Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
မသွားချင်ဘူး... ဒီအနာဂတ်နေ့တွေကို...
မသိချင်ဘူး ဘာတွေဆက် ဖြစ်မလည်းဆိုတာ...
မရောက်ချင်ဘူး... နင်မပါတော့တဲ့ နေ့သစ်များ...
အတိတ်တွေထဲ... ငါလေ အကျဥ်းကျနေလား...
ငါရူးနေတာများလား... ပြန်ကောင်းနိုင်ပါ့ဦးမလား... ဟိုး ဟူ အိုး...
အချိန်တွေက ကုစားလို့ သွားမယ် ဆိုပေမယ့်...
ဘာကြောင့်များ တစ်နေ့ တစ်နေ့ ငါပိုဆိုးနေ...
ဒီအချိန်ရောက်ရင် ပြက္ခဒိန်များကို ငေးကာ... တွေဝေဆဲ...
အချိန်တွေ နောက်ပြန်ဆွဲလို့ ရရင် ဘယ်လိုနေမလဲ...
နာရီလက်တံများနဲ့ စကားတွေ ငါပြောဆဲ...
မြူမှုန်နှင်းတွေ ကြားမှာ တိုးကာ... မင်းနဲ့... နှစ်ယောက်တည်း... အရင်ကလို
မပျောက်နိုင်တဲ့... ဒဏ်ရာတွေ မင်းထားခဲ့...
ဆောင်းလေနဲ့ အနာပိုပြီး ရင်းလာတယ် တစ်နေ့ပြီး တစ်နေ့...
ပြက္ခဒိန်များ... ရွေ့လျားရင်းနဲ့ နှစ်တွေ ဟောင်းနေလည်း...
ကိုယ့်ရင်က ဒဏ်ရာပြန်ပြီး အသစ်စက်စက်လိုပဲ...
လောင်ကျွမ်းနေတဲ့ နှလုံးသား ကင်ဆာရောဂါ လိုမျိုးလား... အတိတ်များ... ဟိုး... အိုး... အိုး...