Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
Happy Birthday Happy Birthday Happy Birthday
( ) x2
နေသာချိန်နေ့လေးတစ်နေ့ ဟေ့ချစ်သူမွေးနေ့လေး
အပြင်ထွက်ပြီးတော့ အမှတ်တရလက်ဆောင်လေးဝယ်
ချစ်သောသူပျော်ရွှင်စေဖို့Birthday ကိတ်မုန့်လေး
ငါဝယ်ပြီးတော့ မင်းဆီအရောက်လာခဲ့မယ်
ဟေ့ မွေးနေ့မှာလှလိုက်တာ မင်းရုပ်ပုံကြည့်ရတာ
အသက်တစ်နှစ်ထပ်ကြီးသွားပေမယ့် အရင်လိုလတ်ဆတ်နေသေး
အေးအေးဆေးဆေးအိပ်လိုက်စားလိုက်နေနိုင်ပါစေ
သက္ကရာဇ်များစွာထဲဝယ် နင့်နားမှာဆံပင်ဖြူသည်အထိငါပြုစုချင်တယ်
ငါတို့အဖိုးကြီး အဖွားကြီးဖြစ်ချိန်အထိဝယ်
သွေးတိုးနဲ့နှလုံးရောဂါ အသည်းရောဂါလေးဖက်နာ
ကိုးဆယ့်ခြောက်ပါးရောဂါများ အရာရာကင်းဝေးစေသား
အို ငါချစ်သောသူ အနှစ်တစ်ရာတိုင်နေကောင်းပါစေဆုတောင်းရင်း
အို Happy Birthday ချစ်သူ ယနေ့မှစ၍ပျော်ရွှင်ကျန်းမာစေ
( ) x2
နင်လိုရာသွားတဲ့ခရီးတိုင်းမီးပွိုင့်စိမ်းပါစေ
ဒီမြို့ထဲ ကားတွေသိပ်ကျပ်လွန်းတယ်
ပေါ်သမျှအရာတွေ အကုန်ပိုင်တဲ့သူတစ်ယောက်ဖြစ်ပါစေ
နင်ဝယ်စားတဲ့ဟင်းတိုင်း အမြဲဆီသန့်စေ
မိုးတွင်းမှာမြောင်းပိတ်ကာ မီးကမလာတဲ့အရပ်မှာ
ကလေးလေးတွေမြူး လက်ပစ်ကူး ဒါပေမယ့်မင်းမရှိသင့်ဘူး
အို ငါချစ်သောသူ အနှစ်တစ်ရာတိုင်စိတ်ချမ်းသာစေဆုတောင်းရင်း
အို Happy Birthday ချစ်သူ ယနေ့မှစ၍ပျော်ရွှင်ကျန်းမာစေ
( ) x2
အို ငါချစ်သောသူ အနှစ်တစ်ရာတိုင်စိတ်ချမ်းသာစေဆုတောင်းရင်း
အို Happy Birthday ချစ်သူ ယနေ့မှစ၍ပျော်ရွှင်ကျန်းမာစေ
ဟေး ယနေ့မှစ၍ပျော်ရွှင်ကျန်းမာစေ