Songs ↓
Thanzin
Song Library

Song detail

ရေခဲရိုက်အပြုံး

Key N/A Published

Controls

Display, spacing, and layout

Reset to default

Columns

1 cols

Select 1 to 4 columns for reading.

Original key

Re-anchor the chords to the key you actually play in.

Capo

0
- 0 +

Lower the shapes without changing the pitch.

Play as

Set an original key first

Transpose

Key: N/A
-+0 +

Shift chords up or down.

Accidentals

Write chords with sharps or flats.

Display

Choose overlay or lyric view.

Line spacing

0px

Adjust lyric and chord line height.

Label width

4.0x

Widen the section-label column.

Key - N/A
Intro:
Bm G D A
Round:
Bm G D A
V1

အနာ မကျက်သေးပါ အခုထက် ထိငါ

အိပ်မက်များထဲ ခဏခဏ မင်းအကြောင်းတွေပဲ

ရင်မှာ မင်းအသံ မင်း အငွေ့အသက်တွေ

ခံစားလို့ရတုန်း မင်းအနား ရောက်နေသလို

Pre1

ရင်ခုန်စရာ အနမ်းတွေ ရင်ခုန်စွာ မျှဝေ

ခြင်းများလည်း အို.. အကြိမ်ကြိမ်မရှိခဲ့

အနေတွေ သိပ်မနီးလည်း ဒီသံယောဇဉ်

မသိစိတ်က ခိုင်မာစွာ တည်ဆောက်ခဲ့

Cho

ငါ ယုံကြည် မိပါတယ် မသေချာလည်း

ငါ အခါတစ်ရာ လွမ်းရင် မင်းတစ်ခေါက်လောက် သတိရမယ်လို့

အို မထင်မှတ်ဘဲ အပြင်မှာ ဆုံလေတိုင်း

ငါ သေချင်မိတယ် ဘာမှ မဖြစ်ခဲ့သလိုမျိုး

နင် ပြုံးပြနေလို့.. အိုး ဟို.. နင် ပြုံးပြနေလို့.. ဟိုး ဝူး ဟို

V2

ဟန်ဆောင်ပြီးကွာ အပျော်ကစားခဲ့ ခြင်းလား

ဒါမှမဟုတ် ခဏအရူးထ ချစ်ခဲ့သလား

တဒင်္ဂပေးတဲ့ ချစ်ခြင်းနဲ့ အယုအယတွေ

ထင်နေတုန်းပဲ ဒါအမှန်လို့ မဟုတ်ခဲ့ ပေမယ့်

Pre2

ရင်ခုန်စရာ နေ့တွေ ရင်ခုန်စရာ အဖြစ်တွေ

အိုး.. အမှတ်တရများ အလွန်နည်းလည်း

ဘယ်လိုတွေ နင်လုပ်လဲ တကယ် တော်လွန်းတယ်

မလွတ်မြောက်ခဲ့ အလူးအလဲ ဒဏ်ရာများနဲ့

Cho

ငါ ယုံကြည် မိပါတယ် မသေချာလည်း

ငါ အခါတစ်ရာ လွမ်းရင် မင်းတစ်ခေါက်လောက် သတိရမယ်လို့

အို မထင်မှတ်ဘဲ အပြင်မှာ ဆုံလေတိုင်း

ငါ သေချင်မိတယ် ဘာမှ မဖြစ်ခဲ့သလိုမျိုး

နင် ပြုံးပြနေလို့.. အိုး ဟို.. နင် ပြုံးပြနေလို့.. ဟိုး ဝူး ဟို

Solo:
G E G Bm G E G A
Rap

သတင်းတွေ ကြားမိပါတယ် ဟိုလူဒီလူဆီက တစ်ချက်ချက်

တောင်စောင်းမှာ ရပ်နေရသလို နင့်အကြောင်းကြားရင် ရင်တွေတလှပ်လှပ်

ပျော်စရာတွေ လုံး၀နည်းလာ နင်နဲ့ပြတ်ခဲ့ပြီးနောက် ရက်ဆက်

ဒီအလွမ်းတွေ ငါ့ကိုသတ်နေတယ် ငါနင့်ဆီ ဖုန်းတွေဆက်ချင်လည်း

မလုပ်နဲ့ မိစန္ဒီ နင်ဒီလောက်ထိ အရှက်တွေမမဲ့နဲ့

ငါ့အသည်းလည်း မရှိတော့ဘူး ဖွာလန်ကြဲလို့ အက်နေခဲ့တယ်

ဘယ်လို feeling ထည့်ခဲ့လဲ နင်အိုက်တင် အရမ်းကိုပီပြင်ခဲ့

အကယ်ဒမီ ဆုအဖြစ်ပေးမယ် နှလုံးသားယူသွား ရင်ကိုခွဲ

ငါနင့်ကို မုန်းတယ် နင်ငါနဲ့တွေ့ရင် မပြုံးနဲ့

ဒီအပြုံးတွေ သိမ်းပိုက်ခဲ့တာ ငါပိုင်ဆိုင်ထားသမျှ အကုန်လုံးပဲ

နင်ကဘီလူးခေါင်းနဲ့ မင်းသားမဟုတ်ဘူး ဒီထက်ဆိုးတယ်

မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးကြီး သတ်ချင်လောက်အောင် မုန်းတယ်

ငါနင့်ကို မုန်းမှာပေါ့ အခုထိမေ့လို့မှ မရတာကို

ငါနင့်ကို မုန်းမှာပေါ့ အခုထိချစ်လို့မှ မ၀တာကို

ငါနင့်ကို မုန်းမှာပေါ့ နှလုံးသားက တောင့်တသေးတာမို့

ငါနင့်ကို မုန်းမှာပေါ့ နင်ငါ့ဘက် တစ်ချက်မှမတွေးတာမို့

ရေခဲရိုက်ထားတဲ့ မျက်နှာထားနဲ့ အေးစက်စက်အပြုံး

နောင်တနဲ့ ထောင်ကျခဲ့ ငါ့အဖြစ်ကဆိုး

အရမ်း ကြောက်သွားတယ် ချောက်ခြားဖွယ် မင်းအတ္တတို့

ရှောင်ရှားကွယ် မြင်ကွင်းထဲ ဘယ်တော့မှ ပေါ်မလာဖို့

Cho

ငါ ယုံကြည် မိပါတယ် မသေချာလည်း

ငါ အခါတစ်ရာ လွမ်းရင် မင်းတစ်ခေါက်လောက် သတိရမယ်လို့

အို မထင်မှတ်ဘဲ အပြင်မှာ ဆုံလေတိုင်း

ငါ သေချင်မိတယ် ဘာမှ မဖြစ်ခဲ့သလိုမျိုး

နင် ပြုံးပြနေလို့.. အိုး ဟို.. နင် ပြုံးပြနေလို့.. ဟိုး ဝူး ဟို

About this song
Albums
Unknown
Release year
Unknown
Language
Level
Created by
a******9@gmail.com