Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ငါအမှားများ ပွေ့ဖက်မိပြီလား တစ်ယူသန် အတွေးထဲက မင်းကို အပြစ်မမြင်ရက် တော့လည်းကွာ
နေရာတိုင်းက မင်းရဲ့ အငွေ့အသက်များ ခြေရာတွေ ထားရစ် မင်းအချစ်နဲ့ အသားကျခဲ့တဲ့ နှလုံးသား အလွမ်းတွေ လိုက်စားရင်း မေ့လို့မရလို့
ခွဲခွာခြင်းတွေနဲ့ ငါဟာ အသားမကျသေး လူတစ်ယောက်ကို မျက်စိမှိတ်ပြီး စွန့်ပစ်လိုက်ဖို့ အထိ ငါ့မှာ အင်အားမရသေး
လူဆိုတာ အမှားနဲ့မကင်း အဲ့တော့ အချစ်ကလေး မင်းတစ်ခါလောက်တော့ မှားပါစေ
ငါခွင့်လွတ်တတ်မှန်း မင်းသိတဲ့အခါ မင်းမှားတာတွေ များလာလေ ငါပျော့ညံ့လေ မင်းငါ့ကို လျော့တွက်လေ
ငါမပြတ်နိုင်မှန်း သိတော့ နင်နဲ့ငါပြတ်ပြီ ဆိုတဲ့ စကားကို လွယ်လွယ်နဲ့ မင်းပြောထွက်နေ
ငါစောက်ကျင့်တွေ လုပ်ခဲ့တဲ့ အကျိုးဆက်ကိုပဲ ငါပြန်ရတာ မျှော်လင့်ချက်နဲ့ အသက်ရှင်ရတဲ့ သူက မျှော်လင့်သလောက် ခံစားရ ီးပဲ
ငါ့အခန်းကို ဘယ်ကစပြီး ရှင်းရမလဲ မင်းပေးတဲ့ လက်ဆောင်တွေ ဓာတ်ပုံတွေ ဘယ်ကိုသွားပြီး ပစ်ရမလဲ
Relationတစ်ခုမှာ သံယောဇဉ် တွယ်မိရင် စိတ်တွေညစ်ရတယ်
နောက်ဆုံးမှာ ငိုယိုပြီး ကျန်ခဲ့တဲ့သူက ကိုယ်ပဲဖြစ်ရတယ် စောက်ရူးမက စိတ်ဒုက္ခတွေ တော်တော် ပေးတာပဲ
ငါမင်းကို လွမ်းတိုင်းမှာ မုန်းကြည့်လိုက်ပြီး ငါအဲ့လိုတွေးတာပဲ
ဒါပေမယ့် ငါ့ရင်ထဲမှာ မင်းအပြစ်တွေ ဆေးလာခဲ့ ပြီးရင် အရင်ကလိုမျိုး မျက်နှာငယ်လေးနဲ့ ငါ့ဆီကို ပြေးလာခဲ့
ငါအမှားများ ပွေ့ဖက်မိပြီလား တစ်ယူသန် အတွေးထဲက မင်းကို အပြစ်မမြင်ရက် တော့လည်းကွာ
နေရာတိုင်းက မင်းရဲ့ အငွေ့အသက်များ ခြေရာတွေ ထားရစ် မင်းအချစ်နဲ့ အသားကျခဲ့တဲ့ နှလုံးသား အလွမ်းတွေ လိုက်စားရင်း မေ့လို့မရလို့
ငါ့ကိုယ်ငါ ပျောက်လို့ ပြန်ရှာတိုင်းမှာ မင်းကိုပဲတွေ့ တူတူလျှောက်ကြမဲ့ လမ်းကို လက်တွဲဖြုတ်ပြီးတော့ ငြင်းဆိုတဲ့နေ့
မင်းဘယ်လိုလဲတော့ မသိဘူး အဲ့ဒီနေ့က အိမ်ပြန်လမ်းက သက်ပြင်းတွေ အပြည့် ဘာမှသာ မခံစားရ တော့ဘူးဆိုရင် ချက်ချင်းသေချင်
မင်းနဲ့ငါ ဝေးသွားရင် မင်းမျက်နှာလေးကို နောက်ထပ်မတွေ့ရရင်
တကယ်လို့များ ပြတ်သွားပြီး နောက်ပိုင်းမှာ မင်းကို မေ့မရရင် ဘယ်လိုလုပ်မလဲ
ငါ့ကိုယ်ငါ ပြန်မေးကြည့်တော့လည်း ငါ့မှာ အဖြေမရှိ သံယောဇဉ်ဆိုတဲ့ အမြစ်ကို အခြေခံပြီး အချစ်တွေ တွေဝေမိ သူဟာလေ စဉ်းစားပြီး
အချိန်တွေ ပြန်ရစ်လို့ရရင် ကောင်းမှာပဲ မင်းကို သေချာပြုပြင်ရင် သေချာတယ် ငါတို့နှစ်ယောက် ပေါင်းမှာပဲ
ဒါပေမယ့် ရှက်ရမ်းရမ်းပြီး အပြစ်ကို ဝန်မခံပဲနဲ့ ခေါင်းမာခဲ့ မင်းတောင်းပန် ခဲ့မယ်ဆိုရင် ငါလည်း နောက်တခါ ခွင့်လွတ်ကောင်းပါရဲ့
အမှားတွေကို ပွေ့ဖက်ရင်းနဲ့ ရှေ့ဆက်ချင်တဲ့ လူဟာ တစ်နေ့မှာ ကောင်းကောင်းကြီး ပေးဆပ်ရ လိမ့်မယ်ဆိုတာ သိပေမဲ့
တစ်ချိန်မှာ မွှေးလိမ့်နိုးနဲ့ ယုယစွာပျိုးလို့ မြတ်နိုးချင် မိနေဆဲ ရင်ခတ်ဆူးဟာ နှလုံးသားမှာ ဖူးလို့ တောက်လျှောက်ကို ငြိနေတယ်
အပြောင်းအလဲ များတဲ့ မင်းနဲ့ဘဝဟာ အရင်လိုပါပဲ မီးပုံထဲကို တိုးတဲ့ ပိုးဖလံလိုမျိူး
ငါအမှားများ ပွေ့ဖက်မိပြီလား တစ်ယူသန် အတွေးထဲက မင်းကို အပြစ်မမြင်ရက် တော့လည်းကွာ
နေရာတိုင်းက မင်းရဲ့ အငွေ့အသက်များ ခြေရာတွေ ထားရစ် မင်းအချစ်နဲ့ အသားကျခဲ့တဲ့ နှလုံးသား
တစ်ချိန်က ထားရှိခဲ့တဲ့ ကတိ သစ္စာတွေကို သတိရပြီးတော့ မင်းလေး ပြန်လာမလား
အရင်လို အယုအယတွေလည်း လုံးဝ လျော့မသွားပဲ မင်းရဲ့အနားမှာ သေတဖန် သက်တစ်ဆုံး ချစ်ခွင့်ပေးပါ
နှလုံးသားက တောင်းဆိုသော ငါ့ရဲ့ အမြတ်နိုးဆုံး ငါ့ရဲ့ပထမဆုံး မင်းရဲ့နေရာကို အစားထိုး မရလို့ပါ