Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
( )2
ဟိုတုန်းကလို အရင်တုန်းကလို မျှော်လင့်ဆဲပါကွာ တစ်ယောက်တည်း အိပ်မက်မက်တယ် မနေ့တုန်းကဆို အရင်အတိုင်းပဲ သူဟာ ပြန်လာသတဲ့
မိုးလင်းက မိုးချုပ် မင်းစိတ်နဲ့ ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ မပြေလည်နိုင်ပါ နေ့တိုင်း ငြင်းနေတယ်
မိုးလင်းက မိုးချုပ် မင်းစိတ်နဲ့ ဖျောက်ဖျက်ရ ခက်တဲ့ ဒီအစွန်းတွေ မပြေလည် နိုင်တော့ဘူး
မြောက်အရပ်က ငှက်တွေ ယောက်ယက်ထ ခတ်နေပြီဆို သေချာတယ် မိုးမည်းတွေ တရွေ့ရွေ့ လာနေရော့မယ်
သောက်လက်စ ခွက်ကလေး နေအနောက်ဘက်က ညနေကိုမေးရင်း တောင်ပေါ်အိမ်လေး သိမ့်သိမ့် ခါနေပေါ့ကွယ်
အဲ့နေ့က အခန်းထဲ တိမ်ဝင်လာတာ ချမ်းခဲ့ မီးအိမ်ပြင်မှာ သစ်သားချောင်းလေးတွေ ထင်းမွှေးရန် မရှိခဲ့
လေတွေက ကြမ်းတယ် ဒီစာချွန်လွှာ လွမ်းခဲ့ နင်ဒီလူကိုယ်စား ခဏလောက် မင်းလေး ခံကြည့်လှည့်
အရှေ့ဘက် တောင်တန်းကြီးထက်မှာ မြင်းလေး ပြန်စီးမယ် တို့နှစ်ယောက် ရန်ဖြစ်ခဲ့ဖူးတဲ့ အင်းလေး ကန်ကြီးအလယ်
တစ်နေ့တော့ အခုလိုလွမ်းတဲ့ အကြောင်းတွေ မင်းလေးပြန်သိမယ် ဒီနေ့တော့ အခုလိုလွမ်းတဲ့ အကြောင်းငါ သီချင်းလေး ဖန်တီးခဲ့
တစ်နေ့တော့ အခုလိုလွမ်းတဲ့ အကြောင်းတွေ မင်းလေး ပြန်သိမယ် ဒီနေ့တော့ အခုလို လွမ်းတဲ့ အကြောင်းငါ သီချင်းလေး ဖန်တီးခဲ့
ဟိုတုန်းကလို အရင်တုန်းကလို မျှော်လင့်ဆဲပါကွာ တစ်ယောက်တည်း အိပ်မက်မက်တယ် မနေ့တုန်းကဆို အရင်အတိုင်းပဲ သူဟာ ပြန်လာသတဲ့
မိုးလင်းက မိုးချုပ် မင်းစိတ်နဲ့ ဖျောက်ဖျက်ရခက်တဲ့ ဒီအစွန်းတွေ မပြေလည်နိုင်ပါ နေ့တိုင်း ငြင်းနေတယ်
မိုးလင်းက မိုးချုပ် မင်းစိတ်နဲ့ ဖျောက်ဖျက်ရ ခက်တဲ့ ဒီအစွန်းတွေ မပြေလည် နိုင်တော့ဘူး
စဉ်းစားရ ခက်နေတယ် အိုး မင်းထားသွား ရက်လေတယ် မိုး ချုပ်တော့မယ့် ညနေဝယ် အဆိုးဆုံးကတော့ ငါတစ်ယောက်တည်း
ငါ့စိတ်ထဲ ညစ်နေတယ် ငေး ကြည့်ရတဲ့ ကျောပြင်ရယ် ဝမ်းမနည်းကြတဲ့ ပန်းတွေရယ် အဆိုးဆုံးကတော့ ငါတစ်ယောက်တည်း
ပင့်ကူအိမ်များလို ရစ်နှောင်တွယ်ပြီးမှ နင်ဖျက်စီးခဲ့ ငါ့ဘဝအား ဝတ်မှုန်ကုန်သွားချိန် မင်းပြန်ထွက်သွားသလား လည်ပြန်မကြည့်တဲ့ ပန်းပွင့်များ
ဝရံတာမှာ ပက်လက်လေး ကြယ်တွေကို တွက်ချက်ခဲ့တယ် မိုးလင်းပေါက်ထိပဲ
ဒီခန္ဓာကိုယ် ပတ်ပတ်လည် တုန်ခါနေ တစ်ဆတ်ဆတ်နဲ့ ဆံနွယ်တွေက ညှင်သာလွန်းတယ်
နတ်ဖွက်တဲ့ အလင်းတွေ မလာခင် အချစ်ရယ် မောင့် Jacket ထဲမှာ ဝင်နေစမ်းကွယ်
မရပ်မနားငါ ခရီးနှင်ခဲ့တဲ့ ရထားသဖွယ် ရွာသားတွေ နိုးကုန်ကြရင် ခက်သားရယ်
မရပ်မနားငါ ခရီးနှင်ခဲ့တဲ့ ရထားသဖွယ် ရွာသားတွေ နိုးကုန်ကြရင် ခက်သားရယ်
ဒီတောင်ကုန်းပေါ် မြူတွေဖုံးရင် နှင်းစက်များ ရွှဲပြီး လေတွေတိုးရင် ရေမချိုးချင်တဲ့ ကောင်မလေးအကြောင်း သီချင်းစပ်ထားတယ်
ကိုယ်က မချစ်တတ်လောက်ဘူး ဆိုပြီး သစ်ရွက်ခြောက်တွေလိုတော့ လွင့်ထွက်မသွားနဲ့
မင်းက လမ်းခွဲဖို့ ပြောတိုင်း အခန်းထဲက မီးသီးလေးလို ကိုယ့်မှာ အလင်းဓါတ် အားနည်းတယ်
ဒီလူကိုထားပြီး မင်းကရွှေပြည်ကို ပြေးခဲ့ တောင်ပေါ် ရွာလေးရဲ့နံဘေးက စေတီအိုလေးဝယ်
မိုးလင်းမိုးချုပ် ဆုတောင်းမယ် အဆင်းလမ်းလေး အတိုင်း ပြန်ခဲ့ကွယ် သီချင်းလေး အမြဲတမ်းညည်းတဲ့ ကိုယ့်ရဲ့ ရေဒီယိုလေးရယ်
ပျော်ရွှင်စရာ အဖြစ်ပျက်များက နေခြည်လို နွေးဆဲ ကိုယ်ကြင်နာဖို့ ဆုံးဖြတ်တော့မှ တစ်နယ်စီ တို့ဝေးခဲ့
ပြန်လှည့်ခဲ့ပါတော့ကွယ် မိုးလည်း ရွာတော့မယ် ကိုယ်သိပ်ချစ်ရတဲ့ ရေဒီယိုလေးရယ်