Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
ညလေညှင်း သာယာမှုမရှိဘူး မင်းရဲ့အတိတ်က ငါ ခဏတဖြုတ်ရစ်ဝဲ ဝတ်မှုံကုန်ချိန်မှာ ပျံဝဲသွားသော လိပ်ပြာများ
လရိပ်ညအောက်မှာ မြင်နေရတဲ့ လူတစ်ယောက် စိတ်ကနာ စကားသံတွေ ဆွံ့အလို့ မျက်လုံးတွေ မှိတ်ကာထား
ကံစီမံရာအတိုင်း မင်းရဲ့စိတ် အလိုကျငါ ဖြည့်ဆည်း မပေးနိုင်တဲ့ အခါ
နင်မေ့လိုက်တော့ ပတ်သက်သမျှတွေကိုငါ အသက်ထက်မက လွမ်းရက်က ရှည်လို့
ဟိုးအဝေးကြီးက လှမ်းကာ မြင်နေလည်း ငါဟာ တစ်ယောက်တည်း
အဖော်မဲ့သော လမ်းမှာ ခေါ်နေတယ် လှမ်းလာမလားးးးးး
အိပ်မက်က ဆုံးလို့အက်ကွဲ ပါးထက်က အလွမ်းသက်သေနဲ့
ထွက်သွားလိုက်ပါ ထွက်သွားလိုက်ပါ နင် ဒဏ်ရာတွေသာ ချန်ခဲ့........
နှုတ်ခမ်းလေး ခဏလောက် စေ့ထားပါ ပန်းလေးတွေ ရှက်သွားမှာစိုးလို့
ငိုမချလိုက်နဲ့နော် ပျံသင်စ ငှက်ကလေးတွေ တစ်ဖက်အနားမှာ မိုးခို
သူတို့ကို သနားလို့ မင်းအရိပ်တွေ ငါ့အပါးမှာ စိုးမိုး ဘ၀သမား ရိုကျိုးလို့....
မနုချင်လည်း မင်းအတွက်နဲ့ ငါရူးချင်တယ် ဘ၀ဆိုတာ ထင်သလောက် မလွယ်ဘူး ဖြတ်သန်းဖို့ခက်
ငါပေးတဲ့ အချစ်တွေ စာစီလို့ မရတဲ့ ငါတို့ကမ္ဘာ တည်မလို့ပျက်
ငါအမြဲတမ်း မက်ခဲ့တဲ့ အိပ်မက်အတိတ်က နာရီတချို့ တစ်ဝက်... Ohmm...
လေထဲမှာ ပျက်သုဉ်း အချစ်တစ်ခုနဲ့ ဘ၀က တည်ဆောက်လို့ မရ
ဂုဏ်ငွေနဲ့ ကျော်ကြားမှု ဆိုတာလည်း ရှိသလောက် မရိုးသား
ဒါတွေကို မင်းမိဘတွေ မသိလဲ သိအောင်လို့ ငါရှင်းပြလို့မရ
အလကား အလင်းများ တိုးမလာတဲ့ အမှောင်ထဲက မင်းဘ၀ကို ငါရင်လေးတယ်
လူ့ဘ၀က အရှည်ကြီး ဘာတွေကြုံမလဲ အတိအကျ မမြင်သေးတဲ့ ခဏ
ပျော်စရာတွေ အများကြီးထဲ မျက်စိမှိတ်လျှောက်ဖို့ ဝန်လေးဆဲ ငါကြောက်လို့
ငါလွမ်းတိုင်း မင်းအနားရောက်ဖို့ ဘယ်တော့မှ မကြိုးစားတော့ဘူး နောက်ဆို...
ကံစီမံရာအတိုင်း မင်းရဲ့စိတ် အလိုကျငါ ဖြည့်ဆည်း မပေးနိုင်တဲ့ အခါ
နင်မေ့လိုက်တော့ ပတ်သက်သမျှတွေကိုငါ အသက်ထက်မက လွမ်းရက်က ရှည်လို့
ဟိုးအဝေးကြီးက လှမ်းကာ မြင်နေလည်း ငါဟာ တစ်ယောက်တည်း
အဖော်မဲ့သော လမ်းမှာ ခေါ်နေတယ် လှမ်းလာမလားးးးးး
အိပ်မက်က ဆုံးလို့အက်ကွဲ ပါးထက်က အလွမ်းသက်သေနဲ့
ထွက်သွားလိုက်ပါ ထွက်သွားလိုက်ပါ နင် ဒဏ်ရာတွေသာ ချန်ခဲ့........
အလွမ်းတွေတော့ ကျန်သေးတယ် ရင်ဘက်ထဲမှာ တံခါးဖွင့်ထားဆဲ
လက်သည်းဆိပ် တက်နေတဲ့ ငါကျောပြင် တစ်ခုလုံး မင်းနှုတ်ခမ်းကြောင့် ဖျားချင်လာတယ်
ငါပြောတဲ့ အဓိပ္ပါယ်နားဝင်လား မင်းနဲ့ငါ လျှောက်ရမယ့်လမ်းက တစ်ဖက်စီ သွားချင်ရာသွား
ငါ့အမြင်က တစ်ချိန်မှာ မလိုအပ်ဘူး ထင်တဲ့ ဘ၀ အဆင်တန်ဆာများ
တကယ်တမ်းသာ မရှိခဲ့ရင် တစ်ချိန်မှာ စိတ်ညစ်ရမယ် မိန်းခလေးပဲ လှချင်မှာပါ
အဲ့ဒီအချိန် ငါဘာမှမတက်နိုင်လို့ ငါ့ရဲ့လက်ကို နင်ကိုင်လို့
တွဲထားချင်မှာလား
ငါ့အသံရော အမြဲကြားချင်မှာလား ငါသိတယ် နင်ငါ့ကို ခွဲသွားချင်မှာ
သာယာတဲ့ ဘ၀ကို လှမ်းဖို့ နောက်တစ်ယောက်ရဲ့ ရင်ခွင်ထဲကို
လှမ်းလို့လျှောက်
နင်ရူးသွပ်ပါတဲ့ ဆိုတဲ့ တစ်ချိန်က အချစ် အနမ်း အလွမ်းတို့ပျောက်
မင်းက နေ့ ငါက ည မင်းနဲ့ငါ အဝေးကြီး ကမ္ဘာကခြား
တကယ်ဆို အရေးကြီးတာက ဘ၀ ပါးစပ်က ပြောနေကြတဲ့ အချစ်မဟုတ်ဘူး မင်းသိပါ ကလေးရယ်
ရင်ထဲမှာတော့ မင်းရှိပါသေးလည်း အဝေးကသာငါ ကြည့်ကာပေးမယ်