Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
မဆိုချင်ပေမယ့်လည်း အစအဆုံး တစ်ခေါက်ထပ်ဆိုဦးမယ်
ဒီနေရာမှာလည်နေတဲ့ ဒီသီချင်းဘယ်တော့မှ ပြီးမှာလဲ
လက်လည်းညောင်းသွားပြီ ငါအာခေါင်တွေနာနေပြီ
ငါ့ကိုဘယ်သူမှ အရေးမလုပ်ကြတော့ဘူး
အပြင်မှာနေသာလို့ အိမ်ထဲထီးဆောင်းရဦးမယ်
အပြင်မှာ နေမသာလည်း ဝတ္တရား မပျက်ဖို့အရေးကြီးတယ်
နေလည်းစောင်းသွားပြီ လူတွေကိုငါမုန်းတီး
ဘဝဟာ ဘာမှမဟုတ်တဲ့ သစ်တော်သီး
:||___ |___ |___ |___ ||:|___ |___ |___ |___ ||___ |___ |___ |___ |
ဘာလာရှာပါသလဲ ဘာမှမရှိလို့ စိတ်မကောင်းပါ
ပန်းကန်မှာ ကျန်နေတဲ့ တစ်ဝက်ပဲရှိတဲ့ထမင်းလုံးလား
ငါလည်း ပုရွက်ဆိတ်ပါ တော်သလိုသာနေကြပါ
ငါ့ကိုလာမကိုက်ကြနဲ့ မရတော့ဘူး
ဂစ်တာမလိုပါဘူး ခြေထောက်တစ်ချောင်းတည်းနဲ့ ဆက်တီးမယ်
ဒါ ဒါ ဒီ ဒီဒီ What Imean is what I see
နံပါတ်က 33သေသေချာချာငါမမှတ်မိ
ငါ့လည်မှာ သူတို့ဆွဲပေးတဲ့ လော့ကတ်သီး
မဆိုချင်ပေမယ့်လည်း အစအဆုံး တစ်ခေါက်ထပ်ဆိုဦးမယ်
ဒီနေရာမှာလည်နေတဲ့ ဒီသီချင်းဘယ်တော့မှ ပြီးမှာလဲ
လက်လည်းညောင်းသွားပြီ ငါဆိုတာ ဘယ်သူမှမသိ
ဘဝဟာ ဘာမှမရှိတဲ့ ဥသျှစ်သီး
ငါ့လည်မှာ သူတို့ဆွဲပေးတဲ့ လော့ကတ်သီး