Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
လွယ်လွယ်ကူကူလေး မေ့ပစ်လို့ရမလား မင်းဒီစကားကို နောက်တစ်ခါ ပြောရင် နားထောင်ဖို့ ခွန်အား မရှိလို့ပါ
နင်ဆိုတဲ့ ခံစားချက်နဲ့ငါ အသက်ဆက်ခဲ့ ရတော့လည်း ရူးမလို စိတ်ထိခိုက် ငါကြေကွဲ ပဲ့ကြွေကျခဲ့
ရစ်ပတ်ထားတဲ့ တို့နှောင်ကြိုးတွေ ပြတ်တဲ့အချိန် ရောက်ပြီ ကူရာမဲ့ နေပါတယ် တိတ်တခိုး ငိုနေဆဲ ဘယ်လိုဆက် လုပ်ရမယ်
ကန်ရေပြင်တွေ ပေါ်မှာ ပြန့်ကျဲသွားတဲ့ အလွမ်းတွေ မင်းကို ဆုံးရှုံးရမယ်လို့ အိပ်မက်တောင် မမက်ခဲ့ အချစ်ကြီးသူသာ ရှုံးရစမြဲပဲ
ရှေ့ဆက်ကြဖို့ ခက်တာ သိပေမယ့် မင်းအနားပဲ ရှိချင်တဲ့ မျှော်လင့်ချက်တွေနဲ့ အခြေနေတွေ ပိုဆိုးအောင် အမှားတွေ လွန်ခဲ့
မင်းလည်းပဲ သိပ်ချစ်တာ သိသားနဲ့ လက်မလျှော့ချင် ပါဘူးကွယ် မာနတွေ တို့နှစ်ယောက်ကြားမှာ မရှိရင် သိပ်ကောင်းမယ်
Let’s say good bye, baby, this time တို့တွေ တစ်သက်စာ ဝေးလို့နေလိုက်
နောက်ဆုံးသော စကား မျက်ရည်တွေ ကြား၊ အနာဂတ်ဆီ ကျောခိုင်းပြီး ဆက်လျှောက်သွား
တစ်ချိန်ချိန်မှာ မင်းသိလိမ့်မယ် ဒီလိုအခက်ခဲဟာ သတ္တိရှိရင် တို့နှစ်ယောက် ဖြတ်ကျော်နိုင်ဦးမှာ
ဖွင့်ဟပြောဖို့ သိပ်ခက်နေတယ် ငါ့ဘက်က အနေအထားလေး မင်းသိခဲ့ရင် ခွင့်လွှတ်ပေးမှာပါ
အိပ်မရတဲ့ ညများစွာထဲ နင်ဘယ်လို နေမယ် ငါစိတ်ပူတယ်၊ မင်းအနာဂတ်မှာ ငါ့ပုံရိပ်ကို မေ့သွားရင် ကောင်းမယ်
နာကျင်မှု ကိုယ်စီနဲ့ ဝေးကွာ အဆင်ပြေတဲ့သူ နင်တွေ့သွားမှာ ကြည်နူးစရာ တို့ရဲ့ကတိတွေဟာ အတိတ်မှာ အိပ်မောကျ
Let’s say good bye, baby, this time တို့တွေ တစ်သက်စာ ဝေးလို့နေလိုက်၊
နောက်ဆုံးသော စကား မျက်ရည်တွေကြား၊ အနာဂတ်ဆီ ကျောခိုင်းပြီး ဆက်လျှောက်သွား
Let’s say good bye, baby, this time တို့တွေ တစ်သက်စာ ဝေးလို့နေလိုက်၊
နောက်ဆုံးသော စကား မျက်ရည်တွေကြား၊ အနာဂတ်ဆီ ကျောခိုင်းပြီး ဆက်လျှောက်သွား