Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
နေသာတဲ့ နေ့လေး တစ်ရက်ရဲ့
တနင်္ဂနွေမှာ သူနဲ့ ချိန်းထားတယ်
အရင်တခါ ဆုံဖူးတဲ့ ပန်းခြံခုံလေးမှာ
မောင်လေ ရောက်နှင့်မယ်
ချစ်ရသူရယ် စိတ်ကူးနဲ့ ရောက်ကာနေပြီနော်
အတူတူ ချိန်းထားတဲ့ တနင်္ဂနွေဆီသို့
လွမ်းလွန်းလို့ အိပ်နိုင်မယ် မထင်ဘူး
ဒီနေ့လေး မရောက်ခင် အတူဆုံရင်
သူကြိုက်တဲ့ သီချင်းတွေ ဂျစ်ကားပေါ် ဖွင့်ပြီးကွယ်
အတူတူမြို့အနှံ့ လျှောက်လည်ပြီးတော့
ဘုရားစုံ အတူတူ လျှောက်ဖူးမယ်
ဘိုင်စကုတ် ဝင်ကြည့်မယ် ရေခဲမုန့်စားမယ်
သူသိပ်ကြိုက်ရတဲ့ ယနေ့ခေတ် သီချင်းတွေ အတူတူ ဆိုဖို့ကွယ်
ဆုံတွေ့ချင်ပြီ ချစ်ရသူနဲ့ တနင်္ဂနွေဆီ မှန်းလို့မျှော်ရီ
ပြုံးမိပြန်သည် လွမ်းရပြန်ပြီ
အတူတူနီးမယ့် ရက်တွေ
ဝေးလွန်းသလားလို့ မောင်လေ လက်ချိုးရေ
ဟိုတစ်ခါ သူပေးတဲ့ ရှပ်အင်္ကျီ အကွက်ကလေးကို
လုံချည်နဲ့ ဝတ်မယ်
မောင်ပေးတဲ့ မာဖလာ လည်စည်းလေး စည်းကာ
ရောက်လာမလားလို့
ကြိုတင် မှန်းစကာ ပျော်ရသည်
သူကြိုက်တဲ့ သီချင်းတွေ ဂျစ်ကားပေါ် ဖွင့်ပြီးကွယ်
အတူတူမြို့အနှံ့ လျှောက်လည်ပြီးတော့ ဘုရားစုံ အတူတူ လျှောက်ဖူးမယ်
ဗိုလ်ချုပ်ဈေး ဝင်ကြမယ် ဆီချက် ဝင်စားမယ်
သူသိပ်ကြိုက်တတ်တဲ့ ပုလဲ ပုတီးလေးတွေ မောင်ရှာဝယ်ပေးမယ်
ဘိုင်စကုတ် ကြည့်တုန်းလေ မောင်အနမ်းတွေ ပေးရင်
သူလေ စိတ်မကောက်ဘဲနဲ့ ခွင့်ပြုဖို့တော့ မောင်ဟာ မျှော်လင့်နေ
အိမ်ပြန်တဲ့အချိန် ရောက်ရင် မောင်လိုက်ပို့ပေးမယ်
လူမမြင်တဲ့ လမ်းထိပ်က လက်ပြပြီးတော့ မှိုင်ကာ ကျန်ခဲ့မယ်
ဆုံတွေ့ချင်ပြီ ချစ်ရသူနဲ့ တနင်္ဂနွေဆီ မှန်းလို့မျှော်ရီ
ပြုံးမိပြန်သည် လွမ်းရပြန်ပြီ
အတူတူနီးမယ့် ရက်တွေ
ဝေးလွန်းသလားလို့ မောင်လေ လက်ချိုးရေ