Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Set an original key first
( )2
𝄞
အခုတလောငါ အဟောင်းတွေ တွေးမိငေးတယ် အရင်တစ်ပတ်က နင့်ကို တွေ့လိုက်ပါတယ်
လက်ချင်းချိတ်ထားတာ ဘယ်သူလဲကွယ် သူငယ်ချင်း တစ်ယောက် ပြောပါတယ် နင့်ချစ်သူတဲ့
𝄞𝄞
ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ တစ်ယောက်တည်းမို့ပါ နှစ်ယောက်မရှိတဲ့ နင့်ကိုငါလွမ်း
မပြောင်းလဲပါ ငိုမိသွားတယ် နင့်အကြောင်းတွေးကာ ဘယ်သူသိမလဲကွယ်
အခန်းထောင့်မှာ ငါ အလိုမကျတဲ့ နင့်ဓာတ်ပုံတွေ ချိတ်ထားတယ် အချစ်ရယ် အချစ်ရယ်
𝄞
အရင်ကလို ပန်းတွေ စိုက်လို့နေမယ် ရောင်ခြည်မရတဲ့ ပန်းတွေ မွဲခြောက်နေတယ်
လက်ချင်း ချိတ်ထားတာ နင့်ချစ်သူတဲ့ ဟယ် အဖြေမရတဲ့ ပုစ္ဆာဟာ ခက်လို့ နေသတဲ့
𝄞𝄞
စီးကရက်ဖွာရင်း သီချင်းတွေ ရေးရင်ငါ ဂီတာတစ်လက်နဲ့ လမ်းညွှန်စာအုပ် မပါလည်း နင့်ဆီရောက်အောင် ငါလေ ပြေးမယ်
မပြောင်းလဲပါ ငိုမိသွားတယ် နင့်အကြောင်းတွေးကာ ဘယ်သူသိမလဲကွယ်
အခန်းထောင့်မှာ ငါ အလိုမကျတဲ့ နင့်ဓာတ်ပုံတွေ အပြည့်ပဲကွယ် အချစ်ရယ် အချစ်ရယ်
𝄞
အခုတလောငါ အဟောင်းတွေ တွေးမိငေး အရင်တစ်ပတ်က နင့်ကို တွေ့လိုက်ပါတယ်
လက်ချင်းချိတ် ထားတာ နင့်ချစ်သူပဲဟယ် အဖြေမရတဲ့ ပုစ္ဆာဟာ သိပ်ခက်ပါတယ်
𝄞𝄞
ပြောင်းလဲနေတဲ့ ဂြိုလ်ကြီး တစ်လုံးမှာ တစ်ယောက်တည်းမို့ပါ နှစ်ယောက်မရှိတဲ့ နင့်ကိုငါလွမ်း
မပြောင်းလဲပါ ငိုမိသွားတယ် နင့်အကြောင်းတွေးကာ ဘယ်သူသိမလဲကွယ်
အခန်းထောင့်မှာ ငါ သိပ်မုန်းတဲ့ နင့်ဓာတ်ပုံတွေ ချိတ်ထားတယ် အချစ်ရယ် အချစ်ရယ်