူးတဲ့ မိန်းမများစွာ အကြောင်းပြချက် အမျိုးမျိုး လက်ညိုးထိုးပီးတော့ ဒိုးဒိုးးး
Round Chords
ပထမဆုံးပါကင် ဖွင့်ခံလိုက်ရတဲ့ အသဲနှလုံး တကယ်ချစ်ရင် တကယ်ချစ်တဲ့ သူဘက်က အမြဲရှုံး
အင်မတန်မှ စွဲအားကောင်းတယ် ပုလဲတစ်လုံး ရွဲတစ်လုံး သူ့မျက်၀န်းနဲ့ ဆုံရင် ခြေဖျားလက်ဖျားတွေ လဲတုန်
အသဲတုန်အူတုန် တကိုယ်လုံးတုန် ကျုပ်အစွဲအလမ်းဆုံးက Jennifer Lopez ကိုယ်လုံးပုံ
ဘယ်လိုတုန်း ကြုံတွေ့လိုက်ရတဲ့ အချစ်ဦး တစ်ခါမှ ဒီလိုရင်ခုန်သံတွေ မဖြစ်ဖူး ချိန်းတွေ့တိုင်း နမ်းနေကျ ပါးကလေး သနပ်ခါးပါး ကွပ်ကြားလေးက တအားမွှေး
တစ်လောကလုံး အချိုသာဆုံး စကားလေး လောကဓံတွေကို ရင်ဆိုင်ဖို့အားဆေး
ဘာမှနားမလည် သူကျုပ်ကလည်း တအားအေး လက်ကိုင် ပုခုံးဖက် အဆင့်တက်ဖို့ တအားဝေး
ချစ်ပုံချစ်နည်း အသစ်တွေ မတတ်တော့ သူ့ရည်းစား အဖြစ်ကနေ အနားပေး
အကြောင်းလည်း မရှိအကြောင်းလည်း မရှာ Blind ကြီးကို ဖြတ်ချတော့ ခေါင်းခဲစရာ
ဓားသွားပေါ်က ဝိုင်တစ်စက် လျှာနဲ့ မယက်တတ်တော့လည်း ကွိုင်တက်
ကိုယ့်ရဲ့အကျင့် ကိုယ့်ရဲ့သိက္ခာ ရိုးသားမှု အားလုံးက မြောင်းထဲမှာ မလုပ်တတ် မကိုင်တတ် ချိန်းတွေ့တိုင်း ဇောချွေးတွေ ပျံပြီးတော့ တိုင်ပတ်
Round Chords
ဒုတိယမြောက် အသဲကွဲခြင်း မှတ်တမ်းကို ပြုစု မိကောင်းပေါက်စ ကလေးနှမက နုနု
ပညာတစ်ခုနှစ်ခု အသုံးပြုလို့ ယုယု ယယနဲ့ ကြင်နာခဲ့ ရင်ထဲမှာ ဂလုဂလု
ဟိုးတုန်းကလို မရိုးတော့ မအတော့ပါ နူးညံ့တဲ့ အထိအတွေ့တွေ ပျိုးသော စသောအခါ
ကိုယ့်စိတ်တွေလည်း ထိန်းရခက် အဟက် သူ့စိတ်တွေလည်း ထိန်းရခက် မဖြစ်ဘူး ဆန္ဒကို အသိနဲ့ထိန်းချုပ် လိုချင်တပ်မက်မှု အားလုံးကို ဘရိတ်အုပ်
စိတ်ယုတ်မာ တစ်ချို့တစ်ဝက်ကို ဖျောက်ရင်း သူမ ၁၈နှစ်ပြည့်တဲ့အထိ စောင့်ရင်း
ချိန်းတွေ့ရင်း ကန်ဘောင်ပေါ် အတူတက် အစာပြေကြွေးရင်း အိမ်မက်လေးတွေ အတူမက်
အချစ်နဲ့ ပတ်သက်ရင် ဘုန်းကြီး လူထွက်တော့ မဟုတ်ဘူး ဒါပေမဲ့ ဒီထက်ပို အခွင့်အရေးလဲ မယူရက်
အချိန်တွေ တဖြည်းဖြည်းနဲ့ ကုန်လာပြီ သူမ၁၈နှစ် ပြည့်တဲ့အချိန်
ရင်ခုန်စရာကြုံမှာ အဟိ
အဲ့ဒီလို စိတ်ကူးယဉ် ကောင်းနေတုန်း ခူးမဲ့အသီးမှည့်တဲ့ အချိန်ချောင်းနေတုန်း
ရေလောင်းလိုက် မြက်ရှင်းလိုက် သူယောင်အသီးလေးကို အသက်သွင်းခိုက် သူ့ရည်းစားဟောင်းဆိုတာ ပေါ်လာပြီး ဗြုန်းခနဲ့ဆို ခိုးရာချက်ချင်းလိုက်