Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
အချစ်နဲ့ကျွန်တော်မေတ္တာမျှနေတုန်းပေါ့
လွယ်အိတ်အနီကလေး သူဝယ်ပေးဖူးတယ်
လွယ်အိတ်ကလေးကို ထွေးပွေ့ကာရင်မှာ
စိတ်ကြည်နူးလိုက်တာအကြင်နာရဆုံး မင်းလေးရဲ့စေတနာㅤㅤㅤ
အချစ်နဲ့ကျွန်တော်စိတ်ကောက်နေကြတုန်းပေါ့
နှင်းပန်းပွင့်လေး ကျွန်တော်ပေးဖူးတယ်
စိတ်ကောက်ပြေတော့ သူ့မျက်နှာလေးပြုံးလို့ရယ်ကာ
ချစ်လိုက်တာအခင်တွယ်ရဆုံး မင်းကလေးမျက်နှာကဗျာ
မခွဲဘူးအချစ်ရေ ဪမခွဲဘူးအသက်ရေ
စိန္တေမြတ်ဘုရားဆုပန်ခြွေလို့သာ အလွမ်းပန်းပွင့်တွေ
ဪပေးဆပ်ရင်းသာ အဆင်ပြေကြဆုံး တို့နှစ်ယောက်အချစ်ကမ္ဘာမှာㅤㅤㅤㅤ
ချိန်းတဲ့နေ့မှာချစ်တဲ့သူဆီသွားဖို့လွယ်အိတ်အနီကလေး ပြတ်သောကြိုးနဲ့သာ
ရင်မှာ စိုးရိမ်ကဲလို့သာချစ်တဲ့သူဆီလှမ်းခဲ့ရာ အကြင်နာရဆုံး မင်းကလေးရောက်မလာပါㅤㅤㅤ
ရင်ခွင်ထဲမှာငို ㅤပန်းတွေရှိနေတုန်းပေါ့မြေပြင်ထက်ကို လွှတ်ချမိပြီကွာ
မြေပြင်ထက်မှာ ပန်းမွေ့ယာနှင်းပန်းပွင့်တွေ ကြဲပြန့်ကာ မယုံနိုင်ရဆုံး မင်းပေးတဲ့ဝေဒနာ
နှလုံးသားထဲမှာ အိုမင်းကလေးတစ်ယောက်သာနေရာယူခွင့်ရှိနေတဲ့အခိုက်မှာ
အဝေးဆုံးတစ်ဖက်ကိုပြေးထွက်လို့ခွာ ပြန်မဆုံနိုင်တော့တို့နှစ်ယောက် တစ်ယောက်တစ်နေရာ
(ပြန်မဆုံနိုင်တော့တို့နှစ်ယောက် တစ်ယောက်တစ်နေရာ ) x3