Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ဂစ်တာအတူတူ ထိုင်ကာတီးခဲ့ဖူးတယ်
အသံကြောင်တွေနဲ့ အော်ကာဟစ်ခဲ့ဖူးတယ်
Vodka တွေကို Mixer မရောပဲသောက်ခဲ့
ရောင်နီမလာခင် မနက်ခင်းအထိကွဲတယ်
ရင်နာတယ် အတွယ်အတာတွေနဲ့
ကိုယ်စီရုန်းထွက်မရတော့ဘူး
အဆင်ပြေရင်လေ ပြန်လာခဲ့ပါ
အရင်အချိန်တွေလို ပြန်လည်ရူးမိုက်ကြမယ်
သူငယ်ချင်းရာ အနှောင်အဖွဲ့များ ခဏခွာချထား
ဒဏ်ရာတွေကို ပြန်ချုပ်ထိန်းမယ်
မပြေလည်တာတွေအကုန် ရင်ဖွင့်မယ့်ခဏတာ
အကုန်မြန်လွန်းခဲ့ တကယ်တိုတောင်းတဲ့ဘဝကြီးမှာ
လက်ချာအချိန်ဆို အတူတူလစ်ခဲ့ဖူးတာ
ရန်တွေဘာတွေဖြစ် ကောက်ကွေးဖူးတာ
နံရံပေါ်မှာ ဂရပ်ဖတီရေးခဲ့ဖူးတာ
ဒိုင်လျှိုနေရာမှာ တိုင်ထူပေးခဲ့ဖူးတာ
ရင်နာတယ် အတွယ်အတာတွေနဲ့
ကိုယ်စီရုန်းထွက်မရတော့ဘူး
အကုန်မြန်လွန်းခဲ့ တကယ်တိုတောင်းတဲ့
ဒီဘဝကြီးမှာ
အကုန်မြန်လွန်းခဲ့ တကယ်တိုတောင်းတဲ့
ဒီဘဝကြီးမှာ
အကုန်မြန်လွန်းခဲ့ တကယ်တိုတောင်းတဲ့
ဒီဘဝကြီးမှာ...