Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ဒါက ရှိုတ်စပီးယား ရေးထားတဲ့ ပုံပြင်တစ်ပုဒ် မဟုတ်ပါ တာယာမင်းဝေ ဝတ္ထုထဲက ကဗျာတစ်ပုဒ်လဲ မဟုတ်ပါ
အကယ်ဒမီ ဆုတွေ အများကြီးရတဲ့ ရုပ်ရှင်ဇာတ်လမ်း မဟုတ်ပါ လူငယ် တစ်ယောက်နဲ့ ကောင်မလေး တစ်ယောက် ရင်ဘတ်ထဲက နှလုံးသား
အဝေးဆုံး စကားတွေပြောရင် အရေးလုပ် ပါမလား အဲ့လို အဝေးဆုံးက ဘဝတွေကြာရင် တစ်နေ့ဆုံမှာပါ
အဲ့လို profile pictureလေးတွေ သွားကြည့် Save လုပ်ကာထား အဲ့လို ခုခေတ်ထဲမှာ အချစ်ဆိုတဲ့ အရာ facebook ကစတယ် Baby
ရန်ကုန်မှာ ကားတွေ ကြပ်တယ် အဆိုးဆုံးက ညနေဘက်ပဲ နှုတ်ခမ်းလေးစူ စိတ်ကောက်ပြီးတော့ Message မပို့နဲ့ ခဏနေတက်ခဲ့
အလုပ်ထဲမှာ အားတွေပြတ်လဲ မင်းအနမ်းကြောင့် အားတွေတက်ခဲ့ Message လေးတွေပို့ထား သာလိကာလေး စကားတွေတတ်တယ်
Good Night Baby Log Out လိုက်တော့ ဆက်ကြူမနေနဲ့ ရောင်ကောကော ဓာတ်ပုံတွေမှာ သွားပြီး Tag ယူမနေနဲ့
အရမ်းမပေါင်းနဲ့ Facebook ပေါ် က ဆတ်စလူးတွေ နဲ့ လဲ ယုံကြည်မှုနဲ့ တည်ဆောက် ပြဿနာ မတက်ဘူးလေသဲရယ်
မင်းလက်ကို တွဲကာ ဟိုအမြင့်မှာ ဝဲကာ အတူတူ မခွဲတော့ဘူး Baby
သေရာပါ အနမ်းတွေနဲ့ အရာရာကို အလှဆင်မယ် ဒဏ်ရာတွေနဲ့ အသက်မဆက် လိုဘူး
တို့တွေ ပျော်စရာတွေ ရေးသီချယ် ကြယ်ရောင်တွေ လင်းစေမယ် မင်းအတွက် လာခဲ့ ကမ္ဘာတစ်ခြမ်းထဲ
သံယောဇဉ်တွေ ဘယ်လောက်ထိ မြဲနိုင်မလဲ စောင့်ကြည့် ဆွဲခေါ်ကာ သွားချင်သေးတယ်၂ယောက်မရှိ
သစ္စာထားဖို့ အသဲပေါ်မှာ တံတားခင်း ပေးတယ် လျှောက်ကြည့် မင်းကငါ့ကို ပွဲတော်မှာ ဘုရားသခင်ပေးတဲ့ ကောင်းချီး
တစ်နေ့မှာ တွေ့မှာ အဝေးက ပြေးလာ မင်းမြတ်နိုးတဲ့ နှင်းဆီပွင့်တွေ ကြဲပြန့်ထားမယ် ဘုရားသခင် ရှေ့မှာ
အေးပါ ခလေးရာ စိတ်ချပေးပါ ရက်စက် စိမ်းကားခြင်းများ ဝေးကွာ လက်ထပ် ထိမ်းမြားခြင်းက ရှေ့မှာ
အကြင်နာနဲ့ ယပက်လက်ကြားမှာ နောက်ထပ် ယပက်လက် တစ်ချောင်းငင် လောကကြီးကို မောင်းတင်ပြီးမှ
မင်းလက်တွဲကာ လျှောက်ချင် ငါကမြေကြီး ဖြစ်မယ်ဆိုရင် မင်းရဲ့အချစ်က ကောင်းကင် ငါက ကဗျာက စာသားဖြစ်ရင် မင်းရဲ့အချစ်က ခေါင်းစဉ်
မင်းလက်ကို တွဲကာ ဟိုအမြင့်မှာ ဝဲကာ အတူတူ မခွဲတော့ဘူး Baby
သေရာပါ အနမ်းတွေနဲ့ အရာရာကို အလှဆင်မယ် ဒဏ်ရာတွေနဲ့ အသက်မဆက် လိုဘူး
တို့တွေ ပျော်စရာတွေ ရေးသီချယ် ကြယ်ရောင်တွေ လင်းစေမယ် မင်းအတွက် လာခဲ့ ကမ္ဘာတစ်ခြမ်းထဲ