Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
ဝတိံဘုံဖျားထက် အလွှာ ကျသလားလို့ မေးချင်တယ်
ယဉ်လွန်းတဲ့သူမို့ကွယ် ဪ ခင်ရယ်
ပန်းလေးတွေ ကြွေကျတဲ့
လမ်းထက်မှာ ခင် လျှောက်သွားရင် ငေးကျန်ရတယ်
ဒီမောင်မှာ မလွယ်ဘူး ဒီသီချင်းလေးတွေ ရူးရူးမူးမူး
မောင်စွဲလန်းတဲ့ ခင် နားဆင်ဖို့ရာ
ခင့် အိမ်ရှေ့မှာ ရွှေနားတော်သွင်းမဲ့
ချစ်ခြင်း စကားများ ဖွဲ့သီကာ မောင်ဆိုပြမယ်နော်
လေသာဆောင်ထက်က ငေးနေမလား
ရွှေသလွန်တော်ပေါ်မှာပဲ မှေးနေမလား
ပီသ ကြည်မြစွာ ကြားရစေမယ့်
ခင် နားလည်ပါ စာနာလို့ ပေးလိုက်ပါ
ကဗျာစာတို့ ထွေးပိုက်ကာ အရာရာ အကုန်
ခင်ခင်ပျိုလေး အကြိုက်ပါ
ပုန်းညက် ယင်းမာ မြတ်လေး
စံပယ်လို ရနံ့တွေ လှိုင်တယ်
ခင့် ဂုဏ်သတင်းလေးများ
တခြားသူ ခူးဆွတ်သွားမှာ ကြောက်တာ အမှန်ပဲ
မောင့်ရင်ခွင်မှာ တစ်နေရာစာ
ခင့်တစ်ယောက် အတွက် ရည်စူးကြံရွယ်
သေသေချာချာ ဆုံးဖြတ်ထားတယ်
အသဲမှာစွဲတဲ့ ခင်ခင်ပျိုကို အလိုလိုက်ပေးပါ့မယ်
ရှေးဘဝက ရေစက်များ ဖြစ်လေမလား ခင်ရယ်
တစ်နေ့မှ မတွေ့ရင် ရူးလောက်အောင်ပါပဲကွယ်
ဇာတာကံစန်း.... ထလို့ရယ် ဘယ်တော့များ နီးရမယ်
ရာသီအချိန်တွေ ပြောင်းနှောင်းခဲ့သော်လည်း
ခင့်အပေါ်ဝယ် တိုးချစ်ခဲ့တယ်
ပျားပိတုန်းများဝဲတာ မလိုချင်ဘူးကွယ်
ဒီသီချင်းလေး ခင် ကြားသိပါတော့ကွယ်
လေသာဆောင်ထက်က ငေးနေမလား
ရွှေသလွန်တော်ပေါ်မှာပဲ မှေးနေမလား
ပီသ ကြည်မြစွာ ကြားရစေမယ့်
ခင် နားလည်ပါ စာနာလို့ ပေးလိုက်ပါ
ကဗျာစာတို့ ထွေးပိုက်ကာ အရာရာ အကုန်
ခင်ခင်ပျိုလေး အကြိုက်ပါ
ပုန်းညက် ယင်းမာ မြတ်လေး
စံပယ်လို ရနံတွေ လှိုင်တယ်
ခင့် ဂုဏ်သတင်းလေးများ
တခြားသူ ခူးဆွတ်သွားမှာ ကြောက်တာအမှန်ပဲ
မောင့်ရင်ခွင်မှာ တစ်နေရာစာ
ခင့်တစ်ယောက် အတွက် ရည်စူးကြံရွယ်
သေသေချာချာ ဆုံးဖြတ်ထားတယ်
အသဲမှာစွဲတဲ့ ခင်ခင်ပျိုကို အလိုလိုက်ပေးပါ့မယ်
အသဲမှာစွဲတဲ့ ခင်ခင်ပျိုကို အလိုလိုက်ပေးပါ့မယ်