Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
𝄞
ငယ်ငယ် တုန်း ကတည်းက စာဆိုလည်း စိတ်မပါ
လူရည်ချွန်ဆိုတာ ဖြစ်ဖို့ဝေးပြီလေ...
သူ ငယ် တန်း လဲ ကျ အိမ်မှာလဲ ဂွစာ
တနေကုန် ထိုင်ငိုတောင် မုန့်ဖိုးမရတဲ့ ကောင်လေး...
𝄞
စိတ်... ပူစရာ မလိုပါဘူး ဘဝ... ဆိုတာ ဒီအတိုင်းပဲ
လူသူမသိ ပိုက်ဆံမရှိတဲ့ အတန်းထဲက ကောင် လေး...
နေ့...လည်စာ အိမ်ပြန်စားပြီး စာသင်ခန်း... ပြန်ရောက်တဲ့အခါ
ငါဟာ အခန်းရဲ့ နောက်ခုံတန်းရဲ့ အောက်မှာ
ငုတ် တုတ် ကလေး မှိုင် အိပ် ငိုက် မိ ချိန်...
𝄞
အတန်း ပိုင် ဆရာမရဲ့ ရွှေကြိမ်လုံး ခစားရပြီ
ဒီ ကနေ့ ရုံးခန်း မရောက်လို့ တော်သေး...
𝄞
Chords
လာ့လာလာလား လာလာလား လာလားလာ့လာ
လာလာလား လားလာ့လာလား
လားလားလား လာလာ လာ့လာလာလား
လာလာလား လာလားလာ့လာ
လာလာလား လာလာလား လာလား...
𝄞
ဒီ လို နဲ့ ကလေးဘဝ ကျော်လွန်ကာ ဖြတ်သန်းခဲ့တာ
နေရာစုံ လူစုံ ပေါင်းသင်းတတ်ပြီလေ...
ဒါပေမယ့် ခဏ ခဏ ခင်လူလည်တွေ မြို့ကြီးထဲမှာ
ဒီလူဟာ မကြာ မကြာ အသဲကွဲရပြန်တယ်...
𝄞
စိတ်...ပူစရာ မလိုပါဘူး ဘဝ... ဆိုတာ ဒီအတိုင်းပဲ
ကြင်သူမရှိ ပိုက်ဆံမရှိတဲ့ မြို့ပြက ကောင် လေး...
အရက် ဆိုင်မှာ ထိုင်နေရင်း ဟိုဟို ဒီဒီ လျှောက်ငေးမိချိန်
ငါ ဆိုင်ခန်းရဲ့ ထောင့် မှုန်ပြာပြာ မီးအောက်
တစ်ခွက် ပြီး တခွက် ငါ သောက် လိုက် မိ ချိန်...
𝄞
ပိုက် ဆံ မပါပဲနဲ့ ဘုံဆိုင် ထိုင်လိုက်မိပြီ
ဆိုင်ရှင်ကြီး အကြွေးရောင်းပေးလို့ တော်သေး...
𝄞
Chords
လာ့လာလာလား လာလာလား လာလားလာ့လာ
လာလာလား လားလာ့လာလား
လားလားလား လာလာ လာ့လာလာလား
လာလာလား လာလားလာ့လာ
လာလာလား လာလာလား လာလား...
𝄞
ဒီ လို နဲ့ အသက်တွေရ ဒီ ဝန်ထမ်း လ စာ
ခြွေတာကာ ဖွေရှာ စုဆောင်းရ ပြန်တယ်...
တ သက် လုံး သိမ်းလာသမျှ ပိုင်ဆိုင်တာတွေ ဝေမျှဖို့ရာ
လူပျိုကြီး အပေါင်းအသင်း မရှိလို့ တော်... သေး...