Watch on YouTube
Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
ငယ်ရွယ်စဉ်အချိန် ဟိုအဝေးက ပြန်မြင်ယောင်တယ် အရင်အတိတ်ဘဝအိပ်မက်
ပုံပြင်ဆန်တဲ့မြို့လေးထဲရင်ခုန်သံတွေသင်ကြားရင်းလျှောက်ခဲ့
နှင်းများကျနေတဲ့လမ်းထဲ ကလေးလေးတစ်ယောက်အပူအပင်မဲ့
အဝေးကအစိမ်းရောင်မြက်ခင်းထဲကြီးပြင်းရင်းနဲ့
ဒဏ္ဍာရီလိုစိတ်ကူးများပီပြင်လာမယ် ယုံစားတတ်တဲ့ဘဝ
လွင်ပြင်ကျယ်ရဲ့တဖက်စွန်းကဘယ်လိုနေမယ်ငါမသိရ အတွေးများ
ကလေးလေးတစ်ယောက်ရဲ့စိတ်ကူးနဲ့စဉ်းစားလိုက်မမှီအဖြေမရှိ
အတွေးလေးထဲမျှော်ကြည့်ဆဲစူးစမ်းစိတ်က
မိုးကုတ်စက်ဝိုင်းရဲ့ ဟိုးအစွန်းတစ်ဖက်မှာဘာတွေရှိမယ်
မိုးကုတ်စက်ဝိုင်းရဲ့ ဟိုးအစွန်းတစ်ဖက်မှာဘာတွေရှိမယ်
လွင်ပြင်ကျယ် ဟိုတစ်ဖက်အစွန်းကဒဏ္ဍာရီပုံပြင်ထဲကစံပျော်ရာဘုံဆောင်နန်းများ
ယုံကြည်ရာ ရှာဖွေဆဲပါအချိန်တွေကြာ ခြေကုန်လက်ပန်းကျအိမ်ကိုပြန်မယ် ငါစိတ်ကူးမှာ
အမှောင်ဝင်နေပြီ ငါတစ်ယောက်တည်းလမ်းပျောက်နေပြီ
အစိမ်းရောင်မြက်ခင်းများဟိုး ဟိုး အဝေးမှာကျန်နေပြီ
( ) x2
( ) X3
ဒဏ္ဍာရီလိုစိတ်ကူးများ ပီပြင်လာမယ် ယုံစားတတ်တဲ့ဘဝ
လွင်ပြင်ကျယ်ရဲ့တဖက်စွန်းကဘယ်လိုနေမယ်ငါမသိရ အတွေးများ
ကလေးလေးတစ်ယောက်ရဲ့စိတ်ကူးနဲ့စဉ်းစားလိုက်မမှီအဖြေမရှိ
အတွေးလေးထဲမျှော်ကြည့်ဆဲစူးစမ်းစိတ်က
( ) x2