Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
အလုပ်ပြီး အိမ်ပြန်တဲ့ချိန် ဘယ်သူမှမရှိဘူး
ဆီဆားမပါ ဒီထမင်းနဲ့ ဒီဟင်းအေးများ
ဆန္ဒတွေ အိုဘဝနဲ့ တစ်ထပ်ထဲမကျဘူး
အနာဂတ်ကို စိတ်ကူးရင် ကြိုမတွေးရဲဘူး
စိတ်ပျက်လို့မနေနဲ့ အချိန်ခဏတော့ စောင့်ပါဦး
နောက်တစ်နေ့ နေရောင်ခြည်အောက်မှာ
တို့မိသားစုရဲ့ အိမ်ကလေးကို နွေးထွေးမှုတွေနဲ့
ပြန်ပြီးတော့ အရောင်စုံသွားမှာပါ
အချိန်ခဏတော့စောင့်ပါကွာ
ငှက်ကလေးတွေ ငါ့အကြောင်းကိုတောင် သိပါ့မလား
မမြင်ဖူးတဲ့ လူတစ်ယောက်လိုမျိုး စိမ်းနေမလား
အရင်ဘဝက ဆုတောင်းတွေများ နည်းခဲ့သလား
ဒီဝဠ်ကြွေးကြေပါတော့ ငါအိမ်ပြန်ရောက်ချင်ပြီ
အို စိတ်ပျက်လို့မနေနဲ့ အချိန်ခဏတော့ စောင့်ပါဦး
နောက်တစ်နေ့ နေရောင်ခြည်အောက်မှာ
တို့မိသားစုရဲ့ အိမ်ကလေးကို နွေးထွေးမှုတွေနဲ့
ပြန်ပြီးတော့ အရောင်စုံသွားမှာပါ
အချိန်ခဏတော့စောင့်ပါကွာ
End - (အိုခဏလေးပါပြန်ရမှာမလိုတော့ပါ) x4
FINE