Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
( )2
ကမ်းမမြင် လမ်းမမြင် ရေပြင်ကျယ်ထဲ နေလုံးကြီး တိုးဝင်သွား တော့မယ်
မနေ့က အတိုင်း ငါနာကျင်တယ် ဒီကျွန်းကြီး သက်သေပြု လိမ့်မယ်
မင်းပြောတဲ့ မြို့ပြ ဆိုတာလဲ တစ်သက်နဲ့ တစ်ကိုယ် မရောက်ဖူးတယ်
မိုးထိလု ဆောက်တဲ့အိမ် တွေနဲ့ တန်ဖိုးများစွာ ရှိလွန်းသတဲ့
ဟန်ဆောင် တက်တဲ့ မျက်နှာနဲ့ မုသားစကား ပါးစပ်မှာကြွယ်
တစ်မြို့လုံးက အပြုံးတွေဟာ မာယာများ သတဲ့
အံ့အားသင့် ကြီးစွာနဲ့ နင်ပြောသမျှ နားဆင်ရင်းညလုံးပေါက် မီးပုံနံဘေး အတူထိုင် ဖူးတယ်
ကိုယ်ရဲ့ကျွန်း ကိုအလည် လာတဲ့ သူပြန်ရ တော့မယ့် အချိန်ရောက် ပေါ့ကွယ်
အတွင်း မကြေဘူး လို့ဟန်ဆောင်လဲ အပြင်ဘက်က လဲပြိုကျ လို့ရယ်
နှုတ်ဆက်တဲ့ စကားတို့ မဆိုပါနဲ့ မောင့်မျက်ရည် လွယ်လွန်းတယ်
နှစ်သိပ်တဲ့ အကြည့်တို့ အပိုပါပဲ ကျောခိုင်း နင်ထွက်သွားကွယ်
ဟန်ဆောင်တက်တဲ့ မျက်နှာနဲ့ မုသားစကား ပါးစပ်မှာကြွယ် နင်လဲပဲ သူတို့လိုပဲ မာယာ များတယ်
အံ့အားသင့် မိပါရဲ့ ငါမစဉ်းစား တက်ပါတကယ် နင်ပြောတဲ့ အချစ်ဆိုတာ ဘယ်လို များလဲ
ပင်လယ် လှိုင်းတွေနဲ့ နင်ပြန်လာခဲ့ သောင်ပြင်စပ်မှာ အလွမ်း ခြေရာတွေနဲ့
လှေငယ်တစ်စင်း ဟို အဝေးမှာ မြင်ယောင်တိုင်း နင်ပါ မလားလို့ အပြေးငါ ကြိုမိ
ပင်လယ်လှိုင်း တွေနဲ့ နင်ပြန်လာခဲ့ သောင်ပြင်စပ်မှာ အလွမ်း ခြေရာတွေနဲ့
လှေငယ်တစ်စင်း ဟို အဝေးမှာ မြင်ယောင်တိုင်း နင်ပါ မလားလို့ အပြေးငါ ကြိုနေမိတယ်
တစ်မြေခြားစီ မိုင်တွေဝေး ငှက်ကလေး ပဲဖြစ်ချင် မိတော့တယ်
အတောင်ကျိူး ပါစေ မိုးလေထန် နေလဲ နင်ရှိတယ့်အရပ် ငါလိုက်ခဲ့မယ်
စိတ်ကူးနဲ့ ရွက်လွင့်ခဲ့ဖူး ခဏတစ်ဖြုတ် နင်ပြန်လာတောင် ကျေနပ်သူ
ဒီပင်လယ်ကြီးထဲ လက်ပစ်လို့ကူး လှမ်းခဲ့မယ် အခု
ငါ အရူးမီးဝိုင်း နေတယ် ပြန်ခဲ့ပေါ့ လှိုင်းတွေနဲ့ ရင်ကွဲမတတ် နင့်နံမည် အော်ခေါ် မိတယ်
မတည်မြဲ တဲ့လူ့ဘဝထဲ အတည်မြဲဆုံး အချစ်တွေက
အရာတိုင်း ထက်အဖိုး တန်တာ နင်သိသားနဲ့
ပင်လယ် လှိုင်းတွေနဲ့ နင်ပြန်လာခဲ့ သောင်ပြင်စပ်မှာ အလွမ်း ခြေရာတွေနဲ့
လှေငယ်တစ်စင်း ဟို အဝေးမှာ မြင်ယောင်တိုင်း နင်ပါ မလားလို့ အပြေးငါ ကြိုမိ
ပင်လယ်လှိုင်း တွေနဲ့ နင်ပြန်လာခဲ့ သောင်ပြင်စပ်မှာ အလွမ်း ခြေရာတွေနဲ့
လှေငယ်တစ်စင်း ဟို အဝေးမှာ မြင်ယောင်တိုင်း နင်ပါ မလားလို့ အပြေးငါ ကြိုနေမိတယ်