Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
( ) x2
ရေဒီယိုကိုဖွင့်ထားပါအသံတွေထဲမှာတစ်ခုခုမင်းရနိုင်တဲ့
အဆင်ပြေလာရင်ငိုလိုက်ပါကိစ္စပေါင်းစုံတံခါးခေါက်ထပ်ရောက်လာမယ်
သေမင်းနဲ့မင်းဟာ ငယ်သူငယ်ချင်းပါသူဟာမင်းကို အကောင်းဆုံးစောင့်ရှောက်ပါရဲ့
ပြတင်းပေါက်ကနေလေချွန်လိုက်ပါ အမှောင်ရိပ်ထဲမှာ
တစ်ယောက်ယောက်စောင့်ကြည့်နေမယ်
ဒါဟာဘဝပါမြေကြီးနဲ့ကောင်းကင်ကြားကရသလောက်ပါပဲ
ဒါဟာဘဝပါအဖုံးဖွင့်ထားရင်မင်းအကြောင်းမင်းတွေ့နိုင်တဲ့
ဒါဟာဘဝပါကလေးလေးတစ်ယောက်လို ခြေထောက်ဆောင့်စိတ်ကောက်နိုင်တဲ့
ဒါဟာဘဝပါအဘိုးကြီးတစ်ယောက်လိုတုတ်ထောက်ရပ်စောင့်နိုင်ရဲ့
အစီခံတိုတွေသွန်လိုက်ပါပြာခွက်ထဲမှာအတွေးနဲ့ထပ်ဖြည့်နိုင်တဲ့
ရယ်သံအတိုတွေယူလိုက်ပါလူတွေအကြောင်းကို အကောင်းနဲ့ထပ်ဖြည့်နိုင်တဲ့
အသည်းကွဲဖူးရင်မှတ်ထားပါရန်သူငါးပါးမှာနောက်တစ်ယောက်ထပ်ဖြည့်နိုင်တဲ့
မက္ကင်းနစ်တစ်ယောက်ခေါ်ပြင်လိုက်ပါCongratulationsမင်းကိုယ်မင်းတွေ့မယ်
ဒါဟာဘဝပါမြေကြီးနဲ့ကောင်းကင်ကြားကရသလောက်ပါပဲ
ဒါဟာဘဝပါအဖုံးဖွင့်ထားရင်မင်းအကြောင်းမင်းတွေ့နိုင်တဲ့
ဒါဟာဘဝပါထမင်းစားအသက်ရှင်စဉ်းစားမှားယွင်းနိုင်တဲ့
ဒါဟာဘဝပါစိတ်ကလွှဲရင်အားလုံးသန့်ပြန့်ပါရဲ့
မှန်တယ်ထင်ရင်ဆက်တွေးပါဇာတာကောင်းရင်သတင်းကောင်းကြားရနိုင်တဲ့
အကူအညီ လိုရင်ယူလိုက်ပါအပြင်ထွက်တွေးရင် အကောင်းပဲကြားရနိုင်တယ်
မစဉ်းစားတတ်ရင်ကျော်လိုက်ပါဒီသီချင်းကိုမင်းလည်းနားညည်းနိုင်ရဲ့
စိတ်ထဲကအတိုင်းဝန်ခံလိုက်ပါငါတို့သွားမယ့်လမ်းမှာ တံတားတွေခင်းထားတယ်
ဒါဟာဘဝပါမြေကြီးနဲ့ကောင်းကင်ကြားကရသလောက်ပါပဲ
ဒါဟာဘဝပါအဖုံးဖွင့်ထားရင်မင်းအကြောင်းမင်းတွေ့နိုင်တဲ့
ဒါဟာဘဝပါမင်းကလွဲရင် လူတိုင်းကရိပ်မိပါရဲ့
ဒါဟာဘဝပါရသလောက်နဲ့ နေရဲဖို့ကြိုးစားနိုင်ရဲ့