Controls
Display, spacing, and layout
Original key
Re-anchor the chords to the key you actually play in.
Play as
Pick the shapes you want to finger; the capo follows.
အိမ်ကိုအစောကြီး ပြန်ရောက်တဲ့နေ့
အိမ်ရှေ့ဝင်းတံခါးဝ ကားတစ်စီးတွေ့
အိမ်ကိုဝင်ထွက်တတ်တဲ့ ကျောင်းတုန်းက သူငယ်ချင်းဟေ့
ဒီကောင် ငါနောက်လိုက်ဦးမယ် တိတ်တိတ်ကလေး
အိမ်ရှေ့ခန်းထဲမှာ ဘယ်သူမှမရှိ
ကော်ဖီအေးစက်တစ်ခွက် ငါတွေ့သည်
လူလာရင် စကားများတဲ့ မိန်းမရဲ့အသံလည်းမကြား
ဘယ်ရောက်သွားလဲ တွေးကာ လိုက်လို့ရှာ
အိမ်နောက်ဖေးဘက်မှာ ရှိကြလား
ဒီလိုအတွေးမျိုးနဲ့ အိမ်ထဲအလာ
အပေါ်ထပ်အခန်းထဲက အမှတ်တမဲ့ ငါ့နားမှာ
ရယ်သံတိုးတိုးလေး ငါသဲ့သဲ့ကြား
ဒီအသံနားကြားများ ငါလွဲရော့သလား
ခြေဖော့နင်းရင်း ရောက်ခဲ့အိပ်ခန်းဝ
တော်တော်ကို ရှင်းလင်းတဲ့ မျက်စိရှေ့မြင်ကွင်းမှာ
ငါဟာမတ်တပ်ကြီးနဲ့ လေးမိနစ်ကြာ
လူသူလေးပါး ကြားမကောင်းပါ
ဘာမှပြောဖို့လည်း မလိုတော့ပါ
လူယုံဝင်သတ်ခဲ့လို့ မတ်တပ်နဲ့သေခဲ့သည်
ငါနောက်ဆုံးပြောမယ် Set me free
V6 (Key Changed to E)
ငါပြန်ထွက်မှ သူတို့လှမ်းတွေ့
ဘာကိုမှ ယောက်ယက်ခတ်ဖို့ မလိုဘူးဟေ့
ငိုသံနဲ့ရှင်းပြမယ့် မိန်းမက အဝတ်အစားမပါ
Opera လက်ခုပ်အတီးမှာ ပွဲပြီးသွား