Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
လူဖြစ်တဲ့ခဏ အသက်၂၀အတွင်းမှာ သိလာတာ ပိုက်ဆံဟာ တော်တော်ကြီး အရေးကြီးတာပဲ
အရာအားလုံး နီးပါးကို သူလုပ်နိုင်တယ်လို့ ငါတွေးမိတာနဲ့ ချွေးစီးပါရွှဲ ဒီအကြောင်းတွေ ဘုရားနဲ့တွေ့မှ မေးကြည့်ရမယ်
သုတ်ကောင်ဘဝ သန္ဓေသားဘဝကို တဖြည်းဖြည်း သွားရင်း
လူဖြစ်လာတော့ နေစရာစားစရာရ ဒါမိဘတွေပေးတဲ့ service
ဒီလိုနဲ့ အရွယ်ရောက်လာတော့ ပုံးမှန်ဖို့ ရုန်းကန်လှုပ်ရှားရင်း
နောက်ဆုံးတော့ ပြာဖြစ်သွားတာပဲ မဟုတ်လား ဒါက ထုံးစံ
ဒုက္ခတွေ ရောက်တုန်းက ဘုရားရှေ့မှာ ဒူးထောက် တိုင်တည်သေးတယ်
တကယ်တမ်း စဥ်းစားကြည့် ငါ့ဒုက္ခက သူနဲ့မှမဆိုင်ပဲ
ငါတို့တွေ တကယ်တမ်း မပိုင်တဲ့အရာတွေကို ဖက်တွယ်လို့ကြိုးစားရင်းနဲ့ပဲ အချိန်တွေကုန်ခဲ့ပြီ အသိတရားတွေ မယိုင်နဲ့
လူတွေ သေသွားတဲ့ အခါမှာ ခန္ဓာထဲက ဝိဉာည်vထွက်သွားတယ်ဆိုတာ မယုံတဲ့ငါ့ကို ပတ်ဝန်းကျင်က အပြစ်တင်လျက်
နိဗ္ဗာန် နဲ့ ငရဲ တခုခုကို မဖြစ်မနေ ရွေးရမှာပဲ မဟုတ်လား
အမှန်တကယ်တော့ သေသွားရင် ဒီအတိုင်း အေးသွားတာပဲ မဟုတ်လား
လူဖြစ်တဲ့ခဏ...ဒီကမ္ဘာကြီးထဲ... ဘောင်တွေ စည်းကမ်းများကြားထဲ ရူးတော့မယ်
နောက်လှည့်ကြည့်တော့ ဘာကျန်ခဲ့သလဲ မြူမှုန်များနဲ့..ဝေဝါးသွားမယ်
တခါတလေ သူငယ်ချင်းတွေနဲ့ သွားလာပြီး တခါတလေ အထီးကျန် ဆန်လွန်းလို့ ငါ့အရိပ်တောင် ငါ့ရဲ့အနားမှာ မရှိ
အသက်အရွယ် ကြီးလာတာနဲ့ အမျှ ဘဝကလည်း ခါးလာသည်
လူသစ်တွေနဲ့ တွေ့သလို အနားက ပျောက်သွားတာတွေလဲ များလာပြီ
လူဆိုတာ သေပြီးသွားရင် ဘာဖြစ်မယ်ဆိုတာ အဖြေမရှိတဲ့ ဘဝ
နောင်ဘဝ ဆိုတာကို တွေးရင်း လက်ရှိဘဝကိုရော နေကြည့်ရဲ့လား
ငါသေသွားတဲ့ အခါ မြုပ်ပေးပါ မြေကြီးထဲမှာ ဘဝမှာ ကြောက်စရာဆိုတာ မရှိတော့တာ ငါ့အဖေသေပြီး ကတည်းက
တနေရာနဲ့ တနေရာ ဝေးလွန်းရင် မသွားဘူး ကိုယ့်ဟာကိုယ်တောင် ပျင်းလွန်းလို့ ထမင်းတောင် ညက်အောင်မဝါးဘူး
ဒါပေမဲ့လဲ အချိန်တန်တော့ ထမင်းစားဖို့ ပိုက်ဆံရှာ မိဘတွေရဲ့ အရိပ်အောက်မှာ ကြာကြာမရှိသင့်တာရော လက်ခံလား
သားတွေ သမီးတွေ မွေးရအုံးမယ် ကိုယ့်ဘက်က ပြည့်အောင်လုပ်ပြီးတော့ မပြည့်တဲ့သူတွေကိုလည်း ဖြည့်ရအုံးမယ်
အခုထက်ထိတော့ အနာဂတ်က ဝေဝါးတုန်းပဲ ဆိုပေမဲ့လည်း လူဖြစ်တဲ့ခဏမှာ ပျော်ပျော်ကြီး နေသွားအုံးမယ်
လူဖြစ်တဲ့ခဏ...ဒီကမ္ဘာကြီးထဲ... ဘောင်တွေ စည်းကမ်းများကြားထဲ ရူးတော့မယ်
နောက်လှည့်ကြည့်တော့ ဘာကျန်ခဲ့သလဲ မြူမှုန်များနဲ့..ဝေဝါးသွားမယ်
နှစ် ၆၀လား.. နေရမဲ့ဘဝ... ဝေပြီးခဲ့သမျှ အဆုံးမှာကြွေရတယ်မလား...
လူ့ဘဝဟာ..စွန့်ပယ်ဖို့.... ခက်တာ သံယောဇဉ်ကြိုး...များရယ် ချည်နှောင်ထား
လူဖြစ်တဲ့ခဏ...ဒီကမ္ဘာကြီးထဲ... ဘောင်တွေ စည်းကမ်းများကြားထဲ ရူးတော့မယ်
နောက်လှည့်ကြည့်တော့ ဘာကျန်ခဲ့သလဲ မြူမှုန်များနဲ့..ဝေဝါးသွားမယ်