Songs ↓
Thanzin

Controls

Display, spacing, and layout

Reset to default

Columns

1 cols

Select 1 to 4 columns for reading.

Original key

Re-anchor the chords to the key you actually play in.

Capo

0
- 0 +

Lower the shapes without changing the pitch.

Play as

Set an original key first

Transpose

Key: N/A -> Em
-+0 +

Shift chords up or down.

Accidentals

Write chords with sharps or flats.

Display

Choose overlay or lyric view.

Line spacing

0px

Adjust lyric and chord line height.

Label width

2.4x

Widen the section-label column.

Key - N/A Original key - Em
Intro:
G D C D
Round Chord:
G D Em C

ငါ့ရင်ဘက်ထဲမှာ အခုဆို ဟောင်းလောင်းပေါက်တွေနဲ့

အသံတွေ ဆွံ့အ အာခေါင်ထဲက သွေ့ခြောက်နေခဲ့

ငါသာ တန်ခိုးရှိရင် အခုဘ၀မှာ တောင်းဆုတစ်ခုတည်း

အခွင့်အရေးတစ်ခုကို နောက်ထပ် ရချင်တယ်

ငါလက်ပြလို့ နှုတ်ဆက်ရင်း ရင်မှာ ဆို့လာခဲ့

ကြိုးစားထိန်းထားလည်း ယောက်ျားတန်မဲ့ မျက်ရည်စို့ပါတယ်

မျက်နှာချင်းဆိုင်ရ ခက်လို့ မျက်နာလွှဲပေမဲ့

နံရံကြမ်းပြင်နဲ့ မျက်နှာကျက်မှာ နင့်မျက်ဝန်းတွေပဲ

မသွားနဲ့ နင်မသွားပါနဲ့ ငါကို မထားခဲ့ပါနဲ့

ဒီစကားတွေ ကြားရဲ့သားနဲ့ ဘာကြောင့်မို့ နင်ထားခဲ့တာလဲ

ငါနားလည်ပါတယ် ဒါကနင့်ရဲ့ အခြေအနေပေါ့

ငါ့ဖက်ကတော့ အသည်းတွေ ကြွေလည်း နေပါစေတော့

Please, please ငါအောက်ကျို့ပြီးတော့ တောင်းပန်တယ်

ဆိုးရွားလွန်းတဲ့ အတိတ်ဘ၀ရဲ့ အကြောင်းကံရယ်

အခုအရွယ်အထိ အချစ်တွက်ဆို အကျိုးနည်းနေဆဲ

လေယာဉ်ပျံကြီး ထွက်ခွာသွားတယ် မိုးထဲလေထဲ

Cho

ဖြူဖြူစင်စင် ကောင်မလေးကို တကယ် ကြင်ကြင်နာနာ ချစ်ခဲ့လည်း

ဘာမှရေရေရာရာ မတွဲရသေးခင် မြန်မြန်ဆန်ဆန် လမ်းခွဲပြီ

ကျွန်တော် ပျော်ပျော်ရွှင်ရွှင် နေခဲ့ဖူးတယ်

ကျွန်တော် ယုံယုံကြည်ကြည် ချစ်ခဲ့ဖူးတယ်

အခုတော့ နာနာကျင်ကျင် နှုတ်ဆက်ရပြီ ဟေး တာ့တာ...

Round Chord:
G D Em C

နင်ပြေးလို့ ထွက်သွားပြီး ငါဆွေးလို့ကျန်ခဲ့ ပိုးသား လေကြောင်းနဲ့ နင်အဝေးသို့ပျံခဲ့

ရေမြေခြားခဲ့ပြီ ဘ၀တွေက ခြားခဲ့ပြီပဲ အခြေအနေ ကွာခြားခဲ့ပြီ ကမ္ဘာခြားခဲ့

နင်မဖတ်ဖြစ်တဲ့ ငါ့ email တွေလည်း တစ်နေ့ကို အစောင်တစ်ရာမက

အဘိုးကြီးဖြစ်တဲ့ အချိန်တွေထိ ငါငေါင်မှာလား ခက်တယ်

ဖုန်းတွေ ဆက်ပါတယ် on line ပေါ်မှာ တက်ရှာတယ်

စိန်ရွှေငွေ စည်းစိမ်တွေထက် နင့်ကိုပိုပြီး မက်ပါတယ်

အသွင်မတူတဲ့ လူတွေထဲ ဘယ်သူ့လက်ကို မင်းတွဲမလဲ

မင်းပေါင်းတဲ့ ကောင်တွေထက် ငါကအရာရာ ဆင်းရဲတယ်

ဗလာနဲ့ သုညပဲ မခုန်ချတာ မမှားဘူးပေါ့ လက်ထက်ဖို့ မျှော်လင့်ချက်တွေအဖျားရှူးရော

သွားပြီ မိုင်ပေါင်းများစွာ ကုဋေကုဋာကို ပြန်ဆုံဖို့ လမ်းစက မရေမရာမို့

ဒီရင်က ဝေဒနာမျိုး သိပ်ဆိုးလို့ ခြေမှိုင်လက်မှိုင် ဒီဘ၀တော့ ဒီမျှပဲပေါ့ baby bye bye

Cho

ဖြူဖြူစင်စင် ကောင်မလေးကို တကယ် ကြင်ကြင်နာနာ ချစ်ခဲ့လည်း

ဘာမှရေရေရာရာ မတွဲရသေးခင် မြန်မြန်ဆန်ဆန် လမ်းခွဲပြီ

ကျွန်တော် ပျော်ပျော်ရွှင်ရွှင် နေခဲ့ဖူးတယ်

ကျွန်တော် ယုံယုံကြည်ကြည် ချစ်ခဲ့ဖူးတယ်

အခုတော့ နာနာကျင်ကျင် နှုတ်ဆက်ရပြီ ဟေး တာ့တာ...

Bridge

အတူတူ မဆုံနိုင်တာဟာ သေချာသွားပြီ

ဘာတွေရယ် ဘယ်လိုဖြစ်သွားလဲ

နာကျင်ခြင်းကို ဟန်လုပ် ပြုံးနေလဲ ငါ့နှလုံးသား ကွဲကြေပြီ

Cho

ဖြူဖြူစင်စင် ကောင်မလေးကို တကယ် ကြင်ကြင်နာနာ ချစ်ခဲ့လည်း

ဘာမှရေရေရာရာ မတွဲရသေးခင် မြန်မြန်ဆန်ဆန် လမ်းခွဲပြီ

ကျွန်တော် ပျော်ပျော်ရွှင်ရွှင် နေခဲ့ဖူးတယ်

ကျွန်တော် ယုံယုံကြည်ကြည် ချစ်ခဲ့ဖူးတယ်

အခုတော့ နာနာကျင်ကျင် နှုတ်ဆက်ရပြီ ဟေး တာ့တာ...

About this song
Writers
Unknown
Albums
Unknown
Release year
Unknown
Language
Level
Created by
a******9@gmail.com