Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
ပစ္စုပ္ပန်တွေက အတိတ်တွေ ဖြစ်သွားလဲ အတိတ်ဟာ ကံပါပဲ အဲ့ကံတွေကြောင့် တန်ပြန်လာမဲ့ အရိပ်ဟာ သံသရာလည်
အိပ်စရာ ဝရံတာရဲ့ ဘေးကလူ စိတ်အနာ ဒဏ်ရာနဲ့ ညီမလေးတို့ မဂ်လာပွဲ အစ်ကို့အတွက် ဖိတ်စာမချန်ပါနဲ့
မိဘချင်း ချိတ်တာဆိုပီး ခေါင်းတွေ ညိတ်ကာ ခံလာခဲ့ တန်ရာတန်ရာတဲ့ ဟုတ်လား အေး နင်မှန်ပါတယ်
ဘိတ်သိတ်ဆရာရဲ့ ဘေးက နင့်ရဲ့ကောင် ပြိတ္တာခန္ဓာနဲ့ သစ္စာဖောက်တာလား ညီမလေး {အစ်ကိုက သိပ်ကဗျာဆန်တာပဲ}
နင့်ဘက်က ကြည့်တော့ ငွေတစ်မျက်နာစာ အဲ့တော့ လမ်းခွဲလိုက် နင့်တစ်မျိုးလုံး ကျေနပ်မှာပါ ပီးမှ ရေစက်ပါတာ မပါတာ မပြောနဲ့
ငါ့ရဲ့အချစ်က နေစကြာဝဠာ တခုစာလောက် အရေအတွက် ပမာဏ နားလည်လား အဆင့်အတန်းတွေ ကွာဟတဲ့အခါ
အချစ်ကို မြင်နိုင်ဖို့ မျက်နှာဖုံးလေးတွေ ခွာချခဲ့ပါ ဘဝက ငါရေးဖူးတဲ့ သီချင်ထဲးကလို နာရတဲ့ကဗျာ
သူဋ္ဌေးသမီးနဲ့ ဆင်းရဲ့သား ညားတယ်ဆိုတာ မြန်မာကားထဲမှာ
ကံပါသလောက် ချစ်ခဲ့ပြီးပြီပဲ မဆုံနိုင်မှ နင်ဘာတွေကြောင့်မို့ ရန်တွေဖွဲ့ နင်မယုံကြည်လဲ ဖူးစာဟာ ဆန်းကြယ် ပင်လယ် တစ်စင်းရဲ့ ရွက်လှေငယ်
ဒီဆိပ်ကမ်းမှာ ခိုနားဖို့ ဘယ်နတ်ဘုရားတို့ စီမံထားလဲ ငါဟာ လေနှင်ရာပါပဲ ငါဟာ လေနှင်ရာ အတိုင်း မျောခဲ့
ရမလားဆိုပြီး ငါ့သိက္ခာလေးကို လာလာထိချင် မြေနိမ့်ရာဘက်ကို လှံကလေးနဲ့ နာနာဖိချင်
ဂုဏ်ငွေအာဏာ ပါဝါမရှိရင် မျက်နှာချင်းဆိုင် ပီးတောင် ကြာကြာ မကြည့်ချင်ဘူးဆိုတဲ့ နင့်ရဲ့ မာတာမိခင်
အတ္တတွေ မကြီးပါနဲ့ အန်တီ သေခါနီးအချိန် ခဏလေး မှောင်နေတဲ့ ကိုယ့်ဘဝကို အလင်းရောင် ပေးနိုင်မဲ့ မီးအိမ်ရှာဖွေ
အန်တီရဲ့ သမီးအလိမ္မာလေးကို သုံးပြီး အဿပြာလေးတွေရှာ အန်တီသား အလှည့်ကျ ဝဋ်မလည်ဖို့ အတွက် ယတြာလေးချေထား
သတို့သမီးအရံ လုပ်မယ်ပြောတဲ့ နင့်ရဲ့ဘော်ဒါလေး တချို့ အပြောင်းအလဲ မြန်ချက်က မှန်းရခက်တဲ့ ဒေါ်လာစျေးလို
အစ်ကိုတို့ နှစ်ယောက်က ညားမှာ ရုပ်ချင်း အသေဆင်တယ် ပြောခဲ့တဲ့ ပါးစပ်လေးတွေကို မြောင်းရေနဲ့ ပါးလုတ် ကျင်းစေချင်တယ်
ဟန်းနီးမွန်းက Over Sea လား ငါတို့အတူ သွားချင်ခဲ့တဲ့ နေရာလေး ဆိုတာ သိရတော့ ပိုနာကျဉ်ရ
မျက်လုံးထဲက တိမ်တွေ ပါးပြင်ပေါ်ကို ပြိုကာပိကျ ဟေ့ ဒီမှာ မိုနာလီဇာ ငါမင်းအတွက် Joker ကြီးပါ
ကံပါသလောက် ချစ်ခဲ့ပြီးပြီပဲ မဆုံနိုင်မှ နင်ဘာတွေကြောင့်မို့ ရန်တွေဖွဲ့ နင်မယုံကြည်လဲ ဖူးစာဟာ ဆန်းကြယ် ပင်လယ် တစ်စင်းရဲ့ ရွက်လှေငယ်
ဒီဆိပ်ကမ်းမှာ ခိုနားဖို့ ဘယ်နတ်ဘုရားတို့ စီမံထားလဲ ငါဟာ လေနှင်ရာပါပဲ ငါဟာ လေနှင်ရာ အတိုင်း မျောခဲ့
အဲ့ငွေ စက္ကူလေးတွေနောက် နင်တကောက်ကောက် လိုက်ပါ သွားတဲ့နောက် မစားနိုင် မသောက်နိုင် ငါ့မှာ နေ့တွေညတွေလဲ ပျောက်
ဘာမီတွန်တွေ ပါသောက် အိပ်တော့လဲ စိတ်ကစွဲပီး နင့်မင်္ဂလာပွဲရောက် ရေခဲမုန့်လေး သူနင့်ကို ခွံ့ကျွေးတော့ ငါ့မှာ တဖက်သတ် စိတ်တွေကောက်
လေနှင်ရာ အတိုင်းပဲ လေနှင်ရာအတိုင်းပဲ လေနှင်ရာ အတိုင်းပဲ