Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
အရင်ချိန်တွေလို မပျော်တော့ဘူး နာကျင်စရာတွေရယ် ရင်ထဲစူး လိုချင်လွန်းလို့ တောင်းဖူးတဲ့ ဆုတွေကို ငါမပြည့်စေချင်တော့ဘူး
အပြင်ဒဏ်ရာတွေ မြင်နိုင်လို့ ဒီရင်ဝေဒနာတွေ မမြင်နိုင်လို့ ဟိုးးး နာရီစက္ကန့်နဲ့ အမျှ ဒီအလွမ်းတွေကို ဘယ်သူဘယ်ဝါကိုမှ မသိစေချင်တော့လို့
တိမ်တွေ လေနှင်ရာပဲ ငှက်များနဲ့ ထွက်ခွာတယ် အပေါ်ကို ကြည့်ရင်းနဲ့ မျက်နှာငယ် ငှက်ကလေးက တာ့တာတဲ့
အချစ်ကြီးခဲ့လို့လား မသိ ငါတန်ဖိုးတော့ မဲ့သွားပီ ရင်ဆိုင်ဖို့အတွက် ခွန်အားမရှိပါ နင်မချစ်တော့တဲ့ နေ့များဆီ
ဒီလူရင် ဝင်ကြည့်ဦးလို့ မမျှော်လင့်ထားတဲ့ အချစ်ရဲ့ နိဂုံးကို မမေ့ပစ်နိုင်ခဲ့ ငါက ဝမ်းနည်းလွယ်တာလည်း မင်းကိုယ်တိုင် အသိဆုံးမို့
ကြယ်တွေ ကြွေတာကို ရေတွက်မယ် မပိုင်ဆိုင်ရလဲဘဲ ကျေနပ်တယ် သန်းခေါင်ယံ လမ်းမထက် ခြေလှမ်းများစွာ လျှောက်လှမ်းရင်း နေထွက်ခဲ့
ဒီကောင်ကြီး လွမ်းနေတဲ့ အကြောင်းတွေကို လက်ရေးနဲ့ စာတိုက်ထဲ သို့မဟုတ် မင်းရဲ့ အိပ်မက်ကို ပျံမယ့် ငှက်ကလေးနဲ့ မှာလိုက်မယ်
စိတ်ကူးတွေ လက်တွေ့နဲ့ ကွာတိုင်းလဲ အတိတ်က သွားတက်လေးနဲ့ ငါကြိုက်တဲ့
ကောင်မလေးရေ မင်းဟာ ဘုရားရှင် နောက်နောင် ထပ်မပေးတဲ့ အရာတိုင်းပဲ
မျှော်လင့်ချက်လေးနဲ့ အသစ်မတွဲတော့ဘူး အရိုးဆွေးတဲ့ အထိငါ ဒဂုံက အမြဲစောင့် မင်းကတော့ အလုံက ဘဲတစ်ယောက်နဲ့ အတောင်ပံတွေ စုံလာတဲ့နောက်
ထားပါတော့ အကုန်ငါပဲ မကောင်းတာ ရှင်းမပြတော့ဘူး မယုံမှာလဲကြောက် အရင်တုန်းက မရှိမဖြစ်ဆိုရင်တောင် အသုံးမဝင်တော့တဲ့အခါ သုညပဲဟျောင့်
ကောက်ရိုးပုံကြားထဲ အပ်ကျသလို အတိတ်တွေ အမှုန်များထဲပျောက် နှုတ်ခမ်းပါးက လွယ်လွယ်ပြောတတ်တဲ့ မင်းစကားတွေကို မယုံရတဲ့ကြောင့်
လှည့်စားလိုက် အသုံးချလိုက် စွန့်ပစ်လိုက်ပါ နုံအတဲ့အကောင်ကို ခံနိုင်ရည်ရှိအောင် ကြိုးစားမင်း ဝဋ်တွေ ပြန်ကြုံရမယ့် အခေါက်
တစ်သက်လုံး နေကြမယ် မင်းနဲ့ငါ ဆယ်ဘဝလဲ မခွဲဘဲ အဲ့စကားက ဟာသဆန်တာပေါ့ မင်းအတွက်တော့ ရယ်စရာပဲ အသဲရယ်
ကောင်းကင်မှာ ကြယ်ဟာလဲ အနည်းငယ် လိုက်ရှာဆဲ ဘယ်မှာလဲ အမြဲပဲ အချိန်တန်ရင် ထွက်သွားကြမှာပဲ အချစ်ဆိုတာ အလည်လာတဲ့ ဧည့်သည်
ဒီလူရင် ဝင်ကြည့်ဦးလို့ မမျှော်လင့်ထားတဲ့ အချစ်ရဲ့ နိဂုံးကို မမေ့ပစ်နိုင်ခဲ့ ငါက ဝမ်းနည်းလွယ်တာလည်း မင်းကိုယ်တိုင် အသိဆုံးမို့
ကြယ်တွေ ကြွေတာကို ရေတွက်မယ် မပိုင်ဆိုင်ရလဲဘဲ ကျေနပ်တယ် သန်းခေါင်ယံ လမ်းမထက် ခြေလှမ်းများစွာ လျှောက်လှမ်းရင်း နေထွက်ခဲ့