Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
စက္ကန့် မိနစ် နာရီတွေကြားမှာ
အားလုံးဟာ အတ္တချည်နှောင်ထား
ကြိုးပေါင်းများစွာပညတ်ချက်များ
လူဆိုတာမျိုးဟာစိတ်ရဲ့လှည့်စားမှု
မောဟအမှောင်ထဲအမှားအယွင်းတွေနဲ့
ဆုံးရှုံးနေဆဲဘဝရဲ့အလင်းရောင်မဲ့နေခဲ့
လောကကြီးဟာမြူမှုန်ငယ် တစ်ခုစာ
အားလုံးဟာ အသေးအမွှားဘယ်သူမှ မပြောပ လောက်ပါ
အတ္တမာန ငါဆိုတဲ့အစွဲဟာ
နှလုံးသားကို အဆိပ်သင့်ရူးသွပ်စေမယ် အတွေးမမှားပါနဲ့
မင်းနဲ့ငါလည်းဘဝက သမုဒ္ဒရာထက် ရေပွက်
မင်းမရှိ ငါမရှိအားလုံးဘယ်သူမှမရှိ
အမြဲရှိတဲ့ မမြဲခြင်းတရားသာရှိㅤㅤㅤㅤㅤㅤ
မင်းမရှိ ငါမရှိအားလုံးဘယ်သူမှမရှိ
မပြောင်းလဲတဲ့ ပြောင်းလဲခြင်းသာရှိㅤㅤㅤㅤㅤㅤ
မင်းမရှိ ငါမရှိအားလုံးဘယ်သူမှမရှိတဲ့
လောကကြီးထဲ ဟေးမိတ်ဆွေ
ခင်ဗျားတို့စဥ်းသားကြည့်ဦး အတ္တဟာ
အမှားအယွင်းများနဲ့ ပြည့်ဝနေပြီလား
:||_ |_ |_ |_ ||:|___ |___ |___ |___ ||_ |_ |
အသွေးအသားများနဲ့ခန္ဓာကိုယ်ထဲမှာ
အားလုံးကိုခွဲစိတ်ဘယ်မှာလဲ မင်းရှိရဲ့လား
ကိုယ့်ရဲ့ကိုယ်မှကိုယ်မပိုင်တဲ့ ဥစ္စာ
ရုပ်ဒြပ်ပစ္စည်းများမင်းတပ်မက်နေမလား
မကြိုးစားပါနဲ့မှားသွားမှာပဲငြိမ်းလို့မရတဲ့မီးလောင်မယ်
ကြီးမြတ်သူဖြစ်ဖြစ်သာမန်လူဖြစ်ဖြစ်
အဆုံးသတ်ချိန်ကျတော့ လူတွေအားလုံး
မီးခိုးနဲ့ပြာမင်းလားငါလားရှာဖွေကြည့်စမ်းပါ
ဓနနဲ့ ငွေများအား ယူသွားလို့ရမလား
အတ္တရမ္မက်များနတ္ထိလူသားအချည်းနှီး လစ်ဟာခြင်း သုည
မင်းမရှိ ငါမရှိအားလုံးဘယ်သူမှမရှိ
အမြဲရှိတဲ့ မမြဲခြင်းတရားသာရှိㅤㅤㅤㅤㅤㅤ
မင်းမရှိ ငါမရှိအားလုံးဘယ်သူမှမရှိ
မပြောင်းလဲတဲ့ ပြောင်းလဲခြင်းသာရှိㅤㅤㅤㅤㅤㅤ
မင်းမရှိ ငါမရှိအားလုံးဘယ်သူမှမရှိတဲ့
လောကကြီးထဲ ဟေးမိတ်ဆွေ
ခင်ဗျားတို့စဥ်းသားကြည့်ဦး အတ္တဟာ
အမှားအယွင်းများနဲ့ ပြည့်ဝနေပြီလား