Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
မနေချင်ဘူး မနေချင်ဘူး နင့်အဝေးမှာ
ငါဟာနင်နဲ့ကိုက်တစ်ရာလောက် အဝေးရောက်တဲ့အချိန်
လွမ်းဖို့ နင်ကအမိန့်ပေးနေသလိုမျိုး ရင်မှာတဖြည်းဖြည်းဆို့တက်လာ
နင်နဲ့မျောဖူးခဲ့တဲ့နေ့စွဲတွေရဲ့ အမြန်လမ်းမှာ
အချစ်လို့ခေါ်တဲ့ ဒီပြဿနာတွေဖြစ်လာခဲ့တာ
ကိန္ဒရီ ကိန္ဒရာ အာဒီ ဧဝရိုမီယို ဂျူးလိယက်တို့ရဲ့ချစ်ခြင်းတွေထက်
ပိုခေတ်မီတဲ့စကားလေးတစ်ခွန်းက မင်းအတွက်သေချာပါတယ်
ဆန်ကုန်မြေလေးမဟုတ် အပင်စိုက်ထားတဲ့လက်တွေနဲ့
နင့်နှလုံးသားတံခါးကိုခေါက်မယ် မင်းလာဖွင့်လှည့်ပါကွယ်
ရင်ဆိုင်စို့ အန္တရာယ်များစွာရှေ့မှာကြုံဆုံလာမယ့်ပြဿနာတွေအားလုံးနားပါ
မှဲ့တစ်ပေါက်တောင်မစွန်းစေရဘူး နင်ယုံကြည်လိုက် ငါပိုင်ထားတဲ့ဘဝတစ်ခုဟာ
သေချာတယ် မင်းတစ်ယောက်တည်းအတွက်ရည်စူးကာ ကျမ်းကျိန်ထားကာ
မျက်လုံးလေးမှိတ်ပြီးကိုယ့်ပုခုံးကိုမှီလိုက်ပါ အချစ်ရာ
ကမ္ဘာမှာအလှဆုံး အနမ်းများနင်တစ်ယောက်တည်းအတွက်ဖြစ်ရမယ် ယုံလိုက်ပါ
မင်းအတွက် အကောင်းဆုံးလက်ဆောင်ဟာငါ့ရဲ့ဘဝပဲ အိုး အိုး
ကိန္ဒရီ ကိန္ဒရာ အာဒီ ဧဝရိုမီယို ဂျူးလိယက်တို့ရဲ့ချစ်ခြင်းတွေထက်
ပိုခေတ်မီတဲ့စကားလေးတစ်ခွန်းက မင်းအတွက်သေချာပါတယ်
ဆန်ကုန်မြေလေးမဟုတ် အပင်စိုက်ထားတဲ့လက်တွေနဲ့
နင့်နှလုံးသားတံခါးကိုခေါက်မယ် မင်းလာဖွင့်လှည့်ပါကွယ်
( ) x2
ချစ်လာခဲ့တာ နင်ဟာသိပ်ပြီးလှလာ ဒီရင်ဘတ်ထဲကနှလုံးသားဟာ
နင်နဲ့မှ တဖြည်းဖြည်းလှုပ်ခတ်သွားတာဟာအချစ်လို့ခေါ်မလား အိုး အိုး
ကိန္ဒရီ ကိန္ဒရာ အာဒီ ဧဝရိုမီယို ဂျူးလိယက်တို့ရဲ့ချစ်ခြင်းတွေထက်
ပိုခေတ်မီတဲ့စကားလေးတစ်ခွန်းက မင်းအတွက်သေချာပါတယ်
ဆန်ကုန်မြေလေးမဟုတ် အပင်စိုက်ထားတဲ့လက်တွေနဲ့
နင့်နှလုံးသားတံခါးကိုခေါက်မယ် မင်းလာဖွင့်လှည့်ပါကွယ်
ကိန္ဒရီ ကိန္ဒရာ အာဒီ ဧဝရိုမီယို ဂျူးလိယက်တို့ရဲ့ချစ်ခြင်းတွေထက်
ပိုခေတ်မီတဲ့စကားလေးတစ်ခွန်းက မင်းအတွက်သေချာပါတယ်
ဆန်ကုန်မြေလေးမဟုတ် အပင်စိုက်ထားတဲ့လက်တွေနဲ့
နင့်နှလုံးသားတံခါးကိုခေါက်မယ် မင်းလာဖွင့်လှည့်ပါကွယ်
မင်းလာဖွင့်လှည့်ပါကွယ်