Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
အဖေနင်းဖြတ်ခဲ့တဲ့ ဘဝရဲ့ဆူးတော့အပြည့်နဲ့လမ်းထဲ
အဖေပေးသွားခဲ့တဲ့ မြေပုံလမ်းပြ Compass လေးနဲ့
ရှည်လျားလွန်းလှတဲ့လောကတောနက်ထဲကျွန်တော်ရောက်နေပြီအဖေ
သင်ကြားသွားခဲ့တဲ့ အဖေ့ရဲ့စကားသင်ခန်းစာများလည်း
အဖေမရှိတော့တဲ့နောက်မှအထပ်ထပ်တွေးခေါ်ရင်းနဲ့
တန်ဖိုးတွေနားလည်ခဲ့ပြီအခွင့်ရှိသေးရင်ကြားချင်တယ်အဖေ
ဟူးအဖေမရှိတော့တဲ့နောက်
ဟူးလူလားမြောက်တဲ့နောက်
သုံညဘဝကစလို့ ရုန်းကန်မြှင့်တင်ပေးခဲ့
ရင်ကော့ခေါင်းမော့လို့ သေမလောက်ဆိုးတဲ့ လောကဓံတရားလည်း
ဖြေရှင်းတိုက်ခိုက်ခဲ့ အဖေ့ရဲ့သတ္တိသွေး ကျွန်တော်ရှိချင်တယ်အဖေ
အဖေထွန်းညှိခဲ့တဲ့ အမှောင်ကိုခွင်းမယ့်လမ်းပြမီးနဲ့
အဖေအိပ်မက်ခဲ့တဲ့အနာဂတ် လောကအကျိုးသယ်ပိုးမယ့်
ကျွန်တော့်ကိုယ်ထဲမှာလှည့်ပတ် အဖေ့ရဲ့သွေးတွေရဲပါတယ်အဖေ
ဟူးအဖေမရှိတော့တဲ့နောက်
ဟူးလူလားမြောက်တဲ့နောက်
လှိုင်းထန်လေထဲမျောတဲ့အခါအထီးကျန်လာတိုင်းအတွေးထဲမှာ
အမြဲမြင်ယောင်တမ်းတမိတယ်အဖေ
ဘဝဒဏ်ချက်များအိပ်မက်မှာမျက်ရည်တွေစို့ရတဲ့အခါ
အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ㅤㅤㅤ
ဒုက္ခတွေထည်လဲတွေ့တဲ့အခါအခြားသူမရှိဘူးကျွန်တော့်အတွေးမှာ
အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ㅤㅤㅤㅤ
အဖေနင်းဖြတ်ခဲ့တဲ့ ဘဝရဲ့ဆူးတော့အပြည့်နဲ့လမ်းထဲ
အဖေပေးသွားခဲ့တဲ့ မြေပုံလမ်းပြ Compass လေးနဲ့
ရှည်လျားလွန်းလှတဲ့လောကတောနက်ထဲကျွန်တော်ရောက်နေပြီအဖေ
သုံညဘဝကစလို့ ရုန်းကန်မြှင့်တင်ပေးခဲ့
ရင်ကော့ခေါင်းမော့လို့ သေမလောက်ဆိုးတဲ့ လောကဓံတရားလည်း
ဖြေရှင်းတိုက်ခိုက်ခဲ့ အဖေ့ရဲ့သတ္တိသွေး ကျွန်တော်ရှိချင်တယ်အㅤဖေ
ဟူးအဖေမရှိတော့တဲ့နောက်
ဟူးလူလားမြောက်တဲ့နောက်
လှိုင်းထန်လေထဲမျောတဲ့အခါအထီးကျန်လာတိုင်းအတွေးထဲမှာ
အမြဲမြင်ယောင်တမ်းတမိတယ်အဖေ
ဘဝဒဏ်ချက်များအိပ်မက်မှာမျက်ရည်တွေစို့ရတဲ့အခါ
အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ㅤㅤㅤ
ဒုက္ခတွေထည်လဲတွေ့တဲ့အခါအခြားသူမရှိဘူးကျွန်တော့်အတွေးမှာ
အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ㅤㅤㅤㅤ
လှိုင်းထန်လေထဲမျောတဲ့အခါအထီးကျန်လာတိုင်းအတွေးထဲမှာ
အမြဲမြင်ယောင်တမ်းတမိတယ်အဖေ
ဘဝဒဏ်ချက်များအိပ်မက်မှာမျက်ရည်တွေစို့ရတဲ့အခါ
အမြဲမြင်ယောင်တမ်းတမိတယ်အဖေㅤㅤㅤ
ဒုက္ခတွေထည်လဲတွေ့တဲ့အခါအခြားသူမရှိဘူးကျွန်တော့်အတွေးမှာ
အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ㅤㅤㅤㅤ