Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
∆
ဟိုစဉ်အခါက ရှမ်းဘုန်းကြီးတစ်ပါး ကျေးတောရွာ တစ်ရွာသို့ ကြွလာတဲ့အခါ
ဒီရွာနေလူတွေ စကားပြောကြပုံကို သုံးနှုန်းကြပုံကို အသေအချာ လေ့လာ
ဒီမှာ ဒကာကြီး ချောင်းရိုးရဲ့ဟိုဘက် ကမ်းစပ်ကသောင်ပြင် ဘယ်နဲ့ခေါ်သလဲ ဒကာ
မှန်ပါဘုရား ချောင်းရိုးရဲ့ဟိုဘက် ကမ်းစပ်က သောင်ပြင် လတာပြင် ခေါ်ပါ့ ဘုရား
∆∆
ဒီမှာ ဒကာ ချောင်းရိုး ဟိုဘက်ကမ်းမှာ အပင်တွေကို များများပေါက်လို့နေ
မှန်ပါဘုရား အဲ့ဒါ လမုတောပါ တကယ်ပဲ အများကြီး ပေါက်လို့နေ
∆
ထိုစဉ်အခါ ချောင်းရိုးမှာ ခွေးသေကောင် မျောလို့ပါ
ခွေးသေကောင်ပေါ်က အသားစားတဲ့ ငှက်ကြီး ဘယ်နဲ့ ခေါ်သလဲ ဒကာ
မှန်ပါဘုရား ခွေးသေကောင်ပေါ်က အသားစားတဲ့ ငှက်ကြီး လဒကြီးပါ
∆∆
ထိုစဉ်အခါ ဘုန်းဘုန်း ဒီလိုတွေးလာ ဒီရွာနေလူတွေ စကားပြောကြရင်
လဆိုတဲ့ အက္ခရာရှေ့ထားကာ တကယ်ပဲ သုံးနှုန်းတတ်ကြတယ်
∆
ထိုစဉ်အခါ ဘုန်းဘုန်းမှာ ဆွမ်းစားချိန် နီးလို့လာ
ဆွမ်းစာချိန်တန်တော့ ဘုန်းဘုန်းရဲ့စကား နားထောင်ကြည့်ပါ
ဒီမှာ လဒကာ လမွန်း တည့်တော့မယ် လကွာ လဆွမ်းကပ်တော့ လကွာ လဒကာကြီးရာ
∆
ဒီမှာ လဒကာ လမွန်း တည့်တော့မယ် လကွာ လဆွမ်းကပ်တော့ လကွာ လဒကာကြီးရာ
ဒီမှာ လဒကာ လမွန်း တည့်တော့မယ် လကွာ လဆွမ်းကပ်တော့ လကွာ လဒကာကြီးရာ
ဒီမှာ လဒကာ လမွန်း တည့်တော့မယ် လကွာ လဆွမ်းကပ်တော့ လကွာ လဒကာကြီးရာ