Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
မင်းနဲ့ငါ မသက်ဆိုင်တော့ပေမဲ့
ဒီအခေါ်အဝေါ်လေး အတိုင်း ဆက်ရှိချင်မိတယ်
ရှင်သန်နေခွင့် တစ်ခုကို ငတ်မွတ်သလို
သံပတ် ပေးထားရတဲ့ ခနတာတိုင်းကို
အမြန်ထွက်ပြေး လွတ်မြောင်ချင် ဘဝစက်ဝိုင်းရဲ့
ခြားနားချက်တွေ ကြားက ငါ့အတွက် ရပ်တည်ခဲ့တဲ့
မိန်းကလေး ငိုမနေစေချင်ဘူးကွယ်
နေဝင်ချိန်တွေ အတူ ကျော်ဖြတ်ဖို့ တို့ရဲ့ လက်တွေ မြဲမယ် ထင်ခဲ့
ငါ့ရင်ဘတ်မှာ ကြက်ခြေခတ်တွေနဲ့ ဒီညနေ ဘက်မှာ ရပ်နေခဲ့ပါမယ်
မတွေ့ခဲ့ကြရင် ကောင်းမယ် ငြိမ်သက်နေတဲ့ မင်းကမ္ဘာလေးမှာ
ထိရှသွားတော ကိုယ်လွန်တာပေါ့ကွယ်
ဘယ်လိုမှ မေးခွန်းမထုတ်ပါနဲ့ ဘယ်အချိန် မင်းကို မေ့သွားလိမ့်မယ် ငါ့ကို အစားထိုးလိုက် အချစ်ရယ်..
သံသရာ လည်နေတိုင်းပေါ့ကွယ် နှလုံးအိမ်ထဲမှာ ကြွင်းကျန်ရစ်နေမဲ့ ရုပ်ကြွင်းငယ်
စွဲလန်း ပတ်သတ်ခဲ့သမျှ ငါ့အတ္တတို့ ဆင်ကြယ်
သံယောစဉ် ဖြတ်လိုက်ကြဖို့ လမ်းလည်း လုံးဝမမြင်ခဲ့
အေးစက်စက် ခါးသက်သက် နိုးထမဲ မနက်တွေရယ်
ပြတင်းတံခါးဝမှာ အလွမ်းစာရွက်တွေ ဝဲ_
တိမ်နိုင်လို လေနှင်ရာ ဂျူးလွန်းလို့ ပျောက်ရု
ကိန္ဒရီ ကိန္ဒရာ ချောင်းခြားတဲ့ ဖူးစာ
နာကျင်ခြင်း လွင်ပြင်ထဲ ငါပျံသန်းရင်း
နှုတ်ဆက်လိုက်ပါတယ် အချစ်ရယ် အဝေးဆုံး ဝေးနေမယ်
သက်သေ မျက်ရည်တွေနဲ့ ဆုံးဖြတ်လိုက်တော့လေ ရွက်ကြွေအိမ်မက်
ငါ့ရင်ဘတ်မှာ ကြက်ခြေခတ်တွေနဲ့ ဒီညနေ ဘက်မှာ ရပ်နေခဲ့ပါမယ်
မတွေ့ခဲ့ကြရင် ကောင်းမယ် ငြိမ်သက်နေတဲ့ မင်းကမ္ဘာလေးမှာ
ထိရှသွားတော ကိုယ်လွန်တာပေါ့ကွယ်
ဘယ်လိုမှ မေးခွန်းမထုတ်ပါနဲ့ ဘယ်အချိန် မင်းကို မေ့သွားလိမ့်မယ် ငါ့ကို အစားထိုးလိုက် အချစ်ရယ်..
သံသရာ လည်နေတိုင်းပေါ့ကွယ် နှလုံးအိမ်ထဲမှာ ကြွင်းကျန်ရစ်နေမဲ့
မတွေ့ခဲ့ကြရင် ကောင်းမယ် ငြိမ်သက်နေတဲ့ မင်းကမ္ဘာလေးမှာ
ထိရှသွားတော ကိုယ်လွန်တာပေါ့ကွယ်
ဘယ်လိုမှ မေးခွန်းမထုတ်ပါနဲ့ ဘယ်အချိန် မင်းကို မေ့နိုင်မလဲ
ငါ့ကို အစားထိုးလိုက် အချစ်ရယ်..
သံသရာ လည်နေတိုင်းပေါ့ကွယ် နှလုံးအိမ်ထဲမှာ ကြွင်းကျန်ရစ်နေမဲ့ ရုပ်ကြွင်း... ငယ်
သံသရာ လည်နေတိုင်းပေါ့ကွယ် အမြဲတမ်း အမြဲတမ်း အမြဲတမ်း