Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
𝅘𝅥𝅮
မျက်လုံးဖွင့်တိုင်းမှာ မှောင်မဲနေ
အုတ်ခဲများ စီထားတဲ့ ပြတင်းပေါက်တွေ
ခရမ်းရောင်သန်းတဲ့ တိမ်တိုက်တွေက
ရွာချတဲ့ နေကြာပန်းပွင့်များ
မျက်စဥ်းခတ်ဖို့ မေ့နေတဲ့ ငါ့ရဲ့ အံဆုံးကြားမှာ
ကြယ်ပန်းလေးတွေဝေ...
ရောင်စုံသက်တန့်များ အလယ် အဖြူအမည်း ဓာတ်ပုံလေး....
𝅘𝅥𝅮𝅘𝅥𝅮
𝅘𝅥𝅮
Ohn! ကြမ်းပြင်အောက်က ခေါင်မိုးလေး
မင်းဟာ ကျောက်စရစ်ခဲလေး
မင်းဟာ သစ်ရွက်လေး မင်းဟာ သွေးကြောလေး
လိပ်ပြာလေး
မင်းဟာ ငါ့ကိုထားပြီးတော့ ဘယ်တော့မှပြန်လာမှာ
မဟုတ်တော့တဲ့ ဥသြလေး
𝅘𝅥𝅮
မှန်ကစီးလို့ကျတဲ့ ရေစက်တွေ နဲ့လေ မျက်ရည်ဟာရော...
ပုံမှန်မဟုတ်တဲ့ ငါ့ရဲ့အိပ်မက်တွေ ဆက်လေ
မက်နေမှာပေါ့...
နှလုံးသားရဲ့အပိုင်းအစလေး ရောက်တဲ့ အရပ်မှာ
အစဥ် အေးချမ်းစေ
မမှတ်မိတော့တဲ့ မျက်နှာလေး အဆင်ပြေပါစေ....
𝅘𝅥𝅮𝅘𝅥𝅮