Watch on YouTube
Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ကံကြမ္မာ ဆိုးမှာ ငါနဲ့မင်း မိုင်တွေ ထောင်ချီကာ ဝေးလို့ နေတုန်းလေ
မထူးဆန်းဘူး အချစ်စစ် မှန်ရင် အခက်အခဲ ရှိတယ်
ဒါကို နားလည်ရင် ဖြစ်တယ်
မျှော်လင့် ထားတယ် အိပ်မက်များ တစ်ချိန်ချိန်
အပြင်မှာ ရောက်လို့ လာ မှာပေါ့လေ ပျော်ရွှင်မှုတွေနဲ့ အတူတူ လက်ကိုတွဲ
သွားစို့ ကမ္ဘာမြေ အဆုံးထိ ငါ့အတွက်
အစားထိုး မရသူပါ အရမ်းချစ် ရသူပါ
နင့်အနားမှာ အမြဲလို ရှိချင်တော့ စိတ်ဆိုးမလား
ရင်ခုန်သံ များစွာ မင်းမရှိရင် မဖြစ် တော့လို့
အတိုင်းထက် လွန်သည် ငါ့ရဲ့ အချစ်တွေအား မင်း နားလည်မှာပါ
ငါလေ လွမ်းလို့ အိပ်လို့ မပျော် သီချင်းတွေ အချိန်အတွက်
မအားလို့ နားလည်ပေးသူ တစ်ချက်ကို မညည်းဘူး
အလိုက် သိတတ်လွန်းသူ တစ်ချိန်မှာ တို့နှစ်ယောက် လက်ထပ်မယ်
စိတ်ကူးယဉ် အိပ်မက် အကောင်းဆုံး ဖြစ်အောင် ဆောက်မယ်
နားလည်မှုများနဲ့ သက်ဆုံးထိ ချစ်သွားမယ် မင်းဟာ...
အစားထိုး မရသူပါ အရမ်းချစ် ရသူပါ
နင့်အနားမှာ အမြဲလို ရှိချင်တော့ စိတ်ဆိုးမလား
ရင်ခုန်သံ များစွာ မင်းမရှိရင် မဖြစ် တော့လို့
အတိုင်းထက် လွန်သည် ငါ့ရဲ့ အချစ်တွေအား မင်း နားလည်မှာပါ
ကလေးလေး တစ်ယောက်နဲ့ လူကြီးတစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်
အရမ်း ချစ်ကြသတဲ့ ချစ်သူနှစ်ဦး အဖြစ် မှတ်တမ်းထိုး
လူတိုင်း အမြင်မှာတော့ စိတ် ကစားတယ်
ရုပ်ရှင် ဆန်ဆန် ပြဇာတ်လိုမျိုး Facebook ပိတ်ကားဝယ်
ချစ်သူ နှစ်ယောက် တန်ဖိုးထား ရည်းစား ဘဝ အမှတ်တရ
များများစားစား မရှိပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက်က အမှတ်ရ
ထားရှိပါတယ် အများ မသိပါတဲ့
တို့နှစ်ဦး ကြားမှာ သံယောဇဉ်တွေ အများကြီးပါပဲ
တစ်ယောက်နဲ့ တစ်ယောက် မိုင်တွေခြား
တွေ့ချင်သော်လည်း ငိုင်နေရ
စနောက်လို့ ကျီစယ်ရင်းနဲ့ ဘယ်သူ ပိုချစ်လဲ ပြိုင်နေကြ
ညဘက်ဆို အရောက်လာခဲ့ onlineမှာ ငါလေ စောင့်ပါရဲ့
ချိန်းတဲ့ အချိန် မရောက်လာခဲ့ရင် psychoတွေ ဝင်ဖောက်လာတယ်
အစားထိုး မရသူ ဟုတ်တယ် အရမ်း ချစ်ရသူ
မိန်းကလေး ဖုန်းပြော မဝသူ ညဘက် လွမ်းလို့ မဝသူ
ကဲ ထားပါတော့ အလွမ်းတို့ မျှဝေကြတာပေါ့
နောက်ငါးနှစ်မှာ လက်ထပ်ပြီးရင် ကမ္ဘာဆုံးထိ အတူ သွားတာပေါ့
အစားထိုး မရသူပါ အရမ်းချစ် ရသူပါ
နင့်အနားမှာ အမြဲလို ရှိချင်တော့ စိတ်ဆိုးမလား
ရင်ခုန်သံ များစွာ မင်းမရှိရင် မဖြစ် တော့လို့
အတိုင်းထက် လွန်သည် ငါ့ရဲ့ အချစ်တွေအား မင်း နားလည်မှာပါ