Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
𝅘𝅥𝅮
တစ်ယောက်ယောက်က မေ့ဖို့ တောင်းဆိုရင်
တစ်ယောက်ယောက်က မဝေးဖို့ တောင်းဆိုမယ်
အခမ်းနားဆုံး အိမ်မက်များစွာ အတူမက်ကြမယ်လို့
နင်ပြောဖူးသလို ငါပြောဖူးတယ်
𝅘𝅥𝅮
မိုးလင်းက မိုးချုပ်တဲ့ အချိန်ထိ
စုမရတဲ့စိတ်နဲ့ သူ့ဆီဆွေးနေ
ဆိုးဝါးတဲ့ နေ့ရက်များစွာ ကျော်ဖြတ်ကြမယ်လို့
နင်ပြောဖူးသလို ငါပြောဖူးတယ်
နမ်းမဝတဲ့ ပါးပြင်လေးကို အပိုင်သိမ်းထားမယ်လို့
နင်ပြောဖူးသလို ငါပြောဖူးတယ်
𝅘𝅥𝅮
တစ်ယောက်ယောက်က ဝေးဖို့ တောင်းဆိုရင်
တစ်ယောက်ယောက်က မမေ့ဖို့ တောင်းဆိုမယ်
အခမ်းနားဆုံး အိမ်မက်များစွာ အတူမက်ကြမယ်လို့
နင်ပြောဖူးသလို ငါပြောဖူးတယ်
𝅘𝅥𝅮
မီးခိုးများ မှိုင်းတိုက်နေသလို မျက်စိရှေ့ မင်းရောက်လာလို့
ကုရခက်တဲ့ စိတ္တဇဝေဒနာများ
မင်းပါးစပ်က လမ်းခွဲမယ်လို့ ခဏခဏ ပြောထွက်နေလို
ဒါဟာ ဘယ်လိုပြောရမှန်းကို မသိတဲ့ ဝေဒနာမျိုး
တိတ်တဆိတ် မိုးဖွဲတွေငို တိတ်တဆိတ် ချိုးပဲ့နေလို့
ဒါဟာ ဖြေရှင်းရခက်တဲ့ စိတ္တဇဝေဒနာမျိုး
𝅘𝅥𝅮
တစ်ယောက်ယောက်က ခွဲဖို့ တောင်းဆိုရင်
တစ်ယောက်ယောက်က မြဲဖို့ တောင်းဆိုမယ်
အခမ်းနားဆုံး အိမ်မက်များစွာ အတူမက်ကြမယ်လို့
နင်ပြောဖူးသလို ငါပြောဖူးတယ်