Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
𝅘𝅥𝅮
လေထုထဲ မျောသွားတဲ့
ငါရဲ့ စီးကရက် ငွေ့လေးတွေထဲမှာ
မင်းပုံရိပ်တွေ ခဏ မြင်လိုက်သလို
အိုဟိုး ငါ့ ပြတင်းတံခါးရဲ့ နောက်ကွယ်က
မင်းခြေလှမ်း သံလေးတွေကို ကြားမိသလို
𝅘𝅥𝅮
တစ်နေကုန် ငါ့ဦးနှောက်ရဲ့ အတွေးထဲမှာ
မင်းပုံရိပ်တွေ အမြဲလို လာကြီးစိုး
တကယ်ကို ငါ့ နှလုံးသားက ခိုင်းစေသမျှ
ငြင်းဆန်ဖို့ရာ ငါ့မှာ အင်အားမရှိလို့
𝅘𝅥𝅮
အမြဲတမ်း မက်နေကျ မဟုတ်တဲ့
ဒီ အိပ်မက်ဆန်း တစ်ခုကို မက်မိသလို
နောက်ထပ် အသက်ရှင်ဖို့
မျှော်လင့်ချက် တချို့ကို
လက်ဆုပ်လက်ကိုင် ရလိုက်သလို အိုး…
𝅘𝅥𝅮𝅘𝅥𝅮
အိပ်မက်တစ်ခု ဖြစ်လာ တဲ့ ညနေခင်း
မင်းရနံ့လေးတွေ သယ်ဆောင်လာ ပေးတဲ့ လေညင်း
စိတ်ကူးယဉ် လိပ်ပြာလေးတွေ ငါ့မြင်ကွင်းမှာ ပြည့်နေ
မင်းဓာတ်ပုံလေး ငါ ငေးကာ ထပ်ကာ ထပ်ကာ ဆွေး
𝅘𝅥𝅮𝅘𝅥𝅮
ငါဟာ တိမ်တိုက်တစ်ခု ဖြစ်သွားရင်တော့
မင်းဆီ လွင့်ကာလွင့်ကာ လာမယ် အခု
အလိုလို ပျက်စီး လွင့်ပျောက် မသွားချင်လို့
မင်းအရိပ်လေးတွေ ရှိရာပဲ ငါ
Dreaming on you Dreaming on you
Dreaming on you No No No
𝅘𝅥𝅮
အဖြေမရှာ တတ်တော့ပါ
မင်းပေးတဲ့ အိပ်မက်တွေထဲမှာ
တို့ဟာ လက်တွေ့ဘဝနဲ့ ဝေးပြီးရင်းကွာ
မင်းမျက်ဝန်းထဲမှာ ကျပျောက်လို့သွားတဲ့
ငါ့ရဲ့အသက်ရှူသံလေးများ
ပြန်မရချင်တော့ပါ မင်းသာ သိမ်းပိုက်လိုက်ပေါ့ တစ်သက်လုံးစာ
မင်းအပြောလေးများမှာ အထင်းသား တွေ့ရတဲ့
ငါ့အတွက် ကြက်ခြေခတ် ကလေးများ
မျှော်လင့်ချက် ထားနေခဲ့တာ မှားများ မှားနေပြီလား..
𝅘𝅥𝅮𝅘𝅥𝅮
မင်းမျက်ဝန်းထဲ ပေါ်နေတဲ့ အဓိပ္ပာယ်လေးတွေ
ငါ ဘာကြောင့်နားမလည် နိုင်တာကို တွေးပြီး ဝန်လေး
ခရမ်းရောင် ပန်းပွင့်လေးတွေ ငါ့နံဘေးမှာ လွင့်ကြွေ
မင်းအိပ်မက်ထဲမှာ တို့ဟာ တေးဆိုငှက်ငယ်လေး
𝅘𝅥𝅮𝅘𝅥𝅮
တိမ်တွေကို ငေးရင်း မင်း နားဆင်ဖို့
တို့ရင်ထဲက စကားတွေ ဆိုနေမယ်
လေဟာ နယ်ထဲ ရောက်လို့ သွားသလိုမျိုး
အခုဆို နေ့တွေညတွေ ထိုင်ပြီး ငါ
Singing for you Singing for you
ဒါ မဖြစ်သင့်တော့ဘူး No No No
𝅘𝅥𝅮
အိပ်မက်တွေ မက်နေလို့
မင်းအကြောင်း နေ့ရက်တွေ ဆက်နေလို့
စဉ်းစားဦး ရှေ့ဆက်ရင် ခက်မှာမို့
တချို့အချိန်တွေမှာ ရင်ခုန်တာ
ထိန်းချုပ်ထားပေမဲ့လို့
သက်တန့်တွေ လှနေချိန်မှာရော
သစ်ရွက်တွေ ကနေချိန်မှာရော
နေ့တွေရောညတွေရော
My clock is sticking for you…