Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ကမ္ဘာမြေပြင်ရဲ့စောင်းကြိုးများပဥ္စသိင်္ခတီးခတ်ပြ
သာယာနာပျော်မဇ္စျိမ (ရှာဖွေကြစို့လမ်းတွေ)
မာန်တွေဂုဏ်တွေတင်းမလားအရာရာကို အလျှော့ပေးသွားမလား
မြေပုံမပါတဲ့တို့ရဲ့ဘဝ (ရှာဖွေကြစို့လမ်းတွေ)
အလယ်အလတ်လမ်းပဲ အစွန်းများလွတ်အောင်သွားကြစို့နော်
အလယ်အလတ်လမ်းပဲ အချစ်ရေသွားစို့နော်
ကမ္ဘာပေါ်မှာ လူသားတို့ရဲ့နေပုံထိုင်ပုံနည်းများထဲ
ပုံစံတွေက အမျိုးမျိုးပဲ (ရှာဖွေကြစို့လမ်းတွေ)
မှန်မှန်ကန်ကန်သွားရင်းတို့လမ်းမှားထဲရောက်ခဲ့တော့
သံစဥ်တွေနဲ့ထိန်းသိမ်းခဲ့ (ရှာဖွေကြစို့လမ်းတွေ)
အလယ်အလတ်လမ်းပဲ အစွန်းများလွတ်အောင်သွားကြစို့နော်
အလယ်အလတ်လမ်းပဲမိတ်ဆွေသွားစို့နော်
အလယ်အလတ်လမ်းပဲ အစွန်းများလွတ်အောင်သွားကြစို့နော်
အလယ်အလတ်လမ်းပဲ အချစ်ရေသွားစို့နော်
လူသတ္တဝါတွေကောင်းကျိုးအတွက်ထာဝစဥ် မှန်ကန်လွန်းလှတဲ့
ကယ်တင်သွန်သင်ဗုဒ္ဓရဲ့ (ရှာဖွေကြစို့လမ်းတွေ)
ကိုယ်တိုင်သင်ယူစောင်းကြိုးများရှင်တော် ရှင်တော်မြတ်ဗုဒ္ဓရဲ့
ပေါ်တော်မူရာမဇ္စျိမ (ရှာဖွေကြစို့လမ်းတွေ)
အလယ်အလတ်လမ်းပဲ အစွန်းများလွတ်အောင်သွားကြစို့နော်
အလယ်အလတ်လမ်းပဲမိတ်ဆွေသွားစို့နော်
အလယ်အလတ်လမ်းပဲ အစွန်းများလွတ်အောင်သွားကြစို့နော်
အလယ်အလတ်လမ်းပဲ အချစ်ရေသွားစို့နော်
အလယ်အလတ်လမ်းပဲ
အချစ်ရေသွားစို့နော်
အလယ်အလတ်လမ်းပဲㅤ
(မဇ္စျိမဒေသကို ပူဇော်ကြမဇ္စျိမဒေသရဲ့တေးသွားများ ) x2
(မြေပြင်ပေါ်မှာ မြေပြင်ပေါ်မှာမြင့်မြတ်လှတဲ့ မဇ္စျိမလေ
လူတွေကို လူတွေကိုလမ်း လမ်း လမ်း အမြဲပြနေ ) x3