Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
နင်ပျော်ရင် ပြီးတာပဲ ငါ့အသဲလေးကွဲတော့
ဒီလိုသာ မေ့မရတဲ့ အဖြစ်ကြောင့်
ဒဏ်ရာတွေ ရခဲ့ရင်လည်း ခံစားပေးချင်တယ်
တကယ်ပါ ကံမပါရင် ဝေးရမဲ့ အဖြစ်တို့
မခံနိုင်အောင် အရူးတစ်ယောက်မို့
စွဲလမ်းနေတာ နင်သိဖို့ အရာရာပေးမယ်
တစ်ယောက်ထဲ လမ်းတွေ လျှောက်နေရင်းနဲ့ အရက်ဖြစ်နေရင် ပြီးရော ကြုံရာ သောက်ပြောင်း
နှလုံးသားရဲ့ ဒဏ်ရာ အောက်ခြေထဲမှာ နက်ရှိင်းစွာ တိုက်ခိုက်သွားတဲ့ ဆောင်းလေညှင်းက ပြောတယ်
မင်းတိုင်းတစ်ပါးမှာ အဆင်ပြေတာ ကြားရတော့ ဝမ်းသာတယ် မကောင်းဆိုးဝါး အရိပ်မည်းက တံခါးဝမှာ လှမ်းလာလည်း
ကိုယ်ရောစိတ်ပါ ကျန်းမာတယ် ခုမှထပြီး လွှမ်းရှာတယ် ပြောလို့ ချမ်းသာချင်တယ် မတွေးနဲ့ ဟေးရို့. .
အဓိပ္ပာယ်တွေ ပြည့်လို့ အတိတ်ရယ်တွေ တွေးဖို့ နေဝင်ဖို့ တိမ်ရဲ့နောက်မှာ အရိပ်ကွယ်နေသေးလို့
ချစ်တဲ့ စိတ်လွယ်တွေ မမေ့လို့ Rapper ဆိုတော့ Rapper လိုပဲ ဟေ့ရို့ ဟေ့ရို့
နှလုံးသား ထဲက ဒဏ်ရာတွေ မင်းသိဖို့ရာ
သိပ်နာကျင်တဲ့ အကြောင်းတွေ မပြောတော့ပါကွာ အချစ်ရာ
နင်ပျော်ရင် ပြီးတာပဲ ငါ့အသဲလေးကွဲတော့
ဒီလိုသာ မေ့မရတဲ့ အဖြစ်ကြောင့်
ဒဏ်ရာတွေ ရခဲ့ရင်လည်း ခံစားပေးချင်တယ်
တကယ်ပါ ကံမပါရင် ဝေးရမဲ့ အဖြစ်တို့
မခံနိုင်အောင် အရူးတစ်ယောက်မို့
စွဲလမ်းနေတာ နင်သိဖို့ အရာရာပေးမယ်
မင်းနဲ့ဝေးသွားရင် ကြိမ်း လူ ရှော့ဖြစ်မယ်လို့ တွေးထားတဲ့အတိုင်း ဖြစ်တော့ Game တွေ ဆော့ဖြစ်တယ်
နောက် မေ့နိုင်ဖို့လား မသိ သတိရဖို့လား မသိ အချစ်စိတ်က သတ်နေတော့ ကို့ရဲ့ ဉာဏ်တွေ ပိန်းနေရာ အချစ်ရယ်
လူတွေ လူတွေ ကို့ ဆီက ကြိုက်တာ ယူပါစေ မေ့မေ့ပျောက်ပျောက်နဲ့ စားသောက် တဖြးဖြေးနဲ့ ဗိုက်ဟာ ပူလာလေ
ကြိုက်ရာ မူရာတွေများတဲ့ Lifeမှာ လူတကာ မကြွေ အဲ့တော့ မြားနတ်မောင် ကိုယ်တိုင် ရိုက်ခါ ဆူပါစေ
နေ့စဉ် မက်မောစရာ တွေ့မြင် ရင်ထဲမှာ ကျန်ခဲ့တဲ့ စကားလုံးတွေ ထပ်ပြောမှာ မမေ့ခင်
မသေခင် မှေးနေမိတဲ့ ဝေဟင် လေဟာနယ်မှာ တစ်ယောက်ထဲ ပြေးနေမိတဲ့ မြေပြင်
မင်း အားလုံး မှန်ပါတယ် ကို့ဆီထားမဲ့ ဒဏ်ရာရယ် ကျရုံးမှုကို မက်မောမိတဲ့ ကို့အတွက်ကတော့ တန်ပါတယ်
စာအုပ် စာပေ ရုပ်ရှင်နဲ့ အိပ်စက်ခြင်းတွေက အပြင် ဘာမှကို မလုပ်တော့တာ စိတ်ချ ဒီဘဝတွင်
နင်ပျော်ရင် ပြီးတာပဲ ငါ့အသဲလေးကွဲတော့
ဒီလိုသာ မေ့မရတဲ့ အဖြစ်ကြောင့်
ဒဏ်ရာတွေ ရခဲ့ရင်လည်း ခံစားပေးချင်တယ်
တကယ်ပါ ကံမပါရင် ဝေးရမဲ့ အဖြစ်တို့
မခံနိုင်အောင် အရူးတစ်ယောက်မို့
စွဲလမ်းနေတာ နင်သိဖို့ အရာရာပေးမယ်