Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
မင်းထင်သလောက် ငါ့သိက္ခာမဆင်းရဲ
ငါ့ခြေနဲ့ငါ လှည့်ထွက်သွားမယ်
အတိတ်တွေလား လူကိုသတ်နေဆဲပဲ
ငါ့ခြေနဲ့ ငါရပ်တည်သွားမယ်
ဒီအပေါစားမေးခွန်းများနဲ့ငါ့ရင်ကို
မင်းလည်း အပြုံးတုများနဲ့ဆီးလို့ကြို
ဒါဆို ကြယ်တွေကြွေသောညတွေကို
အကောင်းဆုံးည အသွင်ပြောင်းမယ်ဆို
မင်းလေးပေးခဲ့ဖူးတဲ့အနမ်းတွေကို
သိမ်းဆည်းလိုက်ပါငါ့အတွက်အပို
ငါယုံကြည်နေခဲ့သောနေ့တွေကို
မင်းမေ့လို့ ရနိုင်ခဲ့ပြီ
မင်းမြင်သလောက် ငါ့ညတွေအလင်းမမဲ့
ငါ့အိပ်မက်နေ့တွေ ခြောက်ကပ်လွန်းလဲ
အတိတ်တွေလား လူကိုသတ်နေဆဲပဲ
ငါ့ရင်ထဲမှာ မင်းဟာအကြွင်းမဲ့
တစ်နေ့နေ့ မင်းရဲ့ရှေ့သို့ရောက်နိုင်ရင်
မင်းလည်း အပြုံးတုများနဲ့ဆီးလို့ကြို
ဒါဆိုကြယ်တွေကြွေသောညတွေကို
အကောင်းဆုံးည အသွင်ပြောင်းမယ်ဆို
မင်းလေးပေးခဲ့ဖူးတဲ့အနမ်းတွေလို
သိမ်းဆည်းလိုက်ပါငါ့အတွက်အပို
ငါယုံကြည်နေခဲ့သောနေ့တွေကို
ဘယ်လို မေ့လို့ရနိုင်မလဲ
ယုံကြည်သူ ယုံလွယ်သူ
လမ်းဆက်လျှောက်နေမယ့်အတူ
လောကကြီးထဲမှာ ငါပြည့်စုံပြီးသားပါ
မင်းနဲ့ အပြုံးလည်းအတူ
ဘယ်လိုနေသလဲ အရသာရှိသလား
And the next time ငါ့ရပ်ကွက်ထဲလာပြီး
ဂလယ်အူကြောင်လုပ်ရင် ဂွစာမိမှာ
80s ကအာဝါဒီးအထာ
အနာဆာရှိသယောင်နဲ့
ဂျပန်ကဂေါ်ဇီလာလိုစကားကကြီးထွား
ငါ့ဝိုင်းမှာမင်းသိပ်ပြီးမှုတ်ချင်ရင်တောင်မှ
ဘာဂျာမရှိပါ မင်းလုပ်ခဲ့တာ မင်းပြန်ကြည့်
အခွံခွာလိုက်တော့ အတွင်းဆံမရှိ
သူများတွေ ဒေါင်ဒေါင်မြည်ချိန်မှာ
မင်းတစ်ယောက်ပဲ နင်းကန်ဂိ
R ကြီးလို စည်းတစ်ဖက်ခြား
မင်းအသိပညာ ဘုရားလောက်ကြီးမြတ်သလား
သီချင်းပဲမဆိုနဲ့ မင်းနှလုံးသားထဲမှာ မရှိတာ
မီးခွက်များတကယ်တမ်း ပုံပန်းမလာလောက်မှန်း
အိမ်ထိ လာစုံစမ်းကာထောက်လှမ်း
ခြောက်သွေ့ရာအရပ်မှာ တစ်ယောက်ထဲ
ကုန်ခမ်းကာလောင်ကျွမ်း
ဘယ်လောက်တောင်ကြိတ်ပြီးမုန်းနေသလဲ
မင်းအိပ်ရာထတိုင်း အုန်းတွေလွဲ
မင်းနှလုံးသားထဲက ဒုက္ခသည်စခန်းကို
အစ္စရေးလို ဗုန်းတွေကြဲ
အချိုးမကျပြီး Fu တယ်
သူများ Slang တွေခိုးချပြီးယူ
ကိုးကားသည်မူ ငါပြောပြီးသား
ဆင်တူရိုးမှား သတိပြု
You doneslip, fool? Come get it
ခေတ်ကိုက Media သုံးပြီး သူခိုးကလူပြန်ဟစ်
ငါတစ်ခါပေါက်ကွဲပြီး ဆဲထည့်လိုက်တာ
စမ်းချောင်းအိမ်တောင် တုန်သွားတယ်
ကလေးဘဝက ယုံထားခဲ့သမျှအရာတွေအားလုံး
England မိုးတွင်းလို မှုန်ဝါးခဲ့
မင်းလည်းငယ်တော့တာ မဟုတ်ပဲ
အဲ့ဒီလောက်တောင် မနုံအနဲ့
ငါ့လိုလူရှိရင်ပတ်ပြီးရှာကြည့်လိုက်
ထမင်းထုပ်ပါ ကုန်သွားမယ်