Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
¶
စကားလုံးရဲ့ အဆုံးမှာ မင်းလေး မျက်ရည်ပြို..ဟိုးး… နာကျင်စွာနဲ့ လမ်းခွဲခြင်းကိုရွေး ကမ္ဘာတူနေလည်း ချစ်ဖို့မဖြစ်နိုင်သေး…
မချစ်လို့မှ မဟုတ်တာကို မင်းလေး သိမယ်လို့...ဟိုးး… ဝန်ခံချင်ရက် ဖွင့်ဟခွင့်တောင် မရခဲ့ ပိုင်ဆိုင်ချင်ရက် စွန့်လွတ်လိုက်တာ ငါ့အမှားပဲ
¶¶
ရူးရူးမိုက်မိုက်တို့ စွဲလမ်းကြတယ် အချစ်တစ်ခု အောက်မှာ ကျရှုံးခဲ့ရတယ်
ငါနင့်ကို ဘာကြောင့်များ ချစ်မိသွားလဲ ငါနဲ့နင်နဲ့ ဘာကြောင့် ချစ်ခဲ့ကြလဲ
အေးတိအေးစက် မင်းအပြုံးများ နောက်ကွယ် မပြောဖြစ်ခဲ့တဲ့ စကားလုံးများ ကြောင့်ရယ် ငါနဲ့နင်နဲ့ ဘာကြောင့် ဝေးခဲ့ရလဲ ငါနဲ့နင်နဲ့ ဘာကြောင့် ဝေးခဲ့ရလဲ
အဲ့ဒီညမှာ အသည်းတွေ ကွဲတာနဲ့စ နောက်ထပ် လူတစ်ယောက်ကို ထပ်ချစ်နိုင်သေးလားလို့ မင်းမေးရင်
အရာရာ အားလုံးဟာ မင်းနဲ့ သက်ဆိုင်တယ်လို့ မင်းတွေးရင် ဒါဟာ အမှန်တရားပဲလေ အချစ်ရေ မင်းနဲ့ မဝေးချင်
ငါ့အိမ်မက်တွေဟာ ဟိမဝန္တာ နှင်းတွေထဲကို ရောက်ခဲ့ ဒြပ်မဲ့ ကွန်ကရစ်နဲ့ လုပ်ထားတဲ့ မီးတောင်များပေါ် ရောက်ခဲ့
တစ်ဝေါဝေါ ဆင်းနေတဲ့ မြစ်ရဲ့ မလွန်ဆန်နိုင်ခြင်းပေါ် ရောက်ခဲ့ မင်းရဲ့အချစ်ဆိုတဲ့ နာကျင်ရခြင်း အပေါ် တိုက်တွေ ဆောက်ခဲ့
ငါဟာမင်းနဲ့ ပတ်သတ်ရင် စိတ်ပျော့နေ လွန်းလို့တဲ့ ရူးမိုက်စရာ မင်းပန်းပဲခူးခူး လမ်းပဲကူးကူး ဘဝမှာ ဂရုစိုက်ပါ
အသည်းကွဲတဲ့ တနင်္လာနေ့တွေဟာ အပတ်တိုင်းမှာ ငါ့ဆီရောက်လာ နိုင်ငံတော် သတင်းစာထဲ ထည့်ရေးရင် မင်းက ထရယ်လောက်မလား
ချစ်တယ် တကယ်ဆို ခေါင်းတွေသာ ငြိမ့်မိသူ မင်းမျက်နှာလေး မြင်ရဖို့ ကံကြမ္မာကို ဓားနဲ့ ကြိမ်းမိသူ
ပျော်ရွှင်ခဲ့တာ မင်းနဲ့ငါ တကယ်ဆို ချစ်ခဲ့တာ မင်းနဲ့ငါ အသည်းတွေ ကွဲခဲ့လည်း နောင်တတွေ မရခဲ့တာ မင်းနဲ့ငါ