Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
မာယာမများနဲ့ကွာ ဆီလိုချင်ရင် ဆန်ပေးမှရ ...
မာန်စွယ်တွေ သိုဝှက်ထားတဲ့ သိမ်မွေ့ခြင်းမှာ
ပဋိသန္ဓာရ ပိတ်ကားကြီးရဲ့ ထိပ်မှာ သူစိမ်းများနဲ့ ဟာသ ...
Intro Music
သူစိမ်းတွေနဲ့ ဆက်ဆံဖို့ အိမ်ကနေ ငါထွက်ခဲ့
ဘယ်လိုမှ မှားယွင်း တိမ်းစောင်းလို့ မရတဲ့ ရက်စွဲများထဲ ...
တချို့တွေ သတိ ရနေလိုက်တာလို့ လာညာပြောလဲ ...
ငါကိုယ်တိုင် ဘယ်သူ့ရဲ့ အကြောင်းမှ
မတွေးဖြစ်ဘူးဆို ရိုင်းမလားကွယ် ...
နီးလိုက် ဝေးလိုက် ကျပျောက်လိုက် မျှော်လင့်ချက်များ ...
သူစိမ်းတို့ အရပ်မှာ အောက်ကျ နောက်ကျ ...
ကိုယ်ကျိုးစီးပွား တစ်ခုတည်းသာ မြတ်နိုးတဲ့သူများ ...
အပေါစား စကားတွေနဲ့ ဖုံးဖိမရ ...
မာယာမများ ... နဲ့ကွာ ဆီလိုချင်ရင် ဆန်ပေးမှရ ...
မာန်စွယ်တွေ သိုဝှက်ထားတဲ့ သိမ်မွေ့ခြင်းမှာ
ပဋိသန္ဓာရ ပိတ်ကားကြီးရဲ့ ထိပ်မှာ
သူစိမ်းများနဲ့ ဟာသ ... ရိုးသားမိတဲ့အခါ ...
တဖက်သတ် တိုက်ခိုက်တဲ့ စံနှုန်းတွေနဲ့ လိုက်တိုင်းတာ ...
သူစိမ်းများက ရယ်ရတဲ့ ဇာတ်ကောင်များ ...
နာကျင်အောင် ဝိုင်းကဲ့ရဲ့ကြတာ ကောင်းစေချင်လို့တဲ့
တစ်ခါတလေမှာ အများနဲ့ တစ်ယောက်မို့
ခေါင်းငုံ့သည်းခံ ပေးရတယ်
မေတ္တာတု ဂရုဏာတုတွေ ရှိတဲ့ လေထုထဲ
လိပ်ပြာသန့်တဲ့ အကြောင်းတွေ
တခုတ်တရ ပြောကာ အဆိပ်ခပ်တဲ့ လုပ်ရက်များ ...
နီးလိုက် ဝေးလိုက် ကျပျောက်လိုက် မျှော်လင့်ချက်များ ...
သူစိမ်းတို့ အရပ်မှာ အောက်ကျ နောက်ကျ ...
ကိုယ်ကျိုးစီးပွား တစ်ခုတည်းသာ မြတ်နိုးတဲ့သူများ ...
အပေါစား စကားတွေနဲ့ ဖုံးဖိမရ ...
မာယာမများ ... နဲ့ကွာ ဆီလိုချင်ရင် ဆန်ပေးမှရ ...
မာန်စွယ်တွေ သိုဝှက်ထားတဲ့ သိမ်မွေ့ခြင်းမှာ
ပဋိသန္ဓာရ ပိတ်ကားကြီးရဲ့ ထိပ်မှာ
သူစိမ်းများနဲ့ ဟာသ ... ရိုးသားမိတဲ့အခါ ...
တဖက်သတ် တိုက်ခိုက်တဲ့ စံနှုန်းတွေနဲ့ လိုက်တိုင်းတာ ...
သူစိမ်းများက ရယ်ရတဲ့ ဇာတ်ကောင်များ ...
သူစိမ်းများက ရယ်ရတဲ့ ဇာတ်ကောင် များ ~~~