Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
-
နေရာသစ်တခုမှာ မင်းမွေ့ပျော်လည်း နယ်မြေဟောင်းလေးကို မေ့မရနိုင်ခဲ့ ဒီလိုပဲ ငါ့အဖြစ်ကလည်း အချစ်ဆုံးတော့ မေ့မရခဲ
-
သာယာမှုတစ်ခုကို အချစ်လို့ထင်ခဲ့ မတော်တဆ စိတ်ကစားမိချင်လည်း တကယ်အချစ်မှ မဟုတ်ခဲ့ပဲ တကိုယ်ကောင်းစိတ် ထားမိခဲ့
-
ကျရှုံးမှုဒဏ်များနဲ့ ဒုက္ခတွေကြား မလိုလားအပ်တဲ့ သွေးထိုး စကားများကတား
အခက်အခဲများထဲ ဖေးမခဲ့ အလင်းတန်းလေး အလား နင်ဟာ ဘုရားကပေးတဲ့ ငါ့ရဲ့ကမ္ဘာ
-
တန်ဖိုးထားရမှန်း မသိတော့ ဥပစ်ခါပြု ဝေးသွားမှ မင်းအချစ်ကို တမ်းတကာရူး နောက်ကျသွားတဲ့ အမှားတချို့နဲ့ ငါမပြောထွက်လိုက်တဲ့ စကားတချို့ရယ်
ပြန်လာချင်တယ် ပြန်ခုံမင်တယ် ငယ်စဉ်တုန်းက အမှတ်တရ မြို့ဟောင်းလေး
ပြန်လိုချင်တယ် ငါမျှော်လင့်မိတယ် တချိန်တုန်းက ချစ်သူလေး မင်း…ကို
လွမ်းမိတယ် ငါလွမ်းမိတယ် Oh…Oh…Ohh Ohhh လွမ်းမိတယ် ငါသတိရတယ်
-
ဒီမြို့လေးထဲမှာ အမှတ်တရတွေ အပြည့် မူကြိုကျောင်းလေးက ဒန်းစီးချင်သေး အမေပေးတဲ့ ထမင်းဘူးလေး ကျွန်တော် အခုထိ လုံးဝမမေ့
-
အသက်ကြီးတော့ မင်းလေးကိုတွေ့ ငါထပ်ပီးတော့ အမှတ်တရတွေပြည့် သူမပြောတဲ့ စကားလုံးလေး ကျွန်တော် အခုထိ လုံးဝမမေ့
-
မြို့ပြမှာ ငါ့အတွက် အေးချမ်းဖွယ်မရှိ များပြားတဲ့ ကားများကြောင့် အမြဲနားတွေညည်း
ငါသတိရတော့မှ လွမ်းမိခဲ့ နယ်မြို့လေးနဲ့ အခုတော့ အဝေးကြီးပဲ
-
အလွမ်းများရဲ့ ဒဿနကို မင်းနဲ့အတူတွေးမယ် ကြယ်လေးများရဲ့ အကြောင်းများကို သီချင်းစပ်လို့ ရေးမယ်
ရင်ဘတ်တခုလုံးက မင်းလေးအတွက် နွေးတယ် နှလုံးသားရဲ့ အနီးဆုံးထိ ထွေးဖက်ပေးမယ်
ပြန်လာချင်တယ် ပြန်ခုံမင်တယ် ငယ်စဉ်တုန်းက အမှတ်တရ မြို့ဟောင်းလေး
ပြန်လိုချင်တယ် ငါမျှော်လင့်မိတယ် တချိန်တုန်းက ချစ်သူလေး မင်း…ကို
လွမ်းမိတယ် ငါလွမ်းမိတယ် Oh…Oh…Ohh Ohhh လွမ်းမိတယ် ငါသတိရတယ်