Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
အားလုံးက မှောင်မဲလို့ ငါ့ရဲ့ဝိဥာဉ်နဲ့ငါ
ပြတင်းပေါက်က ခုန်ချဖို့ တိုင်ပင်ခဲ့တာ
အိပ်မက်ထိ ဝင်ရောက်လို့
အလင်းဓာတ်များ ပြန်ရောက်ဖို့
စကားလုံး တစ်စုကို ငါသယ်ဆောင်ခဲ့တာ
ငါဘာမျှော်လင့်ပြီး ဘာလိုချင်
ကိုယ်တိုင် မသိတော့လို့
မကြင်နာတတ်တဲ့ ဒီကမ္ဘာမြေမှာ
ငါ ပါဝါ မရှိတော့လို့
Wow wow wow ငါစိတ်ဓာတ်ကျနေပြီလား
Wow wow wow ငါစိတ်ဓာတ်ကျနေပြီ
Wow wow wow ငါစိတ်ဓာတ်ကျနေပြီလား
Wow wow wow
အရူးလိုဘဲ ငါတစ်ယောက်တည်း
ရင်ခုန်နှုန်းတွေ မြန်နေလို့ အဝါရောင် စွဲလမ်းမှုနဲ့
ဖယ်ထားခဲ့ ငါ့အနာဂတ် လူတွေကြားထဲ အားမနာတတ်
နာမည်ကြီးဖို့ အမြဲငါမတွေး
ဒါပေမဲ့ ငါ့အတိတ်ငါရေး
ကျန်တာအတိကျ မသိချင်ဘူး
နေနေရတဲ့ ဘဝမှာ ဂေါက်တယ်
ရင်ဘတ်ထဲမှာ တစ်ဆစ်ဆစ်နဲ့ ကိုက်ခဲလွန်းလို့ပါ
ငါဘာမျှော်လင့်ပြီး ဘာလိုချင်
ကိုယ်တိုင် မသိတော့လို့
မကြင်နာတတ်တဲ့ ဒီကမ္ဘာမြေမှာ
ငါ ပါဝါ မရှိတော့လို့
Wow wow wow ငါစိတ်ဓာတ်ကျနေပြီလား
Wow wow wow ငါစိတ်ဓာတ်ကျနေပြီ
Wow wow wow ငါစိတ်ဓာတ်ကျနေပြီလား
Wow wow wow