Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ပေတစ်ရာပေါ်လမ်းလျှောက်ထွက််လို့ သီချင်းတွေအော်ဟစ်လိုက်ပါ
သောကများကို အမှိုက်လိုပစ်ပြီးဂေါ်လီလုပ်ပါ
မိဘမဲ့ကလေးများ ပြုံးပျော်နိုင်ဖို့အတွက် ဟာသလေးများပြောပေးပါကွာ
အပူသည်လိုရုပ်နဲ့ မင်းဘဝလေးတကယ်အေးချမ်းဖို့ရာ
တစ်ခွက်မှငါးဆယ်တည်း ရေခဲရေဝယ်သောက်ပါ
ပန်းရောင်းတဲ့ကလေးများ ပြုံးပျော်နိုင်ဖို့အတွက်
ခုနှစ်ရာဖိုးလောက် အားပေးလိုက်ပါကွာ
ကျိန်စာတွေပွင့်တဲ့စိုက်ခင်းတွေ တွေ့ရင်ဖျက်ဆီးပါ
နွေမှာအေးဖို့ ကုက္ကိုကိုင်းတွေ တွေ့ရင်မချိုးနဲ့ကွာ
ကြုံရင်ဘိုးဘွားရိပ်သာသွားကာ နှိပ်နယ်လို့ပေးပါ
ဘုံဆိုင်မှာအသည်းကွဲခြင်းထက် ကောင်းလွန်းတဲ့ဆေးတစ်ခွက်
ရှင်သန်ချိန်လေးခဏ ပျော်ပျော်သာနေလိုက်ကွာ
ကွဲသွားတဲ့အသည်းလေး အသစ်ဖြစ်ဖို့ဆံပင်ညှပ်လိုက်ပါကွာ
ဟေ့မှိုင်တွေနေတုန်းလား ကမ္ဘာမှာ သူတစ်ယောက်တည်းလား
မင်းနဲ့လိုက်ဖက်မယ့် ရည်းစားတချိ့ အများကြီး အများကြီး အများကြီးလေ
ရွှေဘုံသာလမ်းထဲ မင်းမျက်စိကိုစမ်းသပ်လိုက်ပါ
အနီးမှုန် အဝေးမှုန် မျက်မှန်တပ်ပြီးဆိုင်အပြင်ထွက်ပါ
ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်မိချိန်
နင့်အသည်းက အလိုလိုကောင်းသွားကောင်းသွားမှာပါ
လူရောင်စုံကြားထဲမှာ ဖူးစာဖက်ကိုလိုက်ရွေးပါ
အလှုခံများနဲ့တွေ့ရင် ရှိတာလေးတွေပေးလိုက်ပါ
မကြာခင်မင်းအတွက် ရောက်လာလိမ့်မယ် ချစ်သူအသစ်လေးများ
ဘုံဆိုင်မှာ အသည်းကွဲခြင်းထက်ကောင်းလွန်းတဲ့ဆေးတစ်ခွက်